စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးရမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးရမိ


Ministry of Home Affairs/ နေပြည်တော် / July 18, 2025


     ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၅ ရက်နှင့် ၁၆ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

     ဖြစ်စဉ်မှာ ဇူလိုင် ၁၅ ရက် ညနေ ၆ နာရီ ၄၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဇင်ကျေးရွာရှိ ကံတလူစစ်ဆေးရေးဂိတ်၌ စစ်ကိုင်းခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် စစ်ကိုင်းမြို့ဘက်မှ အရာတော်မြို့ဘက်သို့ စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ မကျီးကန်ကျေးရွာနေ ထွန်းထွန်းနိုင် (၃၈)နှစ် မောင်းနှင်လာသည့် YGN-13/7G-XXXX NISSAN AD VAN မော်တော်ယာဉ်အား လည်းကောင်း။

     အလားတူ ဇူလိုင် ၁၆ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ တကောင်းရပ်ကွက်ရှိ ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ် ၌ စစ်ကိုင်းခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မန္တလေးဘက်မှ စစ်ကိုင်းမြို့ဘက်သို့ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ကျွဲဇင်းကျေးရွာနေ ထွန်းမြင့်ထွန်း(၃၆)နှစ် မောင်းနှင်သည့် YGN-33/4F-XXXX TOYOTA LANDCRUISER မော်တော်ယာဉ်အား လည်း ကောင်း။

     ထို့အတူ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ကြောင်ငယ်ရပ်ကွက်၊ ကုန်းမြင့်သာယာလမ်းနေ သန့်ဇင်စိုး(၂၃)နှစ်၏ နေအိမ်အား သတင်းအရ မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ သန့်ဇင်စိုးအား ၎င်း၏နေအိမ်၌ YGN-44/6P-XXXX HONDA FIT မော်တော်ယာဉ် တစ်စီးနှင့် YGN-22/1J-XXXX CROWN မော်တော်ယာဉ် တစ်စီးတို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး အဆိုပါယာဉ်များနှင့်ပတ်သက်သည့် အထောက် အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ်များဖြစ်ကြောင်း သိရှိရသဖြင့် ထွန်းထွန်းနိုင်၊ ထွန်းမြင့်ထွန်းနှင့် သန့်ဇင်စိုးတို့ သုံးဦးအား သက်ဆိုင်ရာရဲစခန်းအသီးသီး၌ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၀ ရက်၊ ဇူလိုင် ၁၉ ရက်၊ စနေနေ့။


Posted on Jul 19, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက်၊ ဇူလိုင် ၁၈ ရက်၊ သောကြာနေ့။


Posted on Jul 18, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၈ ရက်၊ ဇူလိုင် ၁၇ ရက်၊ ကြာသပတေးနေ့။


Posted on Jul 17, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်၊ ဇူလိုင် ၁၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 16, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၆ ရက်၊ ဇူလိုင် ၁၅ ရက်၊ အင်္ဂါနေ့။


Posted on Jul 14, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၅ ရက်၊ ဇူလိုင် ၁၄ ရက်၊ တနင်္လာနေ့။


Posted on Jul 13, 2025
AnnouncementsExplore more >

ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း

Posted on Jul 19, 2025

၁။ ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရတနာဒီပရပ်ကွက်၊ ကြာအင်းတောင်ပေါ်လမ်း၊ အိမ်အမှတ် [၉/၃၄(A)] တွင် ပါတီရုံးချုပ်တည်ရှိသော ပအိုဝ်းအမျိုးသားညီညွတ်ရေးပါတီက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၅ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် ၁၅-၇-၂၀၂၅ ရက်နေ့တွင် လျှောက်ထားလာပါသည်။ ယင်းသို့လျှောက်ထားရာတွင် ပါတီအမည်၊ အလံနှင့်တံဆိပ်တို့ကို ဖော်ပြပါအတိုင်း အသုံးပြုမည်ဖြစ်ကြောင်း တင်ပြလာပါသည်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်

Posted on Jul 18, 2025

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်

ငွေကြေးအရင်းအနှီး လိုအပ်နေသော ဆီစက်ပိုင်ရှင်များသို့ အသိပေးကြေညာချက်

Posted on Jul 18, 2025

ငွေကြေးအရင်းအနှီး လိုအပ်နေသော ဆီစက်ပိုင်ရှင်များသို့ အသိပေးကြေညာချက်