စိုက်ပျိုးသူတောင်သူများအတွက် သွင်းအားစုများဖြည့်ဆည်းထောက်ပံ့
စိုက်ပျိုးသူတောင်သူများအတွက် သွင်းအားစုများဖြည့်ဆည်းထောက်ပံ့
Ministry of Information/ Naypyitaw / April 03, 2026
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများစားရေရိက္ခာဖူလုံရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။ ပြည်သူအများစုသည် ကျေးလက်ဒေသများတွင်နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ကြသည်။ ပြည်သူများအတွက် စားရေရိက္ခာဖူလုံပိုလျှံရေး၊ တောင်သူလယ်သမားများအတွက် လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ရေးကို အလေးထားဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်သည်။
လက်ရှိကာလတွင် အရှေ့အလယ်ပိုင်းဒေသ၌ ဖြစ်ပေါ်နေသော ပဋိပက္ခများကြောင့် စက်သုံးဆီရှားပါးမှုများကို ကမ္ဘာတစ်ဝန်း ကြုံတွေ့ခံစားနေကြရသည်။ ယခုကာလတွင် စက်သုံးဆီဈေးနှုန်းကြီးမြင့်လာမှုနှင့်အတူ ဒေါ်လာဈေးနှုန်းများလည်း အနည်းငယ်မြင့်မားလာသဖြင့် ပြည်ပသွင်းကုန်တန်ဖိုးများအားလုံး လိုက်ပါမြင့်တက်လာသည်ကို တွေ့ရမည်ဖြစ်သည်။ စက်သုံးဆီဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းတို့ မြင့်တက်လာသည်နှင့်အမျှ ကုန်ပစ္စည်းဈေးနှုန်းများလည်း လိုက်ပါမြင့်တက်လာနိုင်သည်။ ထို့ကြောင့် အများပြည်သူသယ်ယူပို့ဆောင်ရေးအတွက် လိုအပ်သည့် စက်သုံးဆီလုံလောက်ရေးကို နိုင်ငံတော်က စီမံဆောင်ရွက်ပေးနေသလို ကုန်ထုတ်လုပ်ငန်းများ စဉ်ဆက်မပြတ်လည်ပတ်ရေးအတွက် စက်သုံးဆီကို ဖြည့်ဆည်းပေးလျက်ရှိသည်။
လက်ရှိကာလတွင် စက်သုံးဆီအခက်အခဲများကြောင့် မော်တော်ယာဉ်ပိုင်ရှင်များအတွက် အခက်အခဲများရှိကြသည်ဖြစ်သော်လည်း မြန်မာတစ်နိုင်ငံလုံး စားရေရိက္ခာဖူလုံရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးနေသော တောင်သူလယ်သမား ဦးကြီးများအတွက်လိုအပ်သည့် ရေ၊ စက်သုံးဆီ၊ ဓာတ်မြေဩဇာစသည့်သွင်းအားစု လိုအပ်ချက်များကိုလည်း လစ်ဟင်းမှုမရှိအောင် ဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဖြစ်သည်။ အထူးသဖြင့် ပြည်ပသွင်းအားစုများဖြစ်သည့် စက်သုံးဆီနှင့် ဓာတ်မြေဩဇာပြတ်လပ်မှုမဖြစ်စေရေး နိုင်ငံတော်အစိုးရက အလေးထားဆောင်ရွက်ပေးလျက်ရှိသည်။ ရေတင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရာတွင် စက်သုံးဆီလိုအပ်ချက်ကို လျှော့ချနိုင်ရန်အတွက် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်မြစ်ရေတင် လုပ်ငန်းများကို ဆောင်ရွက်ပေးရမည်ဖြစ်သည်။
