စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းများ ဂုဏ်ပြုပွဲနှင့် နှစ်သစ်ကူး ညစာစားပွဲကျင်းပ

စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းများ ဂုဏ်ပြုပွဲနှင့် နှစ်သစ်ကူး ညစာစားပွဲကျင်းပ


Ministry of Information/ Naypyitaw / January 02, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၁

စွမ်းအင်ဝန်ကြီးဌာန နှစ်(၄၀)ပြည့် ပတ္တမြားရတုအထိမ်းအမှတ်အခမ်းအနား၊ သန်လျင်ရေနံချက်စက်ရုံ ရာပြည့်အခမ်းအနားနှင့် စွမ်းအင်ပြတိုက်ဖွင့်ပွဲတို့ကို အောင်မြင်စွာ ကျင်းပခဲ့သည့်အတွက် ဝန်ထမ်းများ ဂုဏ်ပြုပွဲနှင့် နှစ်သစ်ကူးညစာစားပွဲကို ယမန်နေ့ညနေပိုင်းတွင် စွမ်းအင်ဝန်ကြီးဌာန ရေနံ့သာခန်းမအပေါ်ထပ်၌ ကျင်းပသည်။

ဂုဏ်ပြုပွဲသို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး ရေနံမြေ၊ စက်ရုံများနှင့် တိုင်းဒေသကြီး/ ပြည်နယ်ရုံးခွဲများရှိ အရာထမ်း၊ အမှုထမ်းများက Video Conferencing ဖြင့် တက်ရောက်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းများအနေဖြင့် ၂၀၂၅ ခုနှစ်အတွင်း မိမိတို့လုပ်ငန်းတာဝန်များကို ကျရာအခန်းကဏ္ဍမှ ကြိုးကြိုးစားစား ဆောင်ရွက်ခဲ့ကြသည်ကို အသိအမှတ်ပြုဂုဏ်ပြုပါကြောင်း၊ လာမည့် ၂၀၂၆ ခုနှစ်မှ နောင်နှစ်များစွာ နိုင်ငံတော်၏ စွမ်းအင်ကဏ္ဍပိုမို ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း၊ ၂၀၂၅ ခုနှစ်သည် စွမ်းအင်ဝန်ကြီးဌာန၏ နှစ်(၄၀) ပြည့် ပတ္တမြားရတုကျရောက်သည့် နှစ်တစ်နှစ်ဖြစ်သလို သန်လျင်ရေနံချက်စက်ရုံ၏ နှစ်(၁၀၀) ပြည့်မြောက်သည့်နှစ် ဖြစ်သည့်အတွက် ဂုဏ်ပြုသောအားဖြင့် စွမ်းအင်ပြတိုက်အား အောင်မြင်ခမ်းနားစွာ ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ အခမ်းအနားကို အောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်ခဲ့သည့်အတွက် အမြဲတမ်းအတွင်းဝန်နှင့် အဘက်ဘက်မှ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများအား ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း။

ပိုမိုတိုးတက်အောင်မြင်အောင်ကြိုးစား

“2025, the Year of Myanmar Energy” ဆောင်ပုဒ်နှင့်အညီ ကြိုးပမ်းဆောင်ရွက်ခဲ့ကြရာ အောင်မြင်မှုများအနေဖြင့် အလားအလာကောင်း သည့် ရေနံမြေသစ်များရှာဖွေနိုင်ခဲ့ခြင်း၊ သက်တမ်း ရင့်ရေနံမြေများရှိ ပါးလွှာသဲကြောများတွင် ခေတ်မီနည်းပညာအသုံးပြု၍ လေ့လာသုတေသနပြုလုပ်ပြီး ဆောင်ရွက်ခဲ့ရာမှ ရေနံနှင့် သဘာဝဓာတ်ငွေ့များ တိုးမြှင့်ထုတ်လုပ်နိုင်ခဲ့ခြင်း၊ “ပြည်သူလူထု၏ သယံဇာတအား ပြည်သူလူထုထံသို့” ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းထုတ် RON 68 နှင့် RON 77 ဓာတ်ဆီတို့အား ချိုသာသော ဈေးနှုန်းဖြင့် သုံးစွဲသူပြည်သူများထံသို့ တိုက်ရိုက်ရောင်းချပေးနိုင်ခြင်း၊ နိုင်ငံအတွက်လိုအပ်သည့် ရေနံထွက်ပစ္စည်းများအား ပြည်တွင်းတွင် ကိုယ်တိုင်ချက်လုပ်သုံးစွဲနိုင်မည့် သန်လျင်ရေနံချက် စက်ရုံဝင်းအတွင်း တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် ငါးသိန်းချက်လုပ်နိုင်သော ရေနံချက်စက်ရုံအား ပထမအဆင့်အနေဖြင့် တည်ဆောက်နိုင်ခြင်း၊ ဒုတိယ အဆင့်အနေဖြင့်လည်း တစ်နှစ်လျှင် ရေနံစိမ်း တန်ချိန်သုံးသန်းချက်လုပ်နိုင်သော ရေနံချက်စက်ရုံအား တည်ဆောက်နိုင်ရေး စီမံဆောင်ရွက်နိုင်ခဲ့ခြင်း၊ သက်တမ်းရင့် ရေနံမြေများတွင် ပြည်တွင်းပြည်ပ ကုမ္ပဏီများနှင့် ရေနံအထွက်တိုးရေး ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ခြင်းများသည် ၂၀၂၅ ခုနှစ်၏ အောင်မြင်မှုရလဒ်များ ဖြစ်ပါကြောင်း၊ နောင်နှစ်များတွင်လည်း ယခုနှစ်အောင်မြင်မှုများ၏အားကို ရယူပြီး ပိုမိုတိုးတက်အောင်မြင်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများအား နှစ်သစ်ကူးအကြို ကမ်စမ်းမဲဖောက်ပေးပြီး ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအားဆုများ ပေးအပ်ချီးမြှင့်၍ နှစ်(၄၀)ပြည့် ပတ္တမြားရတု အထိမ်းအမှတ်အခမ်းအနား၊ သန်လျင်ရေနံချက်စက်ရုံ ရာပြည့် အခမ်းအနားနှင့် စွမ်းအင်ပြတိုက် ဖွင့်ပွဲအခမ်းအနားတို့ကို အောင်မြင်စွာကျင်းပနိုင်ရေး ဦးစီးဆောင်ရွက်နိုင်ခဲ့သည့် အမြဲတမ်းအတွင်းဝန်အား ဆုချီးမြှင့် ပေးအပ်သည်။

ဆက်လက်၍ စွမ်းအင်ဝန်ကြီးဌာန နှစ်(၄၀)ပြည့် ပတ္တမြားရတု အထိမ်းအမှတ်အခမ်းအနား၊ သန်လျင်ရေနံချက်စက်ရုံ ရာပြည့်အခမ်းအနားနှင့် စွမ်းအင်ပြတိုက်ဖွင့်ပွဲ အခမ်းအနားတို့တွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများကို နှစ်သစ်ကူးဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။         

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။