စပျစ်စိုက်ပျိုးရန် မြေလွတ်၊ မြေလပ်၊ မြေရိုင်း လျှောက်ထားလာသည့် ကုမ္ပဏီများအား မြေယာအသုံးချမှုဆိုင်ရာများ အသိပေးဆွေးနွေး

စပျစ်စိုက်ပျိုးရန် မြေလွတ်၊ မြေလပ်၊ မြေရိုင်း လျှောက်ထားလာသည့် ကုမ္ပဏီများအား မြေယာအသုံးချမှုဆိုင်ရာများ အသိပေးဆွေးနွေး


Ministry of Information/ Naypyitaw / September 21, 2025
image_latest


နေပြည်တော် စက်တင်ဘာ ၂၀

စပျစ်သီးနှံစိုက်ပျိုးရန် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထား လာသောကုမ္ပဏီများမှ တာဝန်ရှိသူများအားတွေ့ဆုံ၍ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေနှင့်အညီ အသုံးပြုလုပ်ကိုင်နိုင်ရေး အသိပေးဆွေးနွေးခြင်းကို ယမန်နေ့ညနေပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားလာသူများ အနေဖြင့် မိမိအမှန်တကယ်လုပ်ကိုင်နိုင်သည့် မြေပမာဏကိုသာ အသုံးပြုခွင့်လျှောက်ထားစေလိုကြောင်း၊ သတ်မှတ်ဧရိယာပြည့် အကောင်အထည် ဖော်ပြီးပါက မိမိတို့လုပ်ကိုင်နိုင်မှုအရ ဒုတိယအကြိမ်၊ တတိယအကြိမ်စသဖြင့် တိုးချဲ့လျှောက်ထားနိုင်ကြပါကြောင်း၊ ဥပဒေအရချထားသောမြေများ၌ လုပ်ငန်းအကောင်အထည်ဖော်ရန် လေးနှစ်ခွင့်ပြုထားသော်လည်း စပျစ်သည် စိုက်ပျိုးပြီးသုံးနှစ်အကြာတွင် ဝင်ငွေရရှိနိုင်သောကြောင့် မြေချထားပြီးသုံးနှစ်အတွင်း အပြီးသတ်စိုက်ပျိုးရန် လိုအပ်မည်ဖြစ်ကြောင်း၊ မြေခွန်ကင်းလွှတ်ခွင့်ကို သုံးနှစ်ခွင့်ပြုပေးမည်ဖြစ် သော်လည်း ယင်းသုံးနှစ်တာကာလအတွင်း Performance Guarantee (PG) အာမခံကြေး ပေးသွင်းရန်ဖြစ်ကြောင်း။

အောင်မြင်အောင်ဆောင်ရွက်သွားရန်လို

စပျစ်သီးနှံစိုက်ပျိုးလုပ်ကိုင်ခြင်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်နှင့် အခက်အခဲများရှိပါက သက်ဆိုင်ရာဦးစီးဌာနများက လုပ်ထုံးလုပ်နည်းများနှင့်အညီ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်လိုအပ်ချက်ဖြစ်၍ အောင်မြင်မှုရရှိစေရန် အတိတ်သင်ခန်းစာများရယူ၍ အောင်မြင်အောင်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြောကြား သည်။

ယင်းနောက် ကြေးတိုင်နှင့် မြေစာရင်းညွှန်ကြား ရေးမှူးချုပ်က စပျစ်ဇုန်တည်နေရာနှင့် မြို့နယ်အလိုက် မြေရရှိနိုင်မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က စပျစ်တစ်ဧကစိုက်ပျိုးရန် ကာလအလိုက် ကုန်ကျစရိတ်နှင့် ရင်းနှီးမြှုပ်နှံမှုလိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ကုမ္ပဏီများမှ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၃ ရက် ၊ စက်တင်ဘာ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Sep 24, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၂ ရက် ၊ စက်တင်ဘာ ၂၃ ရက်၊ အင်္ဂါနေ့။


Posted on Sep 23, 2025

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁ ရက် ၊ စက်တင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။


Posted on Sep 22, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလကွယ်နေ့ ၊ စက်တင်ဘာ ၂၁ ရက်၊ တနင်္ဂနွေနေ့။


Posted on Sep 21, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၄ ရက်၊ စက်တင်ဘာ ၂၀ ရက်၊ စနေနေ့။


Posted on Sep 20, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၃ ရက်၊ စက်တင်ဘာ ၁၉ ရက်၊ သောကြာနေ့။


Posted on Sep 19, 2025
AnnouncementsExplore more >

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဇမ္ဗူသီရိအထူးကုဆေးရုံကြီးမှ အလုပ်လျှောက်လွှာခေါ်ယူခြင်း

Posted on Sep 23, 2025

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဇမ္ဗူသီရိအထူးကုဆေးရုံကြီးမှ အလုပ်လျှောက်လွှာခေါ်ယူခြင်း

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်း

Posted on Sep 23, 2025

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်း

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ

Posted on Sep 21, 2025

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ

HOT NEWS
January 4,