စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာသို့ ရောက်ရှိလာသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ဝမ်းပန်းတသာကြိုဆို

စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာသို့ ရောက်ရှိလာသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ဝမ်းပန်းတသာကြိုဆို


Ministry of Information/ Naypyitaw / December 28, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၂၈

PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များအနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ စဉ့်ကူးမြို့နယ်များအတွင်း ဝင်ရောက်ကာ ပြည်သူပိုင်ပစ္စည်းများအား အတင်းအဓမ္မယူဆောင်ခြင်း၊ နိုင်ငံ့အကျိုးပြုစက်ရုံ၊ အလုပ်ရုံများအား ဝင်ရောက်မီးရှို့ဖျက်ဆီးခြင်း၊ နိုင်ငံပိုင် မြေပေါ်၊ မြေအောက် သယံဇာတများ အဓမ္မနည်းဖြင့် ထုတ်ယူပြီး ကိုယ်ကျိုးသုံးစွဲခြင်း စသည့်အကြမ်းဖက်လုပ်ငန်းများကို နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်ခဲ့သဖြင့် တပ်မတော်စစ်ကြောင်းများက အဆိုပါဒေသများ ဆောင်ရွက်ပြီး လိုအပ်သည့် ပြင်ဆင်စုဖွဲ့မှုများ တည်ငြိမ်အေးချမ်းရေးအတွက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter-Terrorism Operation) ကို ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် စဉ့်ကူးမြို့အား ဒီဇင်ဘာ ၁၉ ရက်နေ့တွင် အပြီးတိုင်ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါစဉ့်ကူးမြို့နယ်အတွင်း အကြမ်းဖက်သောင်းကျန်းသူများ ခိုအောင်းနေထိုင်မှုမရှိစေရေးအတွက် လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ယနေ့တွင် စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာသို့ ရောက်ရှိကြရာ ဒေသခံတိုင်းရင်းသားပြည်သူများက အောင်သပြေပန်းများ၊ ပန်းကုံးများဖြင့် သောင်းသောင်းဖြဖြ ဝမ်းပန်းတသာကြိုဆိုကြသည်။

အဆိုပါဒေသအတွင်း အကြမ်းဖက်အဖွဲ့များ၏ လုပ်ရပ်များကြောင့် ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည့်လူမှုစီးပွားဘဝများ အဘက်ဘက်မှ ဆုံးရှုံးခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။ အကြမ်းဖက်အဖွဲ့များသည် ပြည်သူလူထုအပေါ် အကြောင်းမဲ့ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်အနိုင်ကျင့်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ မြို့ရွာများကိုဖျက်ဆီးခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသဖြင့် အဆိုပါအကြမ်းဖက်သမားများကို လက်မခံနိုင်တော့သည့် ဒေသခံပြည်သူများသည် တပ်မတော်အပေါ် ယုံကြည်အားကိုးမှုများ၊ စိတ်အားထက်သန်စွာ အားပေးထောက်ခံမှုများ ပြုလုပ်လာကြပြီး တပ်မတော်အနေဖြင့်လည်း ပြည်သူများအေးချမ်းစွာ နေထိုင်နိုင်ရန်အတွက် နယ်မြေတည်ငြိမ်အေးချမ်းရေးကို အမြန်ဆုံးရရှိအောင် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များအား ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။