စစ်ကိုင်းမြို့တွင် ငလျင်ဒဏ်သင့် ဝန်ထမ်းများနှင့် မိသားစုဝင်များအား စားရေရိက္ခာ(၅)မျိုးအတွက် ထောက်ပံ့ငွေများ ပေးအပ်
စစ်ကိုင်းမြို့တွင် ငလျင်ဒဏ်သင့် ဝန်ထမ်းများနှင့် မိသားစုဝင်များအား စားရေရိက္ခာ(၅)မျိုးအတွက် ထောက်ပံ့ငွေများ ပေးအပ်
Ministry of Information/ Naypyitaw / July 15, 2025
နေပြည်တော် ဇူလိုင် ၁၅
စစ်ကိုင်းမြို့အတွင်းရှိ ငလျင်ဒဏ်သင့်ဝန်ထမ်းများနှင့် မိသားစုဝင်များအား စားရေရိက္ခာ(၅)မျိုးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့သည့် ထောက်ပံ့ငွေများပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ နှစ်(၇၀၀)အားကစားကွင်း၊ အားကစားခန်းမ၌ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံက အဖွင့်အမှာစကားပြောကြားပြီး ငလျင်ဒဏ်ခံစားခဲ့ရသည့် စစ်ကိုင်းမြို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာနမှဝန်ထမ်းနှင့် မိသားစုဝင်များအတွက် ထောက်ပံ့ငွေများကို တာဝန်ရှိသူများထံပေးအပ်သည်။ ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ငလျင်ဒဏ်ခံစားခဲ့ရသည့် ဝန်ကြီးဌာနအသီးသီးနှင့် ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုဝင်များအတွက် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ကြသည်။
ယနေ့ကျင်းပပြုလုပ်သော ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် မိသားစုဝင်များအား စားရေရိက္ခာ(၅)မျိုး ထောက်ပံ့ပေးအပ်ပွဲတွင် စစ်ကိုင်းမြို့ရှိဝန်ထမ်းနှင့် မိသားစုဝင် ၆၀၀၇ ဦးအတွက် ထောက်ပံငွေ ၄၇၀,၃၄၈,၁၀၀ ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
အာကာသသိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်ဥပဒေပြဋ္ဌာန်း
Posted on Mar 15, 2026အာကာသသိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်ဥပဒေပြဋ္ဌာန်း
အများပြည်သူသို့ အသိပေးကြေညာခြင်း
Posted on Mar 13, 2026နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
Posted on Mar 12, 2026နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
