ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် အထူးပြပွဲဆက်လက်ပြသ

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် အထူးပြပွဲဆက်လက်ပြသ


Ministry of Information/ Naypyitaw / May 08, 2026
image_latest


ရန်ကုန် မေ ၇

ဆဋ္ဌသင်္ဂါယနာတင် အောင်ပွဲနှစ်(၇၀)ပြည့် အထိမ်းအမှတ်အထူးပြပွဲကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေး ကုန်းမြေမဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီးပတ်လမ်းတွင် ပြသလျက်ရှိရာ ယနေ့တွင် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်)၊ ရွှေတိဂုံစေတီတော်၊ ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်တို့မှ ဂေါပကအဖွဲ့နှင့် ဝန်ထမ်းမိသားစုများ၊ လှည်းကူးပညာရေးဒီဂရီကောလိပ်၊ သမ္မိဒ္ဓေါဓယ သီလရှင်စာသင်တိုက်၊ မင်္ဂလာဒုံမြို့နယ် တောတိုက်ဓမ္မရိပ်သာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတို့မှ ကျောင်းသား ကျောင်းသူများ၊ စိတ်ပါဝင်စားသူ ရဟန်းရှင်လူပြည်သူများ လာရောက်ကြည့်ရှုလေ့လာကြရာ ၎င်းတို့၏ ပြပွဲနှင့် ပတ်သက်သည့် သဘောထားအမြင်များကို ဖော်ပြလိုက်ရပါသည်။

ဦးအောင်ဆန်းဝင်း နိုင်ငံတော်ပရိယတ္တိသာသနာပြုတက္ကသိုလ်(ရန်ကုန်)

ကျွန်တော်တို့ ထေရဝါဒဗုဒ္ဓဘာသာမှာ သင်္ဂါယနာတင်တာ ခြောက်ကြိမ်ရှိခဲ့တယ်၊ ဒါကိုရည်ရွယ်ပြီး ဆဋ္ဌသင်္ဂါယနာတင် အောင်ပွဲ နှစ် (၇၀)ပြည့် အထိမ်းအမှတ်အနေနဲ့ ပြပွဲကျင်းပခြင်းဖြစ်ပါတယ်။ လိုဏ်ဂူရဲ့ ပတ်လမ်းမှာ သင်္ဂါယနာတင်တာနဲ့ ပတ်သက်ပြီး အစအဆုံးသိရှိနိုင်အောင် ပြသထားပါတယ်။ ကျွန်တော်တို့ သာသနာရေးဝန်ကြီးဌာနက အဋ္ဌကထာတွေကို ကွန်ပျူတာစာစီနဲ့ ဆောင်ရွက်ခဲ့တဲ့ အဆင့်ဆင့်တွေကိုလည်း ပြခန်းတစ်ခုအနေနဲ့ သီးသန့်ပြသထားပါတယ်။

ဒီပြပွဲပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ နောင်လာနောက်သားလူငယ်တွေ ထေရဝါဒဗုဒ္ဓဘာသာ သာသနာမှာ ဆဋ္ဌသင်္ဂါယနာကို ဘယ်လိုတင်ခဲ့တယ်ဆိုတာ သိရှိအောင်၊ ရဟန်းရှင်လူ ပြည်သူတွေ လာရောက် ဖူးမြော်နိုင်အောင်ရည်ရွယ်ပြီး ပြသခဲ့ခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဒီပြပွဲကိုလာရောက်ကြဖို့ မေတ္တာရပ်ခံဖိတ်ကြားလိုပါတယ်။

ဦးကျော်မိုး ညွှန်ကြားရေးမှူး (စီမံ/ဘဏ္ဍာ) နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)

ဒီအထိမ်းအမှတ် ပြခန်းကို နိုင်ငံတော်အကြီးအကဲတွေရဲ့ လမ်းညွှန်မှုနဲ့အညီ ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀) ပြည့်အထိမ်းအမှတ် အထူးပြပွဲအဖြစ် စီစဉ်ဆောင်ရွက်ထားတာပါ။ မြတ်စွာဘုရားရှင်ရဲ့ ဖွား၊ ပွင့်၊ ဟော၊ စံ ပြခန်း၊ ဆဋ္ဌသင်္ဂါယနာတင်ခဲ့တဲ့ သမိုင်းမှတ်တမ်း၊ ညောင်ရမ်း ဆရာတော်၊ မဟာစည်ဆရာတော်၊ မင်းကွန်းတိပိဋကဓရ ဓမ္မဘဏ္ဍာ ဂါရိက ဆရာတော်အစရှိတဲ့ ထင်ရှားသော ဆရာတော်ကြီးတွေရဲ့ မှတ်တမ်းတွေကိုလည်း တွေ့မြင်နိုင်ပါတယ်။

