ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနရှိ လစ်လပ်ရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနရှိ လစ်လပ်ရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း
Ministry of Transport and Communications/ Naypyitaw / September 23, 2025

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော အောက်ဖော်ပြပါ ရာထူးနေရာများအတွက် သတ်မှတ် အရည်အချင်းနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်။
လျှောက်လွှာတွင်ပါရှိသော အချက်အလက်များ ပြည့်စုံစွာဖော်ပြရမည်။ လျှောက်လွှာများကို အောက်ပါစာရွက်စာတမ်းများ ပူးတွဲလျက် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်)၊ ရုံးအမှတ် (၂)၊ နေပြည်တော်နှင့် အမှတ်(၁၂၅)၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးခွဲသို့ (၂၄-၁၀-၂၀၂၅) ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ရမည်။
လျှောက်ထားသူများသည် စာမေးပွဲကြေး ကျပ် ၃၀၀ဝိ/-(ကျပ် သုံးထောင်တိတိ)ကို နေပြည်တော်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ဖွင့်လှစ်ထားသော ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ငွေစာရင်းအမှတ် MD 011092 သို့ ပေးသွင်းနိုင်သည်။ သတ်မှတ်ထားသော လျှောက်လွှာပုံစံကို ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ၏ Website (www.ptd.gov.mm) တွင် Download ရယူနိုင်ပါသည်။
လျှောက်လွှာနှင့်စပ်လျဉ်း၍ လျှောက်လွှာလက်ခံရန် သတ်မှတ်ထားသောရက်ထက် နောက်ကျခြင်းနှင့် စာရွက်စာတမ်းများ ပြည့်စုံခြင်းမရှိပါက အဆိုပါလျှောက်လွှာများအား လက်ခံစဉ်းစားမည်မဟုတ်ပါ။ အသေးစိတ်သိရှိလိုသော အချက်အလက်များကို ဖုန်းနံပါတ် ၀၆၇-၃၄၀၇၂၅၀၊ ၀၉-၅၄၂၁၁၀၆ နှင့် ၀၉-၄၂၄၀၀၀၆၃၈ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။ (အကြောင်းအမျိုးမျိုးကြောင့် နေ့ရက်၊ အချိန် ပြောင်းလဲမှုဖြစ်ပေါ်ပါက ထပ်မံအကြောင်းကြားသွားမည်ဖြစ်ပါသည်။)
PTD မှခေါ်ယူသောလစ်လပ်ရာထူးနေရာများ

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၃ ရက်၊ စက်တင်ဘာ ၁၉ ရက်၊ သောကြာနေ့။
Posted on Sep 19, 2025
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဇမ္ဗူသီရိအထူးကုဆေးရုံကြီးမှ အလုပ်လျှောက်လွှာခေါ်ယူခြင်း
Posted on Sep 23, 2025နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဇမ္ဗူသီရိအထူးကုဆေးရုံကြီးမှ အလုပ်လျှောက်လွှာခေါ်ယူခြင်း
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်း
Posted on Sep 23, 2025ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်း
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ
Posted on Sep 21, 2025နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