စစ်ကိုင်းမြို့နယ်၌ ကုလားပဲဧက ၂၆၀၀၀ ကျော်စိုက်ပျိုးနိုင်ခဲ့ပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိ
စစ်ကိုင်းမြို့နယ်၌ ကုလားပဲဧက ၂၆၀၀၀ ကျော်စိုက်ပျိုးနိုင်ခဲ့ပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိ
Ministry of Information/ Naypyitaw / February 21, 2025

စစ်ကိုင်း ဖေဖော်ဝါရီ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်၌ ၂၀၂၄ - ၂၀၂၅ ခုနှစ် ကုလားပဲသီးနှံစိုက်ပျိုးရာသီ၌ ယခင်နှစ်က ၂၆၉၀၉ ဧကစိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ်တွင် ၂၆၉၁၁ ဧက စိုက်ပျိုးနိုင်ခဲ့ရာ ယခင်နှစ်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ဒေသနှင့်ကိုက်ညီသော အထွက်ကောင်းမျိုးများ ပြောင်းလဲသုံးစွဲနိုင်ရေး၊ စိုက်စနစ်မှန်ကန်ရေး၊ ပိုးမွှား၊ ရောဂါကြိုတင်ကာကွယ် နိုင်စေရန်အတွက် ကွင်းဝန်ထမ်းများမှတစ်ဆင့် နည်းပညာပေးလျက်ရှိပါတယ်” ဟု မြို့နယ်ဦးစီးမှူး ဦးမျိုးသန့်အောင်ကပြောသည်။
“ကုလားပဲသီးနှံကို စပါးအပြီး လယ်သီးထပ်အနေနဲ့လည်းစိုက်ပျိုးကြပါတယ်။ ဒီနှစ်က စိုက်ချိန်ကလည်း ရာသီအစိုဓာတ်မီသွားတော့ ကုလားပဲခင်းတွေ အလားအလာကောင်းပါတယ်။ ဖူးပန်းဝင်ချိန် အပင် ပြုစုနည်းတွေနဲ့ ပိုးမွှားရောဂါကြိုတင်ကာကွယ်နည်းတွေ၊ မျိုးစေ့မချမီ မျိုးစေ့စီရင်နည်းစနစ်တွေပါ ဆက်တိုက်ပညာပေးခဲ့ပါတယ်” ဟု ကွင်းတာဝန်ခံက ပြောကြားသည်။
ကုလားပဲသီးနှံကို ကျေးရွာအုပ်စု ၆၅ အုပ်စုတွင် စိုက်ပျိုးလျက်ရှိပြီး ယခင်နှစ် ကာလတူစိုက်ဧကထက် ပိုတိုးလာကြောင်း သိရသည်။
ဇော်မြင့်နိုင် (ပြန်/ဆက်)
၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက်၊ ဖေဖော်ဝါရီ ၂၁ ရက် ၊သောကြာနေ့။
Posted on Feb 21, 2025
၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက်၊ ဖေဖော်ဝါရီ ၂၀ ရက် ၊ကြာသာပတေးနေ့။
Posted on Feb 20, 2025
၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက်၊ ဖေဖော်ဝါရီ ၁၉ ရက် ၊ဗုဒ္ဓဟူးနေ့။
Posted on Feb 18, 2025
၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက်၊ ဖေဖော်ဝါရီ ၁၈ ရက် ၊အင်္ဂါနေ့။
Posted on Feb 18, 2025
၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက်၊ ဖေဖော်ဝါရီ ၁၇ ရက် ၊တနင်္လာနေ့။
Posted on Feb 16, 2025
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အသိပေးကြေညာခြင်း
Posted on Feb 21, 2025နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အသိပေးကြေညာခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အသိပေးကြေညာခြင်း
Posted on Feb 21, 2025နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အသိပေးကြေညာခြင်း
အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၂၇-၂-၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန်ချိန်းဆိုထားသော အမှုစာရင်း
Posted on Feb 20, 2025အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၂၇-၂-၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန်ချိန်းဆိုထားသော အမှုစာရင်း