ဆင်ဆင်ခြင်ခြင်၊ ဝေးဝေးကရှောင်ကြဉ်

ဆင်ဆင်ခြင်ခြင်၊ ဝေးဝေးကရှောင်ကြဉ်


Ministry of Information/ Naypyitaw / December 01, 2025
image_latest


အေအိုင်ဒီအက်စ်ရောဂါနှင့် ဆက်စပ်သည့် သေဆုံးမှုများသည် ၂၀၀၄ ခုနှစ်တွင် အမြင့်ဆုံးဖြစ်ခဲ့ပြီး ၎င်းအခြေအနေမှ ယခုအချိန်တွင် ၇၀ ရာခိုင်နှုန်းခန့်အထိ ကျဆင်းလာခဲ့ပြီဖြစ်သည်။ အိတ်ချ်အိုင်ဗွီပိုး ကူးစက်မှုအသစ်ဖြစ်ပွားမှုတွင်လည်း ၁၉၈၀ ပြည့်လွန်နှစ်များနောက်ပိုင်းတွင် အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ သို့ရာတွင် ကမ္ဘာတစ်ဝန်း၌ အေအိုင်ဒီအက်စ်ရောဂါကြောင့် သေဆုံးသူသည် တစ်မိနစ်တိုင်းတွင် တစ်ယောက်နှုန်းရှိနေခြင်းနှင့် အိတ်ချ်အိုင်ဗွီပိုးကူးစက်မှုမြင့်မားသည့် နိုင်ငံများစာရင်းတွင် မိမိတို့နိုင်ငံပါဝင်နေခြင်းတို့က အိတ်ချ်အိုင်ဗွီ/ အေအိုင်ဒီအက်စ်ကို မေ့လျော့ပေါ့ဆမှုမပြုရန် သတိပေးနေခြင်းပင်ဖြစ်သည်။

ခရစ်နှစ် ၂၀၃၀ ပြည့်နှစ်တွင် အေအိုင်ဒီအက်စ်ရောဂါကို ပြည်သူ့ကျန်းမာရေးခြိမ်းခြောက်မှုတစ်ခုအဖြစ်မှ အဆုံးသတ်နိုင်ရေးအတွက် ကုလသမဂ္ဂကဦးဆောင်ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း မိမိတို့ တစ်ဦးချင်းအနေဖြင့်မူ ဂရုပြုနေထိုင်ရန် လိုအပ်နေဆဲဖြစ်သည်။ ၂၀၂၄ ခုနှစ်တွင် ကမ္ဘာတစ်ဝန်းလုံး၌ အိတ်ချ်အိုင်ဗွီပိုးရှိနေသူ ၄၀ ဒသမ ၈ သန်းခန့်ရှိနေပြီး အေအိုင်ဒီအက်စ်နှင့် ဆက်စပ်သည့်ရောဂါများကြောင့် သေဆုံး သူ ၆၃၀၀၀၀ ရှိခဲ့သည်။ အိတ်ချ်အိုင်ဗွီကူးစက်မှုအသစ် ၁ ဒသမ ၃ သန်းရှိပြီး အေအာတီ (antiretroviral therapy) ကုထုံးခံယူ သူဦးရေမှာ ၃၁ ဒသမ ၆ သန်းထိ ရောက်ရှိခဲ့သည်။

အိတ်ချ်အိုင်ဗွီပိုးရှိသူ စုစုပေါင်း၏ ၅၃ ရာခိုင်နှုန်းမှာ အမျိုးသမီးများနှင့် မိန်းကလေးများဖြစ်ကြပြီး အိတ်ချ်အိုင်ဗွီပိုး ကူးစက်ခံထားရသူအများစုတို့မှာ ၎င်းတို့၏အခြေအနေကို သိကြသော်လည်း ၅ ဒသမ ၃ သန်းခန့်တို့မှာ မသိကြဟုဆိုသည်။ မျက်မှောက်ကာလတွင် အိတ်ချ်အိုင်ဗွီ/ အေအိုင်ဒီအက်စ်နှင့် စပ်လျဉ်း၍ ကုသမှုခံယူနိုင်မှုအခြေအနေများ ယခင်ထက် ပိုမိုကောင်းမွန်လာပြီဖြစ်သော်လည်း ကမ္ဘာတစ်ဝန်းရှိ လူများစွာအတွက် အကြောင်းအမျိုးမျိုးဖြင့် အိတ်ချ်အိုင်ဗွီကာကွယ်မှုနှင့် ကုသမှုတို့ရရှိရန် အလှမ်းဝေးလျက်ရှိသည်။

