စားကုန်သောက်ကုန်ကိုအခြေခံသော ကုန်ထုတ်လုပ်မှုကြီးမားသည့် MSME များ တိုးတက်ပြောင်းလဲနိုင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

စားကုန်သောက်ကုန်ကိုအခြေခံသော ကုန်ထုတ်လုပ်မှုကြီးမားသည့် MSME များ တိုးတက်ပြောင်းလဲနိုင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ


Ministry of Information/ Naypyitaw / November 22, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၂၁

စားကုန်သောက်ကုန်ကို အခြေခံသော ကုန်ထုတ်လုပ်မှုကြီးမားသည့် MSME များ တိုးတက်ပြောင်းလဲနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တက်ရောက်

အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ စက်မှုဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်များမှ MSME အေဂျင်စီဥက္ကဋ္ဌများ၊ စားသောက်ကုန်နှင့် ဆက်နွှယ်သည့် အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်များ က Virtual စနစ်ဖြင့် ပါဝင်တက်ရောက်ကြသည်။

ဦးစွာ စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းများနှင့် ဆက်စပ်သည့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများက စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဖြည့်ဆည်းဆောင်ရွက်ပေးနေမှု၊ ကုန်ကြမ်းများ စဉ်ဆက်မပြတ်ရရှိရေး ဆောင်ရွက်ပေးနေမှုတို့ကို ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး၊ ပြည်နယ်အေဂျင်စီဥက္ကဋ္ဌများက MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရင်းအနှီး၊ ငွေကြေးများထုတ်ချေးထားရှိမှု၊ ဈေးကွက်ရရှိရေးဆောင်ရွက်ပေးမှု၊ ထုတ်ကုန်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းရေးဆောင်ရွက်နေမှု၊ ထုတ်ကုန်အမယ်သစ်များ ထုတ်လုပ်နိုင်ရေးပံ့ပိုးဆောင်ရွက်ပေးနေမှု၊ ထုပ်ပိုးမှုစနစ်များ အဆင့်အတန်းမီရေး ဆောင်ရွက်ပေးနေမှု၊ Digital Platform မှ ထုတ်ကုန်ပစ္စည်းများ ရောင်းချနိုင်ရေးဆောင်ရွက်ပေးနေမှုတို့ကို ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများက လုပ်ငန်းများ လျင်မြန်စွာဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်သင့်သည့် နည်းလမ်းများ၊ ပံ့ပိုးပေးရမည့် အချက်များကို အကြံပြုဆွေးနွေးကြသည်။

ယင်းနောက် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် အထူးပြုဆောင်ရွက်နိုင်သည့် စားသောက်ကုန်ပစ္စည်းများကို သိုလှောင်မှုစနစ်၊ ထုတ်လုပ်မှု၊ ထုပ်ပိုးမှုနည်းပညာ၊ တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်နိုင်သည့် နည်းပညာများ၊ ငွေကြေးပံ့ပိုးမှု ဆိုင်ရာလိုအပ်ချက်များ၊ ထုတ်ကုန်ပစ္စည်းများ၏ အရည်အသွေးစံနှုန်းများကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ထိန်းသိမ်းထုတ်လုပ်ခြင်း၊ နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်တင်ပို့ရောင်းချနိုင်ရေးချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ ကုန်စည်စီးဆင်းမှုမြန်ဆန်စွာ ဆောင်ရွက်ပေးခြင်းတို့ကို ထိရောက်စွာ ဖြည့်ဆည်းဆောင်ရွက်ပေးလျှင် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း။

ယနေ့အစည်းအဝေးမှ ရရှိလာသည့် အကြံပြုချက်၊ ဆွေးနွေးချက်များကို အခြေခံ၍ အမြန်ဆုံးအကျိုးရှိအောင် ဆောင်ရွက်နိုင်မည့်မူဝါဒများ ချမှတ်နိုင်မည့်အပြင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ လုပ်ငန်းရှင်များအားလုံးပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျှင် စားသောက်ကုန်ထုတ်လုပ်သည့် MSME လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာပြီး ရေရှည်တည်တံ့သည့် အောင်မြင်မှုများကို ရရှိလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Posted on Mar 27, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။