စိုက်ပျိုးရေးဘေးထွက်ပစ္စည်းများကို အာဟာရပြည့်ဝသည့် အစာအဖြစ် ပြုပြင်ကျွေးမွေး၍ တစ်နိုင်တစ်ပိုင် မွေးမြူထုတ်လုပ်ရေးမြှင့်တင်ခြင်းစီမံကိန်းမိတ်ဆက်အလုပ်ရုံဆွေးနွေးပွဲနှင့် နည်းပညာဆိုင်ရာ သင်တန်းဖွင့်လှစ်

စိုက်ပျိုးရေးဘေးထွက်ပစ္စည်းများကို အာဟာရပြည့်ဝသည့် အစာအဖြစ် ပြုပြင်ကျွေးမွေး၍ တစ်နိုင်တစ်ပိုင် မွေးမြူထုတ်လုပ်ရေးမြှင့်တင်ခြင်းစီမံကိန်းမိတ်ဆက်အလုပ်ရုံဆွေးနွေးပွဲနှင့် နည်းပညာဆိုင်ရာ သင်တန်းဖွင့်လှစ်


Ministry of Information/ Naypyitaw / January 23, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၂၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးသုတေသနဦးစီးဌာနက မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၅) ဖြင့် ဆောင်ရွက်သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မွေးမြူရေးတောင်သူအခြေပြု စိုက်ပျိုးရေးဘေးထွက်ပစ္စည်းများကို စားမြုံ့ပြန် သတ္တဝါ (ဒေသနွား၊ သိုး၊ ဆိတ်) များအတွက် အာဟာရပြည့်ဝသည့်အစာအဖြစ် ပြုပြင်ကျွေးမွေး၍ တစ်နိုင်တစ်ပိုင် မွေးမြူထုတ်လုပ်ရေးကို မြှင့်တင်ခြင်းစီမံကိန်းမိတ်ဆက် အလုပ်ရုံဆွေးနွေးပွဲနှင့် နည်းပညာဆိုင်ရာ သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက မင်္ဂလာသီရိဟိုတယ် Grand Ballroom ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က တိရစ္ဆာန်မွေးမြူရေး အောင်မြင်စေရန်နှင့် ရေရှည်တည်တံ့စေရန် မွေးမြူသူများအတွက် ကုန်ကျစရိတ်သက်သာမည့် တိရစ္ဆာန်အစာများ စဉ်ဆက်မပြတ်ရရှိနေရန် လိုအပ်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ပေါများစွာထွက်ရှိသည့် စိုက်ပျိုးရေးဘေးထွက်ပစ္စည်းများဖြစ်သော ကောက်ရိုး၊ ပြောင်းရိုးနှင့် ကောက်ပဲသီးနှံဘေးထွက်ပစ္စည်းများကို အာဟာရတန်ဖိုးမြင့်မားပြီး တိရစ္ဆာန်အစာအဖြစ် အကျိုးရှိစွာ အသုံးပြုနိုင်အောင်ပြုပြင်၍ စားမြုံ့ပြန်သတ္တဝါများအတွက် အစာကြမ်းရှားပါးချိန်၌ အသုံး ပြုနိုင်ရန်နှင့် အရည်အသွေးကောင်းမွန်သော အစာကြမ်းရရှိရန် စားကျက်ပင်စိုက်ပျိုးခြင်း နည်းပညာ များလည်း လိုအပ်လျက်ရှိကြောင်း။

ကြိုးစားဆောင်ရွက်

ယခုစီမံကိန်းအနေဖြင့် စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများကို စီးပွားဖြစ်တန်ဖိုးရှိသော တိရစ္ဆာန်အစာအဖြစ် ပြောင်းလဲခြင်းဖြင့် ဒေသတွင်းရှိ သဘာဝအရင်းအမြစ်များ၏ ထိရောက်သော အသုံးချမှုကို မြှင့်တင်ရန်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍအကြား ဆက်နွှယ်မှုကို အားကောင်းစေပြီး ကျေးလက် မွေးမြူတောင်သူများ၏ ဝင်ငွေအရင်းအမြစ်ကို တိုးပွားစေကာ စီးပွားရေးတည်မြဲမှုကို မြှင့်တင်ရန်၊ နည်းပညာအခြေပြု ကုန်ကျစရိတ်သက်သာပြီး ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော မွေးမြူရေးနည်းစနစ်များကို ဖြန့်ဝေခြင်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှုနှင့် လူနေမှုအဆင့်အတန်းမြှင့်တင်ရန် ရည်ရွယ်ဆောင်ရွက်မှုအပေါ် စီမံကိန်းတွင် ပူးပေါင်းပါဝင်ကြမည့်သူများအားလုံးက မျှော်မှန်းရလဒ်များ ပြည့်မီအောင် ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းကြောင်း ပြောကြားသည်။

ထို့နောက် မဲခေါင် - လန်ချန်းပူးပေါင်းဆောင်ရွက်မှုပူးပေါင်းညှိနှိုင်းရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌက အမှာစကားပြောကြားပြီး မွေးမြူရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူက စီမံကိန်းဆောင်ရွက်ရခြင်းနှင့် စီမံကိန်းလုပ်ငန်းအစီအစဉ်ကို ရှင်းလင်းတင်ပြကြကာ စီမံကိန်းကျေးရွာများမှ ကိုယ်စားလှယ်များအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ကြသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် ကျွဲ၊ နွား၊ သိုး၊ ဆိတ်စသော စားမြုံ့ပြန်တိရစ္ဆာန်မွေးမြူရေးနယ်ပယ်မှ ကျွမ်းကျင်ပညာရှင်များ၊ စီမံကိန်းဝင်ဒေသမှ မွေးမြူရေးလုပ်ကိုင်နေသော သင်တန်းသားများနှင့်အတူ ခင်းကျင်းပြသထားသော ပိုစတာစာစောင်များ၊ စိုက်ပျိုးရေးဘေးထွက်ပစ္စည်းသုံး တိရစ္ဆာန်အစာထုတ်ကုန်များကို ကြည့်ရှုကြသည်။

ယခုစီမံကိန်းကို ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဇေယျာသီရိမြို့နယ်၊ သစ်တပ်ကျေးရွာအုပ်စု ကြိုပင်ရွာ၊ သပြေပင်ရွာနှင့် ရှားစီးဖိုကျေးရွာများတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး မွေးမြူသူတောင်သူများအတွက် မိမိတို့ပတ်ဝန်းကျင်မှရရှိသော စိုက်ပျိုးရေးဘေးထွက် ပစ္စည်းများကို အရည်အသွေးကောင်းမွန်သော အစာကြမ်းအဖြစ် ပြုပြင်နည်းများ၊ ဖြည့်စွက်စာပြုလုပ် ကျွေးမွေးနည်းပညာများကို မွေးမြူရေးတောင်သူများသို့ ဖြန့်ဝေပေးပြီး လက်တွေ့လုပ်ဆောင်ကျွေးမွေးစေကာ မွေးမြူရေးကဏ္ဍတိုးတက်ရေးအတွက် စားမြုံ့ပြန်သတ္တဝါမွေးမြူရေးတွင် အဓိကကျသော အရည်အသွေးကောင်းမွန်သည့် အစာကြမ်းရရှိအောင် ပြုပြင်နည်းလမ်းများကို ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။