စိုက်ပျိုးရေးနှင့် မွေးမြူရေး အထူးပြုဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုနှင့် သင်ကြားရေးနည်းစနစ်များ စွမ်းရည်မြှင့်တင်ရေးသင်တန်းဖွင့်

စိုက်ပျိုးရေးနှင့် မွေးမြူရေး အထူးပြုဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုနှင့် သင်ကြားရေးနည်းစနစ်များ စွမ်းရည်မြှင့်တင်ရေးသင်တန်းဖွင့်


Ministry of Information/ Naypyitaw / April 29, 2025
image_latest


နေပြည်တော် ဧပြီ ၂၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန Grade- 10 ၊ Grade-11 နှင့် Grade-12 အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများတွင် သင်ကြားမည့် ဆရာ ဆရာမများ၏ စိုက်ပျိုးရေးနှင့် မွေးမြူရေး အထူးပြုဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုနှင့် သင်ကြားရေးနည်းစနစ်များ စွမ်းရည်မြှင့်တင်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဒေါက်တာတင်ထွဋ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ ဌာနမှူးများ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းပို့ချမည့် ဆရာ ဆရာမများ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ သင်တန်းသား သင်တန်းသူ ဆရာ ဆရာမများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက သင်ကြားရေးတာဝန်ထမ်းဆောင်ကြမည့် ဆရာ ဆရာမများအတွက် အခြေခံ မသိမဖြစ်လိုအပ်သော သင်ကြားရေးအတတ်ပညာများ၊ လုပ်ထုံးလုပ်နည်းစနစ်များ၊ လိုက်နာကျင့်သုံးရန်များကို သင်ကြားပို့ချပေးသွားမည့် အကျိုးရှိသော သင်တန်းဖြစ်သည့်အတွက် စိတ်ဝင်တစားဖြင့် စွဲမြဲစွာ လေ့လာမှတ်သားကြရမည် ဖြစ်ကြောင်း၊ ကာယ၊ ဉာဏ၊ စာရိတ္တဆိုင်ရာ ဘက်စုံကျွမ်းကျင်သော စနစ်သစ်ပညာရေးအလျင်အမြန်အောင်မြင် စေရန်မှာ ဆရာတို့၏ အဓိကတာဝန်ဖြစ်ကြောင်း၊ အစဉ်တိုးတက်ပြောင်းလဲနေသော ပညာခေတ်တွင် ဆရာသည် မိမိနိုင်ငံသားများ ပညာရည်မြင့်မားရေး၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေးအတွက် ခေတ်မီအတတ်ပညာများ၊ နည်းပညာများကို အစဉ်လေ့လာဆည်းပူးဖြည့်ဆည်းနေကြရမည်ဖြစ်ကြောင်း မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က သင်ကြားရေးတာဝန်အဖြစ် ထမ်းဆောင် ကြမည့်သူများအတွက် ယခုကဲ့သို့ စွမ်းရည်မြှင့်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခဲ့ရာ ယခုနှစ် တွင် Grade - 10 ၊ Grade - 11 နှင့် Grade - 12 သုံးတန်းအတွက် ဖွင့်လှစ်သွားမည်ဖြစ်ပြီး Grade - 12 သည် အခြေခံပညာအထက်တန်းပြီးမြောက်ကြမည့် ကျောင်းသား ကျောင်းသူများကို သင်ကြားပို့ချကြရမည်ဖြစ်သည့်အတွက် ယခုသင်တန်းမှ သင်ကြားပို့ချမှုများကို ဂရုစိုက် လေ့လာမှတ်သားကြရန် မှာကြားသည်။

ထို့နောက် စိုက်ပျိုးရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်တို့က ကြိုဆိုနှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။ အဆိုပါသင်တန်းသို့ တိုင်းဒေသကြီး၊ ပြည်နယ်များမှ တန်းသား သင်တန်းသူ ဆရာ ဆရာမ ၄၄၇ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တ သုံးပတ်ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက်၊ ဧပြီ ၂၉ရက်၊ အင်္ဂါနေ့။


Posted on Apr 29, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၂ ရက်၊ ဧပြီ ၂၈ ရက်၊ တနင်္လာနေ့။


Posted on Apr 28, 2025

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁ ရက်၊ ဧပြီ ၂၇ ရက်၊ တနင်္ဂနွေနေ့။


Posted on Apr 27, 2025

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလကွယ်နေ့၊ ဧပြီ ၂၆ ရက်၊ စနေနေ့။


Posted on Apr 26, 2025

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလပြည့်ကျော် ၁၃ ရက်၊ ဧပြီ ၂၅ ရက်၊ သောကြာနေ့။


Posted on Apr 25, 2025

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလပြည့်ကျော် ၁၂ ရက်၊ ဧပြီ ၂၄ ရက်၊ ကြာသပတေးနေ့။


Posted on Apr 24, 2025
AnnouncementsExplore more >

စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးခြင်းဖြေဆိုရန်ကိစ္

Posted on Apr 29, 2025

စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးခြင်းဖြေဆိုရန်ကိစ္

စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးမှုခံယူမည့်သူများအမည်စာရင်းကြေညာခြင်း

Posted on Apr 29, 2025

စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးမှုခံယူမည့်သူများအမည်စာရင်းကြေညာခြင်း

အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်း

Posted on Apr 28, 2025

အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်း

HOT NEWS
January 4,