ဆင်လမ်း (၂) ရေလှောင်တမံနှင့် ပင်တီးရေလှောင်တမံစီမံကိန်းဆောင်ရွက်ရန် လျာထားနေရာများ ကွင်းဆင်းကြည့်ရှု

ဆင်လမ်း (၂) ရေလှောင်တမံနှင့် ပင်တီးရေလှောင်တမံစီမံကိန်းဆောင်ရွက်ရန် လျာထားနေရာများ ကွင်းဆင်းကြည့်ရှု


Ministry of Information/ Naypyitaw / December 19, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၁၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပြင်ဦးလွင်မြို့နယ် ဆင်ဖြူအင်းကျေးရွာအနီး ဆင်ဖြူချောင်းပေါ်တွင် ဆင်လမ်း (၂) ရေလှောင်တမံနှင့် ပင်တီးကျေးရွာအနီး သဗြိုက်ချောင်းပေါ်ရှိ ပင်တီးရေလှောင်တမံ တည်ဆောက်နိုင်မည့် လျာထားနေရာများကို ကွင်းဆင်းကြည့်ရှုသည်။

ထိုသို့ကြည့်ရှုစဉ် တာဝန်ရှိသူများက ရေလှောင်တမံစီမံကိန်း ဆောင်ရွက်နိုင်မည့် အခြေအနေ ကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက တမံအောက်ခံအုတ်မြစ်ဧရိယာနှင့် ရေဝပ်ဧရိယာများအတွင်းတွင် မြေအောက်ဘူမိဗေဒဆိုင်ရာ စူးစမ်းလေ့လာမှုများကို အသေးစိတ် ဆက်လက်ဆောင်ရွက်ကြရန်၊ ခန့်မှန်းခြေစာရင်းတွက်ချက်ခြင်းတို့ကို အမြန်ဆုံးပြီးစီးအောင် ဆက်လက်ဆောင်ရွက်ရန်နှင့် နည်းပညာဆိုင်ရာ လိုအပ်သည်များကို ဆွေးနွေးမှာကြားပြီး မြေပြင်တိုင်းတာနေမှု၊ တမံအူကြောင်းနေရာ ရွေးချယ်နေမှု၊ ဘူမိဗေဒစမ်းသပ်လေ့လာဆောင်ရွက်နေမှု၊ အရည်အသွေးကောင်းမွန်သည့် ဖို့မြေအမျိုးအစား စူးစမ်းရှာဖွေဆောင်ရွက်နေမှု၊ စီးဝင်ချောင်းများ၏ ရေစီး ရေလာနှင့် ရေသိုလှောင်ရရှိနိုင်မည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဆင်လမ်း (၂) ရေလှောင်တမံ စီမံကိန်းနှင့် ပင်တီးရေလှောင်တမံစီမံကိန်း ဆောင်ရွက်ပြီးစီးပါက မြို့သောက်သုံးရေ တိုးချဲ့ပေးဝေနိုင်မည့်အပြင် ချောင်းဘေးဝဲယာတစ်လျှောက်ရှိ စိုက်ပျိုးမြေ ဧရိယာများအတွက် စိုက်ပျိုးရေ ကူဖြည့်တင်းပေးဝေနိုင်မည်ဖြစ်သဖြင့် ဒေသဝမ်းစာဖူလုံရေးအတွက် များစွာအထောက်အကူပြုစေနိုင်မည်ဖြစ်သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ရပ်ကွက်ကြီး (၂၁)၊ နောင်ခမ်းကြီးရပ်ကွက်အနီး ဆင်လမ်းရေလှောင်တမံ ရေပိုလွှဲ နှစ်ပေမြှင့်တင်ပြီး ရေပိုမိုသိုလှောင်နိုင်ရန် ဆောင်ရွက်ထား ရှိမှု၊ ကန်ရေပြည့်သိုလှောင်ထားရှိမှုနှင့် ရေလှောင်တမံကြံ့ခိုင်မှုအခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။

ဆင်လမ်းရေလှောင်တမံသည် မူလကန်ရေပြည့်သိုလှောင်ပမာဏသည် ၆၈၄၆ ဧကပေရှိပြီး ယခုသိုလှောင်ပမာဏ ၇၂၁၇ ဧကပေရှိသဖြင့် မူလကန်ရေပြည့် သိုလှောင်ပမာဏထက် ၃၇၁ ဧကပေ ပိုမိုသိုလှောင်ထားသောကြောင့် ရေပိုမိုတိုးချဲ့ပေးဝေနိုင်ရေး အသင့်ရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။