စစ်ကိုင်းမြို့တွင် ငွေကျပ် ၁၅ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၅၇ ကီလိုကျော်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းကျော် ဖမ်းဆီးရမိ

စစ်ကိုင်းမြို့တွင် ငွေကျပ် ၁၅ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၅၇ ကီလိုကျော်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းကျော် ဖမ်းဆီးရမိ


Ministry of Information/ Naypyitaw / December 16, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၁၆

လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၆ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် စစ်ကိုင်းမြို့၊ ရွာထောင်(မီးရထား)ရပ်ကွက်၊ ဈေးလမ်းရှိ စိုးလွင်၏ နေအိမ်အား သတင်းအရ ဝင်ရောက်ရှာဖွေရာ နေအိမ်မှ စိုးလွင်နှင့် မခင်ဆွေမြင့်တို့ ၂ ဦးအား ဘိန်းဖြူ ၁၈ ဒသမ ၃၁၅ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး အဆိုပါနေအိမ်ခြံဝင်းအတွင်း ရပ်တန့်ထားသည့် HYUNDAI PORTER II ယာဉ်နှင့်အတူ မိုးမင်းစံနှင့် မျိုးသူရတို့ ၂ ဦးအား ဘိန်းဖြူ ၂၅ ဒသမ ၇၄ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၆၅ သိန်းအားလည်းကောင်း၊ အလားတူ TOWNACE LIGHT TRUCK ယာဉ်နှင့်အတူ ချစ်ကိုကိုနိုင်နှင့် ခင်မောင်ဇော်တို့ ၂ ဦးအား ဘိန်းဖြူ ၁၃ ဒသမ ၈၆ ကီလိုနှင့် စိတ်ကြွရူးသွပ် ဆေးပြား ၃၇ ဒသမ ၀၅ သိန်းအားလည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း၊ ဖမ်းဆီးရမိမှုဖြစ်စဉ်တွင် စုစုပေါင်းဘိန်းဖြူ ၅၇ ဒသမ ၉၁၅ ကီလို(၎င်းဒေသတန်ဖိုးငွေကျပ် ၂ ဒသမ ၈၉၅၇၅ ဘီလီယံ)နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၅ ဒသမ ၇ သန်း(၎င်းဒေသတန်ဖိုးငွေကျပ် ၁၂ ဒသမ ၆၇၅၁ ဘီလီယံ) တို့အား သိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်း ၁၅ ဒသမ ၅၇ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများအား ဖမ်းဆီးရမိခဲ့ပါသည်။

ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်များအရ ဥတ္တရသီရိမြို့ နယ်၊ ကျွဲရှင်းကျေးရွာနေ ဘုန်းမြတ်စံ (ခ)သားငယ်(ဖမ်းဆီးရန်ကျန်)နှင့် ချမ်းမြသာစည်မြို့နယ်နေ အောင်နိုင်(ခ)ဖက်တီး (ဖမ်းဆီးရန်ကျန်) တို့၏ အစီအမံဖြင့် ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်နေ တာဝန်ခံသယ်ဆောင်သူ ထွန်းထွန်းနိုင် (ဖမ်းဆီးရန်ကျန်)သည် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်မှ စစ်ကိုင်းတိုင်းဒေသကြီးသို့ တစ်ဆင့်သယ်ဆောင်ပြီး မန္တလေးမြို့သို့ ဆက်လက်သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်းနှင့် ၎င်းတို့၏ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက် အရေးယူဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။