စီးပွားရေးလုပ်ငန်းရှင်အသင်းများမှ တာဝန်ရှိသူများ၏ ၂၀၂၆ ခုနှစ် နှစ်သစ်မင်္ဂလာ ဆုတောင်းစကားသံများ

စီးပွားရေးလုပ်ငန်းရှင်အသင်းများမှ တာဝန်ရှိသူများ၏ ၂၀၂၆ ခုနှစ် နှစ်သစ်မင်္ဂလာ ဆုတောင်းစကားသံများ


Ministry of Information/ Naypyitaw / January 01, 2026
image_latest


ဦးမျိုးမြင့် (ဥက္ကဋ္ဌ MKT Construction Company Ltd.)

၂၀၂၆ နှစ်သစ်မှစတင်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး အေးချမ်းသာယာငြိမ်းချမ်းခြင်းနဲ့ ပြီးပြည့်စုံပါစေ။ ပြည်သူများအားလုံးလည်း စိတ်ချမ်းသာကိုယ်ကျန်းမာပြီး လုံခြုံအေးချမ်းသောဘဝများကို ပိုင်ဆိုင်နိုင်ပါစေ။ ဥစ္စာစီးပွား များလည်း ပြည့်စုံဖြိုးမောက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

ဦးမောင်မောင်ဇော် (ဥက္ကဋ္ဌ မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း)

၂၀၂၅ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်သို့ ကူးပြောင်းတဲ့ နှစ်သစ်မင်္ဂလာအချိန် ကာလမှစ၍ မြန်မာပြည်သူ ပြည်သားများ၊ အသင်းဝင်စားသုံးသူ မိဘပြည်သူများ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်။

နှစ်သစ်မှစ၍ ဘေးဘယာတွေကင်းဝေးပြီး ကျန်းမာချမ်းသာစွာ အေးချမ်းသာယာစွာဖြင့် လိုရာဆန္ဒပြည့်ဝကြပါစေ၊ မြန်မာနိုင်ငံရှိ နိုင်ငံသူ နိုင်ငံသားအားလုံး သာယာဝပြောပါစေကြောင်း ဆုမွန်ကောင်းတောင်းပါတယ်။

ဦးမောင်မောင်ဆန်း (ဘဏ္ဍာရေးမှူး မြန်မာနိုင်ငံကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်း)

မင်္ဂလာရှိတဲ့ ၂၀၂၆ ခုနှစ် နှစ်ဆန်းချိန်မှစပြီး မြန်မာနိုင်ငံသူ နိုင်ငံသားတွေ၊ ကမ္ဘာသူ ကမ္ဘာသား အားလုံးသော ခုနစ်ရက်သားသမီး သူတော်ကောင်းအပေါင်းတို့ စိတ်သစ်၊ လူသစ်ဖြင့် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ၊ စီးပွားဥစ္စာရတနာတွေလည်း တစ်နေ့တခြား ဒီရေအလားကဲ့သို့ တိုးတက်ကြီးပွားနိုင်ကြပါစေ၊ လိုအင်ဆန္ဒများ နဲ့လည်း ပြည့်ဝကြပါစေ၊ ရောဂါဘယများလည်း ကင်းဝေးကြပါစေ၊ မြန်မာနိုင်ငံကြီး အေးချမ်းသာယာပါစေကြောင်း၊ ငြိမ်းချမ်းပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

ဦးကံညွန့် (ဥက္ကဋ္ဌ မြန်မာနိုင်ငံလုံးဆိုင်ရာ ဖိနပ်လုပ်ငန်းရှင်များဗဟိုအဖွဲ့ချုပ်)

၂ဝ၂၆ ခုနှစ်၊ နှစ်သစ်ကူးအခါသမယမှာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း အလုံးစုံပြည့်ဝကြပါစေ။ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို နိုင်ငံသူ၊ နိုင်ငံသားများအားလုံး၊ မဲပေးခွင့်ရှိသူများအားလုံး တက်တက်ကြွကြွမဲပေးပြီး ဒီမိုကရေစီအုပ်ချုပ်ရေး အစိုးရတစ်ရပ် ပေါ်ပေါက်လာရန်မှာ နိုင်ငံသူ၊ နိုင်ငံသားအားလုံး၏ တာဝန်သာဖြစ်ပါတယ်။

ကျွန်တော်များ မြန်မာနိုင်ငံလုံးဆိုင်ရာ MSME Cluster ဖိနပ်လုပ်ငန်းရှင်များ ဗဟိုအဖွဲ့ချုပ်ဟာ ဒီမိုကရေစီအရ တရားဝင်တက်ရောက်လာတဲ့ အစိုးရအဖွဲ့နဲ့ပူးပေါင်း ဆောင်ရွက်ပြီး အသေးစား၊ အလတ်စား ပြည်တွင်းထုတ်လုပ်ငန်းများ ပိုမိုဖြစ်ထွန်း တိုးတက်လာနိုင်ရေးအတွက် အထူးကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပြီး ဒီမိုကရေစီနိုင်ငံတော်သစ် ဖြစ်ထွန်း ပေါ်ပေါက်လာနိုင်ရေးမှာလွန်စွာမှ အရေးကြီးသည့် အချိန်အခါဖြစ်ပြီး ဒီမိုကရေစီ အစိုးရသစ်ပေါ်ပေါက်လာမှသာ နိုင်ငံတော်ကြီး ယခုထက်ပိုမိုသာယာဝပြော၍ နိုင်ငံသူ၊ နိုင်ငံသားအားလုံး လိုအင်ဆန္ဒများ၊ စီးပွားဥစ္စာဓနများ ဖွံ့ဖြိုးတိုးတက်နိုင်ပါစေလို့ နှစ်သစ်ကူး ဆုမွန်တောင်းလိုက်ပါတယ်။

