ဆင်သေဆည်ရေသောက်စနစ် ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး

ဆင်သေဆည်ရေသောက်စနစ် ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး


Ministry of Information/ Naypyitaw / July 10, 2025
image_latest


နေပြည်တော် ဇူလိုင် ၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်တို့သည် ယနေ့တွင်နေပြည်တော် ကောင်စီနယ်မြေ ဆင်သေချောင်း လက်ဝဲနှင့် လက်ယာအတွင်းရှိ စိုက်ပျိုးမြေဧက ၃၈၄၄၄ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဒေသခံတောင်သူများကိုယ်တိုင် တက်ကြွစွာပါဝင်လာစေရေး ကွင်းဆင်းတွေ့ဆုံ ဆွေးနွေးသည်။

ဦးစွာ ဒုတိယဝန်ကြီးများသည် ဇေယျာသီရိမြို့နယ် ကျွန်းယောင်းကျေးရွာအုပ်စု ရွှေဗဟိုကျေးရွာမှ တောင်သူများနှင့်တွေ့ဆုံ၍ တောင်သူများ လက်ရှိ စိုက်ပျိုးလျက်ရှိသည့် ပြောင်းသီးနှံ အခြေခံနှစ်သီးစား ယာသီးနှံအဓိကထားစိုက်ပျိုးသည့် သီးနှံပုံစံများနှင့် စပ်လျဉ်း၍လည်းကောင်း၊ သီးထပ်စွမ်းအား မြှင့်တင်ရေးအတွက် သုံးသီးစား သီးနှံပုံစံ စိုက်ပျိုးနိုင်ရေး အလားအလာနှင့် စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက် ရရှိရေးအတွက် မျိုးကောင်းမျိုးသန့်အသုံးပြုနိုင်ရေး၊ သီးနှံပုံစံ ချိန်ညှိစိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေရရှိနိုင်မှုနှင့် ဖြည့်ဆည်းပေးနိုင်မည့် အလားအလာများ၊ အခြားသောလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးတို့ကို ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ မြေစာရင်းဦးစီးဌာနတို့နှင့် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးကြသည်။

ထို့အတူ ဒုတိယဝန်ကြီးများသည် ဇေယျာသီရိမြို့နယ် သာစည်အုပ်စု အောင်သာကျေးရွာ တောင်သူ များနှင့်တွေ့ဆုံ၍ ပြောင်း-ပဲကြီး၊ ပြောင်း-မြေပဲ၊ ပြောင်း-နှမ်းသီးနှံ၊ ကြံသီးနှံ စသော ဒေသခံတောင်သူများ အဓိကစိုက်ပျိုးလျက်ရှိသည့် သီးနှံပုံစံများ၊ သီးနှံအလိုက် မျိုးစေ့သုံးစွဲမှုအခြေအနေနှင့် သီးနှံအထွက် နှုန်းရရှိမှု၊ သီးနှံအလိုက်အထွက်နှုန်း တိုးတက်ရရှိရေးအတွက် ပြောင်းလဲသင့်သည့် သီးနှံပုံစံနှင့် ဖြေရှင်းပေးရမည့် အခက်အခဲများ၊ မြေယာအသုံးပြုခွင့် လုပ်ကိုင်ခွင့်ဆိုင်ရာများ၊ စက်မှုလယ်ယာစနစ် ကျင့်သုံးနိုင်မှု အခွင့်အလမ်းများကိုဆွေးနွေးပြီး လိုအပ်ချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ပုဗ္ဗသီရိမြို့နယ် ဥယျာဉ်အုပ်စု ဆင်တဲကြီးကျေးရွာရှိ တောင်သူများနှင့်တွေ့ဆုံ၍ သီးနှံအလိုက် ပန်းတိုင်အထွက်ရရှိရေး၊ တစ်ဧကချင်း၏ သီးထပ်စွမ်းအားမြှင့်တင်နိုင်ရေး၊ ဒေသခံတောင်သူများအတွက် တောင်သူပညာပေးစင်တာ ထူထောင်ပေးနိုင်ရေး၊ ပဲပုပ်သီးနှံစိုက်ပျိုးနိုင်ရေး အားပေးဆောင်ရွက်သွားမည့် အစီအစဉ်များ၊ သီးနှံများ၌ ဓာတ်ကြွင်းအာနိသင် လျှော့ချနိုင်ရေးဆိုင်ရာများကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၈ ရက်၊ ဇူလိုင် ၁၇ ရက်၊ ကြာသပတေးနေ့။


Posted on Jul 17, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်၊ ဇူလိုင် ၁၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 16, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၆ ရက်၊ ဇူလိုင် ၁၅ ရက်၊ အင်္ဂါနေ့။


Posted on Jul 14, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၅ ရက်၊ ဇူလိုင် ၁၄ ရက်၊ တနင်္လာနေ့။


Posted on Jul 13, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၄ ရက်၊ ဇူလိုင် ၁၃ ရက်၊ တနင်္ဂနွေနေ့။


Posted on Jul 13, 2025

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၃ ရက်၊ ဇူလိုင် ၁၂ ရက်၊ စနေနေ့။


Posted on Jul 12, 2025
AnnouncementsExplore more >

မြန်မာ-ရုရှား နှစ်နိုင်ငံကျားထိန်းသိမ်းရေး အထိမ်းအမှတ် Block of Stamp အထူးထုတ် ၂၀၀ ကျပ်တန် (၃)လုံးပါ စာပို့တံဆိပ်ခေါင်းသစ်(၁) မျိုးအားရောင်းချပေးမည်။

Posted on Jul 17, 2025

မြန်မာ-ရုရှား နှစ်နိုင်ငံကျားထိန်းသိမ်းရေး အထိမ်းအမှတ် Block of Stamp အထူးထုတ် ၂၀၀ ကျပ်တန် (၃)လုံးပါ စာပို့တံဆိပ်ခေါင်းသစ်(၁) မျိုးအားရောင်းချပေးမည်။

ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးခန့်ထားခြင်း

Posted on Jul 17, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊  ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးကို ယင်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။