စပါးတစ်ဧကအတွက် နှမ်းတစ်ဧက

စပါးတစ်ဧကအတွက် နှမ်းတစ်ဧက


Ministry of Information/ Naypyitaw / December 11, 2023
image_latest


စိုက်ပျိုးရေးလုပ်ငန်းများတွင် သဘာဝမြေဩဇာများ ပိုမိုသုံးစွဲလာစေရေးအတွက် နိုင်ငံတော်က အားပေးဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးသီးနှံများ အာဟာရဓာတ်ရရှိစေရန် ဓာတ်မြေဩဇာများ သုံးစွဲကြရာတွင် လိုသည်ထက်ပို၍သုံးစွဲခြင်း၊ သုံးစွဲမှုအချိုးအစား ညီမျှမှုမရှိခြင်းတို့ကြောင့် စိုက်ပျိုးမြေများတွင် ဓာတုညစ်ညမ်းမှု၊ မြေဆီလွှာပျက်စီးမှုစသော ဆိုးကျိုးများဖြစ်ပေါ် လာနိုင်သည်။ သဘာဝမြေဩဇာများသုံးစွဲရာတွင်မူ အဆိုပါဆိုးကျိုးများကို ရှောင်ရှားနိုင်သည့်အပြင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ဘေးထွက်ပစ္စည်းများကို အသုံးပြု၍ ကိုယ်တိုင်ထုတ်လုပ်သုံးစွဲနိုင်ခြင်းကြောင့် စရိတ်ကုန်ကျမှုကိုလည်း သက်သာနိုင်စေသည်။

ကောက်ရိုး၊ ပဲရိုး၊ နှမ်းရိုး၊ ပြောင်းရိုး၊ ပြောင်းဖူးအူတိုင်၊ ဂျုံရိုး၊ ပဲခွံ၊ စပါးခွံ စသည့်သီးနှံပင်အကြွင်းအကျန်များနှင့် မွေးမြူရေးတိရစ္ဆာန်ချေးများ စသည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများမှ ထွက်ပေါ်လာသည့် ဘေးထွက်ပစ္စည်းများကို အဏုဇီဝပိုးများနှင့် ဆွေးမြည့်အောင်ပြုလုပ်ပြီး စိုက်ပျိုးသည့် သီးနှံပင်များက စားသုံးနိုင်သည့် အာဟာရဓာတ်များရရှိအောင် ပြုပြင်ထုတ်လုပ်ခြင်းအားဖြင့် သဘာဝမြေဩဇာကို ရရှိနိုင်သည်။ အင်တာနက်ကို အလွယ်တကူသုံးစွဲနိုင်သည့် ယနေ့ခေတ်တွင် သဘာဝမြေဩဇာထုတ်လုပ်သည့် နည်းလမ်းများကို အွန်လိုင်းမှတစ်ဆင့် အလွယ်တကူရရှိနိုင်သလို သက်ဆိုင်ရာဌာနများ၏ အသိပညာဖြန့်ဝေမှုများမှလည်း ရရှိနိုင်ကြသည်။