ပိဋကသုံးပုံကို ကွန်ပျူတာစာမူဖြစ်အောင် ဦးဆောင်ခဲ့တဲ့ ရွှေသုဝဏ်ဆရာတော်ရဲ့ မှတ်တမ်း၊အဋ္ဌကထာကျမ်းစာအုပ်နဲ့ သုတ္တနစာအုပ်ပြုစုခဲ့တဲ့ မှတ်တမ်းအပြင် ဆဋ္ဌသင်္ဂါယနာတင်စဉ်က အသုံးပြု ခဲ့တဲ့ပုံနှိပ်စက်နဲ့ အခြားဗဟုသုတ မှတ်တမ်းတွေကိုလည်း ပြသထားပါတယ်။

ပြခန်းကို မေလ ၁၀ ရက်အထိ ဖွင့်လှစ်ပြသသွားမှာဖြစ်တဲ့အတွက် ရဟန်းရှင်လူပြည်သူ၊ ကျောင်းသား ကျောင်းသူတွေအနေနဲ့ ဗုဒ္ဓဘုရားရှင်ရဲ့ သမိုင်းကြောင်းတွေနဲ့ သင်္ဂါယနာတင်ခဲ့တဲ့ သမိုင်းဝင်အကြောင်းအရာတွေကို လာရောက်လေ့လာပြီး ဗဟုသုတတွေရယူကြဖို့ ဖိတ်ခေါ် လိုပါတယ်။

အရှင်ကေလာသ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)

မော်ကွန်းထိန်း ဆရာတော်ဦးဆောင်ပြီး သင်ကြားစီမံဆရာတော်တွေ၊ ကထိကဆရာတော်တွေ၊ နည်းပြဆရာတော်တွေနဲ့ သင်တန်းသား သံဃာတော်တွေ အားလုံးစုစုပေါင်း ၉၃ ပါး ကြွရောက်ခဲ့တာပါ။ ဒါတွေက သာသနာမှာထင်ကျန်ခဲ့မယ့် သမိုင်းတွေဖြစ်ပြီး တန်ဖိုးနားလည်သူတွေအတွက် တန်ဖိုးဖြတ်လို့မရပါဘူး။

သင်္ဂါယနာ ခြောက်ကြိမ်တင်ခဲ့ပြီး ထေရဝါဒဗုဒ္ဓဘာသာအတွက် အလွန်တန်ဖိုးရှိပါတယ်။ ရဟန်း ရှင်လူပြည်သူတွေအနေနဲ့ပြပွဲကို လာရောက်လေ့လာမယ်ဆိုရင် အသိဉာဏ်ဗဟုသုတတွေ ရရှိနိုင်သလို ဘုရားရှင်နဲ့ သံဃာတော်တွေ၊ တရားတော်တွေရဲ့ ဂုဏ်ကျေးဇူးတွေကို ပိုမိုသိရှိပြီး သာသနာတော်ကို ချစ်မြတ်နိုးတဲ့စိတ်တွေ ပိုမိုတိုးပွားလာမယ်လို့ယုံကြည်ပါတယ်။ ဒါကြောင့် အားလုံးကိုလာရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်။

ဒေါ်ကြည်ကြည်ဇော် တောတိုက်ဓမ္မရိပ်သာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း

သင်္ဂါယနာတင်တယ်ဆိုတာကို စာထဲမှာဖတ်ဖူးတာ၊ ကြားဖူးတာပဲရှိတယ်။ ဆရာတော်က ကားတွေစီစဉ်ပေးလို့ လာရောက်လေ့လာဖြစ်တာပါ။ လူဖြစ်နေတဲ့ကာလ ကြုံတုန်းကြုံခိုက်ကလေးတွေကို လာရောက်လေ့လာစေချင်တယ်။ မြတ်စွာဘုရားနဲ့ပတ်သက်တဲ့ သာသနာတော်ဆိုင်ရာအကြောင်း အရာတွေ၊ ကိုယ်မသိသေးတာတွေကို ထပ်သိရတယ်။ ပြပွဲမှာတာဝန်ရှိသူတွေ ရှင်းပြသွားတဲ့ အိန္ဒိယနိုင်ငံက ဆီမီးထွန်းတာမျိုးဆိုရင် ကိုယ့်အတွက် ဗဟုသုတအသစ်တွေ လေ့လာခွင့်ရတဲ့အတွက် ဝမ်းသာကြည်နူးမိပါတယ်။

အချို့က ဗုဒ္ဓဘာသာကိုးကွယ်သူဆိုပေမယ့် ဗုဒ္ဓဘာသာအကြောင်းကို ထဲထဲဝင်ဝင်မသိတဲ့ ကလေးတွေ အများကြီးရှိပါတယ်။ ဒီလိုပြပွဲတွေကနေ ဗုဒ္ဓဘာသာဘာလဲဆိုတာကို ထဲထဲဝင်ဝင်သိသွားမယ်၊ ဗဟုသုတတွေလည်း အများကြီးရသွားမယ်လို့ မျှော်လင့်ပါတယ်။

