စစ်တွေမြို့ရှိ ဘင်္ဂါလီလူမျိုးများက ရခိုင်ပြည်နယ်အတွင်းရှိ မြို့၊ ရွာများ၌ တိုက်ပွဲဖော်ဆောင်နေသော AA အကြမ်းဖက်သောင်းကျန်းသူများအား အလိုမရှိဟု ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်

စစ်တွေမြို့ရှိ ဘင်္ဂါလီလူမျိုးများက ရခိုင်ပြည်နယ်အတွင်းရှိ မြို့၊ ရွာများ၌ တိုက်ပွဲဖော်ဆောင်နေသော AA အကြမ်းဖက်သောင်းကျန်းသူများအား အလိုမရှိဟု ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်


Ministry of Information/ Naypyitaw / March 22, 2024
image_latest


နေပြည်တော် မတ် ၂၁

ရခိုင်ပြည်နယ်အတွင်း ဒေသကောင်းစားရေးဟု သုံးနှုန်း၍ အမှန်တကယ်တွင် အဖျက်အမှောင့်လုပ်ရပ်များကိုသာ စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိသည့် AA အကြမ်းဖက်သောင်းကျန်းသူများသည် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ဒေသခံများ၏ လူမှုစီးပွားဘဝများ ပျက်စီးဆုံးရှုံးစေရန် ရည်ရွယ်၍ စစ်ရေးပစ်မှတ်မဟုတ်သည့် ပြည်သူများ နေထိုင်ရာ မြို့၊ ရွာ၊ ရပ်ကွက်များအား တိုက်ပွဲများ ဖော်ဆောင်ခြင်း၊ သာသနိကအဆောက်အဦများနှင့် စာသင်ကျောင်းများအတွင်းသို့ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသောကြောင့် ၎င်းတို့၏လုပ်ရပ်များအား ဒေသခံပြည်သူများအနေဖြင့် လုံးဝလက်ခံနိုင်မှုမရှိဘဲ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလျက်ရှိသည်။

ထိုသို့ ကန့်ကွက်ရှုတ်ချလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင်လည်း ရခိုင်ပြည်နယ် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်၊ ကသဲရပ်ကွက်နှင့် သန်တော်လီရပ်ကွက်များမှ ဒေသတည်ငြိမ်အေးချမ်းရေးကို လိုလားသည့် ဘင်္ဂါလီလူမျိုးများသည် သတ်မှတ်နေရာများ၌ စုဝေးပြီး ၎င်းစုရပ်နေရာမှ သတ်မှတ်လမ်းကြောင်းများအတိုင်း ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ချီတက်၍ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ချီတက်ရာ လမ်းတစ်လျှောက်တွင် “AA အလိုမရှိ၊ စစ်တွေမြို့ကို ကာကွယ်ကြ၊ တိုက်ပွဲအလိုမရှိ၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ဖျက်ဆီးနေသည့် NUG/AA အလိုမရှိ၊ လူနေရပ်ကွက်ထဲကို လက်နက်ကြီးနဲ့ပစ်ခတ်နေတဲ့ AA သောင်းကျန်းသူများ အလိုမရှိ၊ ကျွန်ုပ်တို့သည် ပြည်တွင်းစစ်ကို မလိုလားပါ စသည့်ကြွေးကြော်သံများကို မြန်မာ/ဘင်္ဂါလီ နှစ်ဘာသာဖြင့် သံပြိုင်ကြွေးကြော်၍ ငြိမ်းချမ်းစွာဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက် ၊ အောက်တိုဘာ ၇ ရက်၊ အင်္ဂါနေ့။


Posted on Oct 07, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ ၊ အောက်တိုဘာ ၆ ရက်၊ တနင်္လာနေ့။


Posted on Oct 06, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၄ ရက် ၊ အောက်တိုဘာ ၅ ရက်၊ တနင်္ဂနွေနေ့။


Posted on Oct 05, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၃ ရက် ၊ အောက်တိုဘာ ၄ ရက်၊ စနေနေ့။


Posted on Oct 04, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၂ ရက် ၊ အောက်တိုဘာ ၃ ရက်၊ သောကြာနေ့။


Posted on Oct 03, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Oct 02, 2025
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများ ဝယ်ယူရန်နှင့် လုပ်ငန်းဆောင်ရွက်ရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏...

Posted on Oct 3, 2025

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများ ဝယ်ယူရန်နှင့် လုပ်ငန်းဆောင်ရွက်ရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

Posted on Oct 3, 2025

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

သန့်ရှင်းရေးအကူရာထူး (၂) နေရာတို့အတွက် အတည်ပြုခန့်ထားသူစာရင်း ထုတ်ပြန်ကြေညာခြင်း

Posted on Oct 3, 2025

သန့်ရှင်းရေးအကူရာထူး (၂) နေရာတို့အတွက် အတည်ပြုခန့်ထားသူစာရင်း ထုတ်ပြန်ကြေညာခြင်း

HOT NEWS
January 4,