အိတ်ချ်အိုင်ဗွီပိုးကူးစက်မှုနည်းလမ်းများမှာ ပိုးရှိသူနှင့် အကာအကွယ်မပါဘဲ (လိင်တူ/လိင်ကွဲ) လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်ခြင်း၊ ပိုးရှိသူအသုံးပြုပြီးသော မသန့်ရှင်းသော ဆေးထိုးအပ်၊ ဆေးထိုးကိရိယာများနှင့် မူးယစ်ဆေးထိုးသွင်းခြင်း၊ ဆေးထိုးအပ်များ မျှဝေသုံးစွဲခြင်း၊ ပိုးရှိသော သွေးသွင်းမိရာမှ ကူးစက်ခြင်း၊ ပိုးရှိသော ကိုယ်ဝန်ဆောင်မိခင်မှ သန္ဓေသားသို့ ကူးစက်ခြင်းတို့ဖြစ်ရာ ဂရုပြု၍ ရှောင်ကြဉ်ကြရမည်ဖြစ်သည်။ လိင်လုပ်သားများနှင့် ၎င်းတို့၏လိင်ဆက်ဆံဖက်များ၊ အမျိုးသားချင်းလိင်တူဆက်ဆံသူများ၊ မူးယစ်ဆေးသွေးကြောထဲ ထိုးသွင်းသုံးစွဲသူများမှာ ပိုးကူးစက်ခံရနိုင်ခြေရှိသူများဖြစ်ရာ လိင်မှုကိစ္စနှင့်မူးယစ်ဆေးဝါးသုံးစွဲမှုတို့ ရှောင်ကြဉ်ကြရန်လည်း တိုက်တွန်းလိုသည်။ ထို့အပြင် ဆေးထိုးအပ်များ၊ ဆေးသွင်းပြွန်များ စသည်တို့ကို တစ်ခါသုံးများ သုံးစွဲခြင်း (သို့မဟုတ်) စနစ်တကျပိုးသတ်ပြီးမှ သုံးစွဲခြင်း၊ မုတ်ဆိတ်ရိတ်သည့် ဘလိတ်ဓား၊ သင်တုန်းဓား၊ သွားပွတ်တံတို့ကို တစ်ကိုယ်ရေသုံးစွဲခြင်း၊ သွေးသွင်းမှုခံယူရသည့်အခါတွင် လက်ခံရမည့် သွေးထဲ၌ အိတ်ချ်အိုင်ဗွီပိုးကင်းရှင်းမှု ရှိမရှိ သေချာစွာစစ်ဆေးခြင်း၊ အခြားသူများ၏ သွေး သို့မဟုတ် ကိုယ်တွင်းမှ အရည်များနှင့် ထိတွေ့ရသည့်အလုပ်ကို လုပ်ကိုင်ရသူများမှာ လက်အိတ်အပါအဝင် လုံလောက်သော အကာအကွယ်ဝတ်စုံများ ဝတ်ဆင်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များ အိတ်ချ်အိုင်ဗွီပိုးတွေ့ရှိပါက စောစီးစွာ ကုသမှုခံယူခြင်း၊ ကလေးမွေးဖွားပြီးနောက်တွင်လည်း ကလေးကို အိတ်ချ်အိုင်ဗွီပိုးရှိနေသည့် မိခင်နို့မတိုက်ကျွေးဘဲ အထူးဖော်စပ်ထားသည့်နို့မှုန့်ကို တိုက်ကျွေးခြင်းနည်းလမ်းများဖြင့် အိတ်ချ်အိုင်ဗွီကူးစက်မှုကို ရှောင်ကြဉ်ကြရမည်ဖြစ်သည်။

ယခုအခါ အိတ်ချ်အိုင်ဗွီကုထုံးများမှာ တိုးတက်လာခဲ့ပြီဖြစ်ရာ ဝေဒနာရှင်များအဖို့ သက်တမ်းစေ့နေနိုင်ရန် ယခင်ထက် ပို၍မျှော်လင့်လာနိုင်ကြပြီဖြစ်သည်။ အိတ်ချ်အိုင်ဗွီပိုး ကူးစက် ခံရမည့်အပြုအမူ အနေအထိုင်မျိုးကို ရှောင်ကြဉ်ခြင်း၊ ရောဂါပိုးကူးစက်ခံရပါက စောစီးစွာကုသမှုခံယူခြင်းတို့က အသက်ရှည်ကျန်းမာမှုအတွက် အရေးပါသည်။ အိတ်ချ်အိုင်ဗွီပိုး ကူးစက်မှုစုစုပေါင်း၏ ထက်ဝက်ကျော်မှာ အမျိုးသမီးများ၊ မိန်းကလေးများဖြစ်နေပြီး ထက်ဝက်ခန့်မှာ လူငယ်များဖြစ်လျက်ရှိရာ မျက်မှောက်ခေတ်၏ လူမှုဘဝပတ်ဝန်းကျင်တွင် ဆင်ခြင်နေထိုင်ကြရပါမည့်အကြောင်း။ ။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။