စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ ဖမ်းဆီးအရေးယူ
စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ ဖမ်းဆီးအရေးယူ
Ministry of Home Affairs/ နေပြည်တော် / May 15, 2026
၂၀၂၆ ခုနှစ်၊ မေ ၁၃ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် မော်တော် ဆိုင်ကယ်များ ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၁၃ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ မန္တလေး-မုံရွာသွား ကားလမ်းပေါ်၌ စစ်ကိုင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်နေ နိုင်လင်းထွန်း(၄၃)နှစ် မောင်းနှင်လာသည့် MDY-5/RLG-XXXX NISSAN AD VAN မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါမော်တော်ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံ တစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ မော်တော်ယာဉ်ဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် နိုင်လင်းထွန်း အား စစ်ကိုင်းမြို့မရဲစခန်း (ပ)၁၃၉/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပ ဒေပုဒ်မ ၈ ဖြင့် လည်းကောင်း။
အလားတူ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက ပြင်ဦးလွင်-မန္တလေးအဆင်းကားလမ်း မိုင်တိုင်အမှတ် ၂၉ မိုင် ၅ ဖာလုံအနီး၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ပြင်ဦးလွင်မြို့မှ မန္တလေးမြို့ဘက်သို့ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ နယ်၊ တံတားဦးလေးကျေးရွာနေ ကျော်မင်းထွန်း(၃၃)နှစ် မောင်းနှင်လာသည့် GT-TOURINC(EV) V-72 ဆိုင်ကယ်၊ တစ်ရွာတည်းနေ စည်သူအောင်(၂၆)နှစ် မောင်းနှင်လာသည့် DAYANG 110 ဆိုင်ကယ်၊ လက်ပံကျေးရွာနေ ပြည့်ကြီး(၃၀)နှစ် မောင်းနှင်လာသည့် SHARK(EV) V-72 ဆိုင်ကယ်နှင့် တစ်ရွာတည်းနေ မောင်မောင်ဌေး(၅၀) နှစ် မောင်းနှင်လာသည့် LUOJIA 110 ဆိုင်ကယ်တို့အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါမော်တော်ဆိုင်ကယ်များနှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြ သနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် ကျော်မင်းထွန်း၊ စည်သူအောင်၊ ပြည့်ကြီးနှင့် မောင်မောင်ဌေးတို့ လေးဦးအား ပြင်စာနယ်မြေရဲစခန်း၌ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း။
အလားတူ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရေနီမြို့၊ အမှတ်(၂)ရပ်ကွက် ကားလမ်းပေါ်၌ ရေနီနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ရန်ကုန်မြို့မှ မန္တလေးမြို့ဘက်သို့ ရေတာရှည်မြို့နယ်၊ မြို့လှမြို့၊ အမှတ်(၄)ရပ်ကွက်နေ သန့်ဇင်ကို(ခ)ကိုတူး(၂၅)နှစ် မောင်းနှင်လာသော NEWZHINENG 110 ဆိုင်ကယ်အား စစ်ဆေးခဲ့ရာ အဆိုပါမော်တော်ဆိုင်ကယ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်ဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် သန့်ဇင်ကို(ခ)ကိုတူး အား ရေနီနယ်မြေရဲစခန်း (ပ)၇/၂၀၂၆၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT) အစီအစဉ် အသိပေး နှိုးဆော်ခြင်း
Posted on May 14, 2026ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT)အစီအစဉ် အသိပေးနှိုးဆော်ခြင်း
လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ် အသိပေးနှိုးဆော်ခြင်း
Posted on May 14, 2026လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ် အသိပေးနှိုးဆော်ခြင်း
အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ်တာဝန် ပေးအပ်ခြင်း
Posted on May 14, 2026အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ပေးအပ်ခြင်း