သဘာဝမြေဩဇာထုတ်လုပ်ရာတွင် နှမ်းရိုးကို အခြေခံ၍ ထုတ်လုပ်သုံးစွဲခြင်းကလည်း တောင်သူတို့အဖို့ အကျိုးများဖွယ်ပင်ဖြစ်သည်။ မိမိတို့နိုင်ငံတွင် ဆီထွက်သီးနှံစိုက်ဧကစုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းကျော်မှာ နှမ်းဖြစ်ပြီး မိုး၊ ဆောင်း၊ နွေ သုံးရာသီစိုက်ဧကများ စုစုပေါင်းဧကသန်းနှင့်ချီ၍ရှိသည်။ မကွေး၊ စစ်ကိုင်း၊ မန္တလေးတိုင်းဒေသကြီးတို့မှာ နှမ်းကိုအများဆုံးစိုက်ပျိုးကြပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှာလည်း စိုက်ပျိုးကြသည်။ နှမ်းစိုက်ခင်းတစ်ဧကမှ ထွက်ပေါ်လာသော နှမ်းထောင်၊ နှမ်းခါပြီး နှမ်းရိုး တစ်တန်/ တစ်တန်ခွဲခန့်ရရှိနိုင်ရာ ၎င်းပမာဏသည် စပါးတစ်ဧကအတွက် လိုအပ်သော အပင်အာဟာရဓာတ်များကို ပေးစွမ်းနိုင်ကြောင်း စိုက်ပျိုးရေးပညာရှင်များက ပြောကြားကြသည်။ ဆွေးမြည့်သွားသော နှမ်းရိုးတစ်တန်မှ အပင်အာဟာရဓာတ်သည် ပိုတက်ဆီယမ်ဓာတ်မြေဩဇာ ၃၅ ပေါင်၊ ယူရီးယား ဓာတ်မြေဩဇာ ၂၅ ပေါင်၊ တီစူပါဓာတ်မြေဩဇာ ငါးပေါင်နှင့် ညီမျှသည်ဟု ဆိုသည်။ နှမ်းရိုးတွင် နိုက်ထရိုဂျင် ၁ ဒသမ ၅ ရာခိုင်နှုန်း၊ ဖော့စဖိတ် ၀ ဒသမ ၂၄ ရာခိုင်နှုန်း၊ ပိုတက် ၂ ဒသမ ၄ ရာခိုင်နှုန်း၊ သစ်ဆွေးဓာတ် ၉၆ ရာခိုင်နှုန်းနှင့် ကာဗွန်နိုက်ထရိုဂျင်အချိုး (၃၇:၁) ရှိကြောင်း သုတေသနပြုတွေ့ရှိထားသည်ဟုလည်း သိရသည်။

အပင်အာဟာရကြွယ်ဝသော နှမ်းရိုးကို လက်တစ်ဆုပ်စာ အစည်းများစည်း၍ ရေရှိသော စပါးခင်းအတွင်း တိုက်ရိုက်မြှုပ်နှံ ထည့်သွင်းနိုင်သလို နှမ်းရိုးနှင့် နွားချေး၊ ဖွဲကြမ်း၊ ဖွဲနု၊ တင်လဲရည်၊ အီးအမ်ဖျော်ရည်တို့ပေါင်းစပ်ကာ သဘာဝမြေဩဇာအဖြစ်လည်း ပြုလုပ်သုံးစွဲနိုင်သည်။ နှစ်စဉ် ဧကပေါင်း သိန်းသန်းချီ၍ စိုက်ပျိုးရာမှ ဘေးထွက်ပစ္စည်းအဖြစ်ထွက်ရှိလာသည့် နှမ်းရိုးမှာလည်း တန်ချိန်ပေါင်း သိန်းသန်းချီ၍ ရှိနေသည်။ အပင်အာဟာရများ မြင့်မားစွာပါဝင်နေသည့်နှမ်းရိုးကို တန်ဖိုးရှိရှိ အသုံးပြုနိုင်သော်လည်း အများစုမှာ လယ်ယာကွင်းများထဲတွင် မီးရှို့ရှင်းလင်းလိုက်ခြင်းဖြင့် ဆုံးရှုံးသွားကြရသည်။ နှမ်းတစ်ဧကလျှင် စပါးတစ်ဧကနှုန်းဖြင့် သီးနှံအပင်အာဟာရဓာတ်များ ရရှိနိုင်သည့်အလျောက် ဆီထွက်သီးနှံ နှမ်း၏ဘေးထွက်ပစ္စည်း ဖြစ်သည့် နှမ်းရိုးကို အကျိုးရှိရှိ သုံးစွဲနိုင်ကြစေရေး ဆော်ဩလိုက်ရပါကြောင်း။ ။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။


Posted on May 09, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။


Posted on May 08, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 07, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၆ ရက်၊ အင်္ဂါနေ့။


Posted on May 06, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၅ ရက်၊ တနင်္လာနေ့။


Posted on May 05, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၄ ရက်၊ တနင်္ဂနွေနေ့။


Posted on May 04, 2025
AnnouncementsExplore more >

သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း

Posted on May 9, 2025

သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း

မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအား‌ရောင်းချပေးမည်။

Posted on May 3, 2025

မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအား‌ရောင်းချပေးမည်။

HOT NEWS
January 4,