စိုက်ပျိုးရေပေးဝေရာတွင် ရေလှည့်စနစ်ဖြင့် အလှည့်ကျပေးဝေနိုင်ရေး၊ သီးနှံအထွက်နှုန်းလျော့ကျမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး
စိုက်ပျိုးရေပေးဝေရာတွင် ရေလှည့်စနစ်ဖြင့် အလှည့်ကျပေးဝေနိုင်ရေး၊ သီးနှံအထွက်နှုန်းလျော့ကျမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး
Ministry of Information/ Naypyitaw / May 13, 2025
နေပြည်တော် မတ် ၁၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေအတွင်း မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီးနောက် ထိခိုက်ပျက်စီးခဲ့သည့် လယ်ယာမြေများ စိုက်ပျိုးရေပြန်လည်ပေးဝေနေမှုအခြေနေများနှင့် ငလျင်ဒဏ်ကြောင့် ရေသောက်စနစ်များ ထိခိုက်ပျက်စီးမှုအပေါ် သီးနှံအထွက်နှုန်းများ ထိခိုက်မှုမရှိစေရေးအတွက် တပ်ကုန်းမြို့နယ် ဆင်သေဆည်ရေသောက်စနစ် လက်တံမြောင်းအဖျားပိုင်းရှိ နွေစပါးစိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် နွေစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းစေရေးအတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် စိုက်ပျိုးရေပေးဝေရာတွင် ရေလှည့်စနစ်ဖြင့် အလှည့်ကျပေးဝေနိုင်ရေးနှင့် သီးနှံအထွက်နှုန်းလျော့ကျမှုမရှိစေရေးအတွက် လိုအပ်သည့် သွင်းအားစုများ၊ နည်းပညာများကို တောင်သူ့စိုက်ခင်းအရောက် ကွင်းဆင်း၍ အမြဲမပြတ်အသိပညာပေးဆက်လက်ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် ဆည်ရေသောက်တောင်သူများနှင့် တွေ့ဆုံ၍ ဆင်သေဆည်ရေသောက်စနစ်အတွင်းရှိ နွေစပါးနှင့် နွေသီးနှံလျာထားဧရိယာများအားလုံးသို့ စိုက်ပျိုးရေသွက်လက်ထိရောက်စွာ အချိန်မီပေးဝေနိုင်ရေးအတွက် တောင်သူများအနေဖြင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ကိုယ်တိုင်ပါဝင်၍ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေဝင်မြောင်းများအတွင်းရှိ မြက်၊ ချုံ၊ အမှိုက်များ ရှင်းလင်းဖယ်ရှားပြီး စိုက်ပျိုးရေကို လယ်ကွင်းထဲအရောက် ကြိုးစားပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ မန္တလေးငလျင်ကြီး လှုပ်ခတ်ပြီးနောက် စိုက်ပျိုးရေခတ္တပြတ်လပ်မှုဖြစ်ပေါ်ခဲ့သော်လည်း စိုက်ပျိုးရေပြန်လည်ပေးဝေရာတွင် ဦးစွာရေဖူလုံစွာရရှိခဲ့သော ဧရိယာများအား ပန်းတိုင်အထွက်နှုန်းရရှိရေး၊ စိုက်ပျိုးရေပြတ်လပ်မှုကာလကြာမြင့်ခဲ့ပြီး ရေနောက်ကျမှရရှိသော ဧရိယာများအား သီးနှံအထွက်နှုန်းလျော့ကျမှု မရှိစေရေးအတွက် ဆက်လက်ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရေး ဆွေးနွေးမှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် တပ်ကုန်းမြို့နယ်ရှိ ဆင်သေရေလွှဲဆည်၏ လက်ဝဲမြောင်းမကြီး၊ လက်ယာမြောင်းမကြီးများမှတစ်ဆင့် လက်တံမြောင်းခွဲများသို့ စိုက်ပျိုးရေပို့လွှတ်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၂/၂၀၂၆) ဖြင့်ခေါ်ယူသည့် ကြော်ငြာပါရာထူး တွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏...
Posted on May 29, 2026ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၂/၂၀၂၆) ဖြင့်ခေါ်ယူသည့် ကြော်ငြာပါရာထူး တွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန်ဖုန်းနံပါတ်များ
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီတို့တွင် လစ်လပ်လျက်ရှိသော ရာထူးများအတွက် ကြော်ငြာခေါ်ယူခြင်း (ကြော်ငြာစာ အမှတ်၊ ၂/၂၀၂၆)
Posted on May 29, 2026ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီတို့တွင် လစ်လပ်လျက်ရှိသော ရာထူးများအတွက် ကြော်ငြာခေါ်ယူခြင်း (ကြော်ငြာစာ အမှတ်၊ ၂/၂၀၂၆)
ယာဉ်အို/ယာဉ်ဟောင်းများ ပယ်ဖျက်ရေး နှင့် အစားထိုး လျှပ်စစ်သုံးယာဉ်များ တင်သွင်းရေး အသိပေး ကြေညာချက်
Posted on May 29, 2026ယာဉ်အို/ယာဉ်ဟောင်းများ ပယ်ဖျက်ရေး နှင့် အစားထိုး လျှပ်စစ်သုံးယာဉ်များ တင်သွင်းရေး အသိပေး ကြေညာချက်
