စာပေဖတ်ရှုသည့်အလေ့အကျင့်များ ကျောင်းစာကြည့်တိုက်များမှပျိုးထောင်

စာပေဖတ်ရှုသည့်အလေ့အကျင့်များ ကျောင်းစာကြည့်တိုက်များမှပျိုးထောင်


Ministry of Information/ Naypyitaw / June 18, 2025
image_latest


“ပညာဘဏ်တိုက် စာကြည့်တိုက်ဟူ၍ အဆိုရှိသည်။ စာကြည့်တိုက်များကို အသိပညာ၊ အတတ်ပညာဟူသော အဖိုးထိုက်၊ အဖိုးတန်ဘဏ္ဍာများ သိုလှောင်သိမ်းဆည်းရာ ဘဏ်တိုက်များအဖြစ် တင်စားထားခြင်းဖြစ်သည်။ ပါရမီရှင်များမှလွဲ၍ သာမန်လူတို့အဖို့ ဉာဏ်ပညာဗဟုသုတတို့နှင့် ပြည့်စုံနိုင်ရန်မှာ ကျောင်းသင်ခန်းစာများ၊ ဘဝအတွေ့အကြုံများလောက်နှင့် မလုံလောက်နိုင်။ ထို့အတွက် အလွယ်ကူဆုံးဖြည့်စွက်နိုင်မည့် နည်းလမ်းမှာ စာဖတ်ခြင်းပင်ဖြစ်သည်။

ယနေ့ကမ္ဘာပေါ်တွင် စီးပွားရေးထိပ်တန်းရောက်နေသည့်နိုင်ငံများ၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများမှ လူငယ်များကိုကြည့်လျှင် ပညာ သို့မဟုတ် ဗဟုသုတတစ်ခုခုကို လေ့လာဆည်းပူးရန် အချိန်နှင့်အမျှ အားထုတ်ကြိုးပမ်းနေကြသည်ကို တွေ့ရှိနိုင်သည်။ သို့ဖြစ်သည့်အလျောက် သူတို့ဆီကစာကြည့်တိုက်များ၊ ပြတိုက်များမှာ စည်ကားသည်။ စာအုပ်ငှားသူ၊ စာဖတ်သူ၊ အချက်အလက်ရှာဖွေစုဆောင်းသူ၊ လေ့လာသူများ ဝင်ထွက်သွားလာ လှုပ်လှုပ်ရှားရှားရှိသည်။ အချိန်ရသမျှ စာဖတ်ကြရာ ခရီးသွားခိုက်ရထားပေါ်မှာ၊ အနားယူခိုက် ကော်ဖီဆိုင်များမှာ စာဖတ်သူများကို တွေ့နိုင်သည်။ စာဖတ်ခြင်းကိုစေ့ဆော်သည့်အရာမှာ သိလိုစိတ်ဖြစ်ပြီး တစ်စုံတစ်ရာကို သိရှိလိုခြင်း၊ နားလည်လိုခြင်းတို့ကြောင့် ထိုအကြောင်းအရာနှင့် ပတ်သက်သည့်စာများကို ရှာဖွေဖတ်ရှုလေ့လာကြသည်။ စုံစုံလင်လင်ဖတ်ရှုပြီးစီးသည်နှင့်အမျှ ပို၍ပို၍ ပြည့်စုံစွာသိရှိလာကြသည်။ စာများများ ဖတ်ရှုမှတ်သားလေ့လာမိသည့်အခါ အသိသုတများစွာတို့ စုမိဆောင်းမိရှိလာသည်။ ထိုအခြေအနေတွင် စာဖတ်သူသည် စာမဖတ်သူထက် လောကကိုပို၍ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်နိုင်သူ၊ အမှားအမှန်၊ အကျိုးအပြစ်တို့ကို ဆင်ခြင်ဉာဏ်ဖြင့် ခွဲခြားသိမြင်နိုင်သူတို့ ဖြစ်လာသည်။

မိမိတို့နိုင်ငံတွင် စာဖတ်သူများသော်လည်း အတန်းပညာတွင်မူ အားနည်းသည်။ နိုင်ငံ့လူဦးရေ၏ ၉၂ ရာခိုင်နှုန်း စာတတ်မြောက်သည်ဟုဆိုသော်လည်း အများစုမှာ မူလတန်းပညာမျှသာ တတ်မြောက်ကြခြင်းဖြစ်သည်။ ဤအခြေအနေသည် နိုင်ငံအတွက်မကောင်း။ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင်၊ သာယာဝပြောအောင် တည်ဆောက်ရာတွင် အသိပညာ၊ အတတ်ပညာ နိမ့်ပါးသည့် ဖိုးသုည၊ မယ်သုညတို့နှင့် တည်ဆောက်၍မရ။ ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံအနေဖြင့်လည်း နိုင်ငံရေးသမားတို့လိုသလို အသုံးချခံကြရမည့် တုံးအသူတို့ များပြားနေပါက နိုင်ငံမတည်ငြိမ်ဖြစ်နိုင်သလို တိုးလည်းမတိုးတက်နိုင်။ သို့ဖြစ်ရာ မိမိတို့နိုင်ငံ၊ မိမိတို့လူ့အဖွဲ့အစည်းကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန် အသိပညာ၊ အတတ်ပညာ ကြွယ်ဝသည့် လူသားအရင်းအမြစ်များအဖြစ် မဖြစ်မနေရရှိရန်လိုအပ်သည်။

