စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန နိုင်ငံ့ဝန်ထမ်း သားသမီး မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန နိုင်ငံ့ဝန်ထမ်း သားသမီး မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့


Ministry of Information/ Naypyitaw / May 28, 2024
image_latest


နေပြည်တော် မေ ၂၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် နေပြည်တော်ကောင်စီနယ်မြေမှ နိုင်ငံ့ဝန်ထမ်းသားသမီးများ၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မူလတန်း၊ အလယ်တန်း၊ အထက်တန်းများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ၊ ဝန်ထမ်းသားသမီး မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံ့ဝန်ထမ်းသားသမီးများကို ပညာသင်ထောက်ပံ့မှု အဖြစ် ယခင်နှစ်များနည်းတူ ကျောင်းဝတ်စုံများနှင့် စာရေးကိရိယာများကို ထောက်ပံ့ပေးအပ်ခြင်းဖြစ် ကြောင်း၊ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်မှစ၍ အခြေခံပညာအထက်တန်း Grade-10 တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုဘာသာရပ်များကို လေ့လာသင်ကြားနိုင်စေရန် စီစဉ်ထားပြီးဖြစ်၍ ကျောင်းသား ကျောင်းသူများအနေဖြင့် မိမိတို့ စိတ်ပါဝင်စားသည့်ဘာသာရပ်ကို လေ့လာနိုင်ကြမည်ဖြစ်ကြောင်း၊ ထူးချွန်မှုအလိုက် စိုက်ပျိုးရေးသိပ္ပံကျောင်းများနှင့် မွေးမြူရေးဒီပလိုမာသင်တန်းများ၊ စိုက်ပျိုးရေး တက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်များတွင် ဆက်လက်သင်ကြားခွင့် ရရှိကြမည်ဖြစ်၍ အလေးထား စဉ်းစားဆောင်ရွက်ကြရန်နှင့် မှန်ကန်စွာ ဝေဖန်ပိုင်းခြားတတ်သည့် ပညာတတ်လူငယ်များအဖြစ် နိုင်ငံတော်၏အနာဂတ်ကို ကောင်းသည်ထက်ကောင်းအောင် ပုံဖော်နိုင်ကြစေရေး အားထုတ်ကြိုးပမ်းကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ပညာသင်ယူကြမည့် မူလတန်းအဆင့် ၁၃၇၂ ဦး၊ အလယ်တန်း အဆင့် ၆၉၇ ဦး၊ အထက်တန်းအဆင့် ၇၄၇ ဦး စုစုပေါင်း ၂၈၁၆ ဦးတို့အတွက် ပညာသင်ထောက်ပံ့မှုအဖြစ် တစ်ဦးလျှင် ကျောင်းဝတ်စုံတစ်စုံ၊ ဗလာစာအုပ်တစ်ဒါဇင်၊ ခဲတံ၊ ဘောပင်တစ်ဒါဇင်ကို ထောက်ပံ့ပေးအပ်ကြရာ ကျောင်းသား ကျောင်းသူ ကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၂ ရက်၊ သြဂုတ် ၃၁ ရက်၊ စနေနေ့။


Posted on Aug 31, 2024

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၁ ရက် ၊ သြဂုတ် ၃၀ ရက် ၊ သောကြာနေ့။


Posted on Aug 30, 2024

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၀ ရက် ၊ သြဂုတ် ၂၉ ရက် ၊ ကြာသပတေးနေ့။


Posted on Aug 28, 2024

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၉ ရက်၊ သြဂုတ် ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Aug 27, 2024

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၈ ရက်၊ သြဂုတ် ၂၇ ရက်၊ အင်္ဂါနေ့။


Posted on Aug 27, 2024

၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၇ ရက်၊ သြဂုတ် ၂၆ ရက်၊ တနင်္လာနေ့။


Posted on Aug 26, 2024
AnnouncementsExplore more >

ပြည်သူများထံ အသိပေးပန်ကြားချက်

Posted on Aug 31, 2024

ပြည်တွင်းတွင် သာမန်မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားလာမှုနှင့် ပတ်သက်၍ ၁-၉-၂၀၂၄ ရက်မှစ၍ စာအုပ်ဖိုးငွေ ၃၅၀၀၀ ကျပ်မှ ၄၀၀၀၀ ကျပ်သို့ ပြောင်းလဲသတ်မှတ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ် စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၃၄/၂၀၂၄)

Posted on Aug 30, 2024

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ် စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၃၄/၂၀၂၄)

HOT NEWS
January 4,