စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ ငွေကျပ် ၁၈၇ ဒသမ ၅ သိန်းတန်ဖိုးရှိ ဘိန်းစိမ်းများ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၌ ငွေကျပ် ၁၈၇ ဒသမ ၅ သိန်းတန်ဖိုးရှိ ဘိန်းစိမ်းများ ဖမ်းဆီးရမိ


Ministry of Home Affairs/ နေပြည်တော် / March 11, 2026
ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိသည့် ဘိန်းစိမ်းများနှင့်အတူ တွေ့ရစဉ်။


     ၂၀၂၆ ခုနှစ်၊ မတ် ၇ ရက် ညနေ ၄ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ စစ်ကိုင်း တိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ တကောင်းရပ်ကွက်၌ မန္တလေး-မြစ်ကြီးနားပြေးဆွဲသည့် NISSAN AD VAN ခရီးသည်တင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ တပ်ကုန်းမြို့နယ်၊ ဆုံတည်ပင်ကျေးရွာ နေသူများဖြစ်ကြသည့် အောင်ဇော်မိုး(၃၂)နှစ်နှင့် နိုင်လင်း(၃၃)နှစ်တို့အား ၎င်းတို့ သယ်ဆောင်လာသည့် ဘိန်းစိမ်း ၁၂ ဒသမ ၅ ကီလို(တစ်ကီလိုလျှင် ငွေကျပ် ၁၅ သိန်းနှုန်းဖြင့် ၎င်းဒေသကာလတန်ဖိုး ငွေကျပ် ၁၈၇ ဒသမ ၅ သိန်း)နှင့်အတူ ဖမ်းဆီးရမိသဖြင့် အောင်ဇော်မိုးနှင့် နိုင်လင်းတို့ နှစ်ဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စ​နေနေ့။


Posted on Apr 04, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း