စာပေဖတ်ရှုသည့်အလေ့အထကို ငယ်စဉ်မှ စတင်ပျိုးထောင်ရခြင်းဖြစ်ရာ အိမ်မှာမိဘတို့က အားပေးရန် လိုအပ်သကဲ့သို့ ကျောင်းမှာလည်း စာပေဖတ်ရှုလေ့လာရန် အခွင့်အလမ်းကောင်းများ ဖန်တီးပေးထားရန်လိုသည်။ စာအုပ်စာပေဖတ်ရှုလေ့လာခြင်း၏အကျိုးကို ကျောင်းသား ကျောင်းသူများ သိရှိနားလည်ရန် ဆရာ ဆရာမများက ရှင်းလင်းပြောကြားပေးကြရမည်ဖြစ်ပြီး ကျောင်းသား ကျောင်းသူတိုင်း စာဖတ်သူများဖြစ်လာစေရန်လည်း အားပေးတိုက်တွန်းကြရန်လိုသည်။ ကျောင်းစာကြည့်တိုက်များသည် ကျောင်းသား ကျောင်းသူများ၏ အရွယ်၊ အတန်းတို့နှင့်ကိုက်ညီသည့် စာကောင်းပေမွန်များ ပြည့်စုံစွာထားရှိပေးရန်နှင့် ကလေးများ၏ အရွယ်၊ အတန်းတို့နှင့်ကိုက်ညီသည့် စာကောင်းပေမွန်များ ပြည့်စုံစွာထားရှိပေးရန်နှင့် ကလေးများ၏ စိတ်ဝင်စားမှုရရှိစေရန်အတွက်လည်း ပုံမှန်စာကြည့်တိုက်၏ လှုပ်ရှားမှုများပြုလုပ်ပေးရန်လိုသည်။ ကျောင်းစာကြည့်တိုက်များသည် ကျောင်းသား ကျောင်းသူများအတွက် သင်ခန်းစာပြင်ပဗဟုသုတများဖြန့်ဝေရာ ပင်မနေရာများအဖြစ် ပါဝင်ဆောင်ရွက်ကြရမည် ဖြစ်သည်။

ကျောင်းနေအရွယ်ကလေးများ ကျောင်းတွင်မဖြစ်မနေ ပညာသင်ကြားကြရခြင်းမှာ ၎င်းတို့၏အနာဂတ်ခရီးလမ်းကို ကောင်းမွန်စွာဖြတ်သန်းနိုင်ကြရန်ဖြစ်သကဲ့သို့ နိုင်ငံ့တာဝန်များကိုလည်း အသိပညာ၊ အတတ်ပညာများဖြင့် ကျေပွန်စွာထမ်းဆောင်နိုင်ကြရန်ဖြစ်သည်။ ကျောင်းသင်ပညာရပ်များသာမက စာပေဖတ်ရှုခြင်းမှ ရရှိလာသည့် ဗဟုသုတအသိတရားများနှင့်ပါ ပြည့်စုံသည့် လူသားအရင်းအမြစ်ကောင်းများကို စာပေဖတ်ရှုသည့် အလေ့အကျင့်များဖြင့် ပျိုးထောင်ကြရပါမည့်အကြောင်း။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက်၊ ဇွန် ၁၉ ရက်၊ ကြာသပတေးနေ့။


Posted on Jun 19, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက်၊ ဇွန် ၁၈ ရက်၊ဗုဒ္ဓဟူးနေ့။


Posted on Jun 18, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက်၊ ဇွန် ၁၇ ရက်၊ အင်္ဂါနေ့။


Posted on Jun 17, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်၊ ဇွန် ၁၆ ရက်၊ တနင်္လာနေ့။


Posted on Jun 16, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက်၊ ဇွန် ၁၅ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 15, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်၊ ဇွန် ၁၄ ရက်၊ စနေနေ့။


Posted on Jun 14, 2025
AnnouncementsExplore more >

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Posted on Jun 17, 2025

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း

Posted on Jun 14, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန (ရုံးချုပ်) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးကို ယင်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။

HOT NEWS
January 4,