ဦးနန္ဒကျော် (ဥက္ကဋ္ဌ မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း)

၂၀၂၅ နှစ်ဟောင်းကုန်လို့ ၂၀၂၆ နှစ်သစ်ရောက်တော့မည်။ အချိန်ကာလတွေ တရွေ့ရွေ့ကူးပြောင်းခဲ့တာနှစ်များ စွာ။ ဒီနှစ်အတွက် ထူးခြားမှုကအမှောင်ထုတွေ ကုန်ဆုံးလို့ မျှော်လင့်ချက်ရောင်နီ တွေမြင်လာရတဲ့ကာလတစ်ခုပါ။ ကပ်ဘေးနဲ့အခက်အခဲမျိုးစုံကို ကြံ့ကြံ့ခံရင်ဆိုင် ကျော်လွှားခဲ့ရတဲ့ မြန်မာပြည်ကြီးဟာ မကြာခင် မင်္ဂလာတွေ ဖြာဖြာဝေတဲ့ ရွှေရောင်နေ့သစ်တွေဆီ ပြန်လည်ရောက်ရှိမယ်လို့ ယုံကြည်မျှော်လင့်မိပါတယ်။

နိုင်ငံရေး၊ စီးပွားရေးပြန်လည်ကောင်းမွန်လာမယ့် အရိပ်အယောင်တွေမြင်တွေ့နေရပါပြီ။ ရရှိလာတဲ့အခွင့်အလမ်းသစ်တွေကို မိသားစုအကျိုး၊ မိမိဒေသအကျိုး၊ နိုင်ငံ့အကျိုးအတွက် ထိထိရောက်ရောက် ဆုပ်ကိုင်အသုံးချနိုင်ဖို့ ပြင်ဆင်ထားကြရပါမယ်။ အခြေအနေအကြောင်းကြောင်းကြောင့် ကြုံတွေ့လာတဲ့စိန်ခေါ်မှုတွေကို အတူတကွရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့တဲ့ မြန်မာပြည်သူ ပြည်သားတွေရဲ့ ကြံ့ကြံ့ခိုင်တဲ့စိတ်ဓာတ်ကို လေးစားမိပါတယ်။ အခက်ခဲဆုံးအချိန်မှာတောင် မိမိမြေ၊ မိမိရေကို ပြစ်ပယ်မသွားဘဲ ဆိုးတူကောင်းဖက် ခရီးဆက်ခဲ့ကြတာ လေးစားစရာပါ။ ရွေးကောက်ပွဲအလွန် နိုင်ငံရေးတည်ငြိမ် ကောင်းမွန်လာနိုင်မှုနဲ့အတူ ပြည်ပရင်းနှီးမြှုပ်နှံမှု စီးပွားရေးအခွင့်အလမ်းသစ်တွေ ပါလာပါလိမ့်မယ်။ ပြီးခဲ့တာတွေ သင်ခန်းစာယူလို့ အနာဂတ်သစ်ဆီ၊ ဖွံ့ဖြိုးတိုးတက်မှုတွေဆီ မျိုးဆက်သစ်တို့နဲ့အတူ မောင်းနှင်ချီတက်လိုပါတယ်။

အမြော်အမြင်ကြီးမားတဲ့ ခေါင်းဆောင်များနဲ့ ကြံ့ကြံ့ခံနိုင်တဲ့ ပြည်သူပြည်သားတွေ တွဲလက်ညီညီနဲ့ ဆောင်ရွက်ကြရင် ဆယ်စုနှစ်အနည်းငယ်အတွင်းမှာ ရွှေရောင်လွှမ်းတဲ့ အောင်မြင်မှုတွေ ပိုင်ဆိုင်လာမှာ မြေကြီးလက်ခတ်မလွဲပါ။ စိတ်ရှည်သည်းခံမှု၊ စာနာနားလည်မှုများနဲ့အတူ တိုင်းပြည်နဲ့ လူမျိုးအကျိုး ကျရာတာဝန်ကိုယ်စီဖြည့်ဆည်းရင်း အမိ မြန်မာနိုင်ငံတော်ကြီး အေးချမ်းခေတ်မီစွာ ဖွံ့ဖြိုးတိုးတက်လာပါစေကြောင်း၊ အောင်မြင်မှုအသီးအပွင့်တွေကို အားလုံးမျှဝေခံစားနိုင်ကြပါစေကြောင်း နှစ်သစ်မှာ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။