“လောင်စာဆီဈေးနှုန်းမြင့်တက်လာမှုနှင့်အတူ ဓာတ်မြေဩဇာဈေးနှုန်းများ မြင့်တက်လာမှုကြောင့် ဓာတ်မြေဩဇာသုံးစွဲမှုများ လျှော့ချနိုင်ရေးနှင့် သဘာဝမြေဩဇာများကို ပိုမိုသုံးစွဲနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက်မဖြစ်မနေလိုအပ်သည့် ဓာတ်မြေဩဇာများကို စိုက်ပျိုးရေးတောင်သူများလက်ဝယ်သို့ ဈေးနှုန်းသက်သာစွာဖြင့် ရောက်ရှိစေရေးအတွက် ထောက်ပံ့ပေးခြင်းနှင့် အခွန်အခကောက်ခံခြင်းများကို တတ်နိုင်သမျှ လျှော့ချပေးခြင်းများ ဆောင်ရွက်ပေးနိုင်ကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူများ၏ စားရေရိက္ခာဖူလုံရေးအတွက် အဓိကထားကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း” ဧပြီလ ၁ ရက်နေ့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
လောက၌ အရေးအကြီးဆုံး အရေးသုံးပါးရှိသည့်အနက် စားရေးသည်အရေးအကြီးဆုံးဖြစ်သည်။ စားရေရိက္ခာဖူလုံရေးအတွက် လက်ရှိဖြစ်ပေါ်နေသော အခက်အခဲများကို ပြေလည်အောင်ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။ ဖြစ်ပေါ်လာသော ပဋိပက္ခများကြောင့် ဈေးနှုန်းမြင့်မားလာသော နိုင်ငံခြားငွေကြေးကို လျှော့ချသုံးစွဲရန်လိုအပ်လာသည်။ ပြည်တွင်းစားသုံးဆီလိုအပ်ချက်အရ ပြည်ပမှ စားသုံးဆီနှစ်စဉ်တင်သွင်းနေရသဖြင့် နိုင်ငံခြားငွေ များစွာသုံးစွဲနေရသည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသည့် ဆီထွက်သီးနှံများဖြစ်သော နေကြာ၊ ပဲပုပ်၊ နှမ်းတို့ကို တိုးချဲ့စိုက်ပျိုးကြရမည်ဖြစ်သည်။ အဓိကအားဖြင့် နေကြာစိုက်ပျိုးထုတ်လုပ်ခြင်းကို ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်ပမှ စားသုံးဆီတင်သွင်းမှုကို လျှော့ချနိုင်မည်ဖြစ်ရာ နိုင်ငံခြားငွေသုံးစွဲမှုကိုလည်း လျှော့ချနိုင်မည်ဖြစ်သည်။ အလားတူ အခြားစိုက်ပျိုးသီးနှံမျိုးစုံတို့ကိုလည်း အထွက်တိုးအောင် တောင်သူလယ်သမားများ လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဖြစ်သည်။
သို့ဖြစ်ရာ ပြည်သူများအားလုံးအတွက် လိုအပ်သည့်စားရေရိက္ခာဖူလုံ လောက်ငရေးကို နေ့စဉ်ဖြည့်ဆည်းဆောင်ရွက်ပေးနေသည့် တောင်သူလယ်သမား ဦးကြီးများ၏ လိုအပ်ချက်ဖြစ်သည့် သွင်းအားစုများကို အတတ်နိုင်ဆုံးဖြည့်ဆည်းပေးနိုင်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်နေကြသည့် တောင်သူလယ်သမားများ လိုအပ်လျက်ရှိသော ဓာတ်မြေဩဇာများကို ဈေးနှုန်းသက်သာစွာဖြင့် တောင်သူလယ်သမားများလက်ဝယ်အရောက် နိုင်ငံတော်အပိုင်းမှ တတ်နိုင်သမျှ ဖြန့်ဖြူးပေးသွားမည်ဖြစ်သလို တောင်သူလယ်သမား ဦးကြီးများအနေဖြင့်လည်း နိုင်ငံခြားငွေလျော့နည်းသက်သာစေရန်အတွက် သဘာဝမြေဩဇာများကို ပိုမိုသုံးစွဲကြပြီး ကုန်ထုတ်လုပ်ငန်းများမြင့်မားတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ကြရန် အလေးအနက် တိုက်တွန်းအပ်ပါကြောင်း။ ။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
