စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှသာ စားရေရိက္ခာဖူလုံပိုလျှံ၍ ဒေသထုတ်ကုန်နှင့်စီးပွားရေးကဏ္ဍများဖွံ့ဖြိုးတိုးတက်မည်

စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှသာ စားရေရိက္ခာဖူလုံပိုလျှံ၍ ဒေသထုတ်ကုန်နှင့်စီးပွားရေးကဏ္ဍများဖွံ့ဖြိုးတိုးတက်မည်


Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / July 07, 2025


ဘားအံ ဇူလိုင် ၇

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏(၄/၂၀၂၅)ကြိမ် မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၇ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ(၂)၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် အဓိကအားဖြင့်စိုက်ပျိုးမွေးမြူ ရေးထုတ်ကုန်များကို အခြေခံသည့်အတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန်လိုပြီး စိုက်ဧက များတိုးချဲ့ရန်၊ သီးထပ်သီးညှပ်များဖြင့် မြေလွတ်မြေလပ်မကျန်စိုက်ပျိုးမွေးမြူလုပ်ကိုင်ကြရန်၊ တစ်ဧကအထွက်နှုန်း ပန်းတိုင်ရည်မှန်းချက်ပြည့်မီကျော်လွန်အောင် လုပ်ကိုင်ဆောင်ရွက်ကြဖို့လိုကြောင်း၊ အဓိကအားဖြင့် စားရေရိက္ခာ ဖူလုံအောင်ဆောင်ရွက်၍ ပိုလျှံသည်များကို တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ်ထုတ်လုပ်ပြီး ပြည်တွင်းပြည်ပဈေးကွက် များသို့တင်ပို့ရောင်းချနိုင်မည်ဖြစ်ကာ တောင်သူလိုအပ်သည့် ရေ၊ မြေ၊ မျိုးကောင်းမျိုးသန့်၊ တိရစ္ဆာန်အစာနှင့် သွင်းအားစုများကို မြေပြင်ကွင်းဆင်းဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထိုနောက် တက်ရောက်လာကြသော ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ယခင်အပတ်အစည်း အဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ၂၀၂၅-၂၀၂၆ ခုနှစ် ပြည်နယ်အတွင်း အဓိကသီးနှံ(၁၀)မျိုးစိုက်ပျိုးပြီးစီးမှု၊ ယခင်နှစ်ကာလတူ စိုက်ပျိုးထုတ်လုပ်မှုအပေါ် နှိုင်းယှဉ်ချက်၊ မိုးသီးနှံလျာထားချက်အပေါ် စိုက်ပျိုးပြီးစီးမှု၊ တောင်သူပညာပေးလုပ်ငန်းဆောင်ရွက်ထားရှိမှု၊ မိုးစပါး မျိုးစေ့ထုတ်လုပ်ငန်းများဆောင်ရွက်ထားရှိမှု၊ အထွက်နှုန်းတိုးတက်ရေးနည်းပညာပေးစံပြကွက်များဆောင်ရွက်ပြီးစီး မှု၊ မိုးစပါးအထူးဇုန်များဆောင်ရွက်ပြီးစီးမှု၊ အရန်မျိုးစပါးများစုဆောင်းထားရှိမှု၊ မွေးမြူထားရှိမှုကောင်ရေစာရင်း၊ စီးပွားဖြစ်မွေးမြူထားရှိမှု၊ မွေးမြူရေးဇုန်များ၏ ထုတ်လုပ်မှုအခြေအနေ၊ စွမ်းအားပြည့်မွေးမြူနိုင်ရေးတွန်းအားပေး ဆောင်ရွက်နေမှု၊ ပြည်နယ်အတွင်း အသား၊ ဥထုတ်လုပ်မှု၊ စားသုံးမှု၊ ပိုလျှံမှုအခြေအနေ၊ ထုတ်လုပ်မှုစရိတ်နှင့် အကျိုးအမြတ်ရရှိမှုအခြေအနေ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တိုးတက်မွေးမြူထားရှိမှုအခြေအနေ၊ စိုက်ပျိုး စရိတ်ချေးငွေများကို နှစ်အလိုက် ချေးငွေအမျိုးအစားအလိုက် ခရိုင်/မြို့နယ်ဘဏ်ခွဲများ၏ထုတ်ချေးထားရှိမှု နှင့် ကောက်ခံရရှိမှုအခြေအနေ၊ မိုးစပါးသီးနှံအတွက် သီးနှံအာမခံထားရှိမှုအခြေအနေ၊ ငါး/ပုဇွန်မွေးမြူထားရှိမှု၊ ပြည်နယ် အတွင်း စားသုံးမှုနှင့်ဒေသဝမ်းစာဖူလုံမှုအခြေအနေများကို ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်/မြို့နယ်များအလိုက် သီးနှံ စိုက်ပျိုးရန်လျာထားချက်၊ ယခင်နှစ်နှင့်စိုက်ပျိုးမှုနှိုင်းယှဉ်ချက်၊ အဓိကသီးနှံ(၁၀)မျိုးစိုက်ပျိုးပြီးစီးမှု၊ ဧကပြည့်စိုက်ပျိုး နိုင်ရေးကွင်းဆင်းကြီးကြပ်ဆောင်ရွက်မှု၊ သီးနှံစိုက်စွမ်းအားနှင့်သီးထပ်စိုက်စွမ်းအားတိုးတက်မှုအခြေနေ၊ သီးနှံ(၁၀) မျိုး ပန်းတိုင်အထွက်နှုန်းရရှိရေးဆောင်ရွက်ချက်များ၊ သီးနှံအလိုက်စံပြစိုက်ခင်းများ စိုက်ပျိုးဆောင်ရွက်မှုအခြေအနေ၊ တိရစ္ဆာန်များ တစ်ပိုင်တစ်နိုင်မွေးမြူထားရှိမှုနှင့် စီးပွားဖြစ်မွေးမြူထုတ်လုပ်မှုအခြေအနေ၊ လယ်ယာသားငါးကဏ္ဍ အကောင်အထည်ဖော်နိုင်မှုများကို ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေး တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်နေ့ ၊ ဇူလိုင် ၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 09, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၄ ရက် ၊ ဇူလိုင် ၈ ရက်၊ အင်္ဂါနေ့။


Posted on Jul 08, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၃ ရက် ၊ ဇူလိုင် ၇ ရက်၊ တနင်္လာနေ့။


Posted on Jul 07, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၂ ရက် ၊ ဇူလိုင် ၆ ရက်၊ တနင်္ဂနွေနေ့။


Posted on Jul 06, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၁ ရက် ၊ ဇူလိုင် ၅ ရက်၊ စနေနေ့။


Posted on Jul 05, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၀ ရက် ၊ ဇူလိုင် ၄ ရက်၊ သောကြာနေ့။


Posted on Jul 03, 2025
AnnouncementsExplore more >

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ပြောင်းရွှေ့ခန့်ထားခြင်း

Posted on Jul 9, 2025

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ပြောင်းရွှေ့ခန့်ထားခြင်း

ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း

Posted on Jul 8, 2025

ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း

အမည်မည်းစာရင်းကြေညာခြင်း

Posted on Jul 4, 2025

အမည်မည်းစာရင်းကြေညာခြင်း