ဒေါ်လဲ့ကြည်ဖြူ တွဲဖက်ပါမောက္ခ လှည်းကူးပညာရေး ဒီဂရီကောလိပ်

ကျွန်မတို့ လှည်းကူးပညာရေးဒီဂရီကောလိပ်က ကျောင်းသား ကျောင်းသူအင်အား ၂၅၀ ခန့်နဲ့ မဟာပါသာဏလိုဏ်ဂူ ဆဋ္ဌသင်္ဂါယနာတင် နှစ်(၇၀)ပြည့်အထိမ်းအမှတ် အထူးပြပွဲလာရောက် လေ့လာတာပါ။ ကျွန်မတို့ရဲ့ ထေရဝါဒဗုဒ္ဓဘာသာမြန်မာနိုင်ငံမှာ ဒီလိုမျိုး ဆဋ္ဌသင်္ဂါယနာတင် နှစ်(၇၀) ပြည့် အထိမ်းအမှတ်အထူးပြပွဲကို ကျောင်းသား ကျောင်းသူတွေ၊ ပညာရေးဝန်ထမ်းတွေလည်း သိရှိလေ့လာစေလိုတဲ့ ရည်ရွယ်ချက်နဲ့ လာရောက်ခဲ့တာပါ။

ကျွန်မက ဘာသာရေးစာပေတွေကို ဖတ်ရှုရတာဝါသနာပါပါတယ်။ လူမှုကွန်ရက်ပေါ်မှာ ဆဋ္ဌသင်္ဂါယနာတင် နှစ်(၇၀)ပြည့် အထိမ်းအမှတ်အောင်ပွဲ အင်တာဗျူးကို ကြည့်မိပြီး ပြပွဲရောက်ခိုက် ဉာဏ်စမ်းပဟေဠိ ဝင်ဖြေခဲ့တာ မမျှော်လင့်ဘဲ အမှတ်ပြည့်ရတော့ ဝမ်းသာတယ်။ ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ ဗဟုသုတတွေ၊ သာသနာတော်ဆိုင်ရာ ဗဟုသုတတွေကို လေ့လာခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သတင်းအဖွဲ့

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။


Posted on May 08, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။


Posted on May 07, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 06, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။


Posted on May 05, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။


Posted on May 04, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။


Posted on May 03, 2026
AnnouncementsExplore more >

အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၄-၅-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း

Posted on May 7, 2026

အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၄-၅-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း

ကြော်ငြာစာအမှတ် ၁/၂၀၂၆ ၊ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း (၂၄)ခုမှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး(၆၅၃)နေရာအတွက် လျှောက်လွှာပိတ်ရက်နေ့တွင် အသက်ကျော်လွန်နေသဖြင့်...

Posted on May 7, 2026

ကြော်ငြာစာအမှတ် ၁/၂၀၂၆ ၊ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း (၂၄)ခုမှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး(၆၅၃)နေရာအတွက် လျှောက်လွှာပိတ်ရက်နေ့တွင် အသက်ကျော်လွန်နေသဖြင့် ဖြေဆိုခွင့်မရရှိသူစာရင်း၊ ကြော်ငြာပါ ပညာအရည်အချင်းသတ်မှတ်ချက် မညီညွတ်သဖြင့် ဖြေဆိုခွင်မရသူစာရင်း၊ ( မကွေးတိုင်းဒေသကြီးစာစစ်ဌာန)

ကြော်ငြာစာအမှတ် ၁/၂၀၂၆ ၊ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း (၂၄)ခုမှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး(၆၅၃)နေရာအတွက် လျှောက်လွှာပိတ်ရက်နေ့တွင် အသက်ကျော်လွန်နေသဖြင့်...

Posted on May 7, 2026

ကြော်ငြာစာအမှတ် ၁/၂၀၂၆ ၊ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း (၂၄)ခုမှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး(၆၅၃)နေရာအတွက် လျှောက်လွှာပိတ်ရက်နေ့တွင် အသက်ကျော်လွန်နေသဖြင့် ဖြေဆိုခွင့်မရရှိသူစာရင်း၊ လျှောက်လွှာတွင် မပြည့်စုံသဖြင့် ခုံအမှတ်မထွက်သူစာရင်း၊ ကြော်ငြာပါ ပညာအရည်အချင်းသတ်မှတ်ချက် မညီညွတ်သဖြင့် ဖြေဆိုခွင်မရသူစာရင်း၊ (နေပြည်တော်စာစစ်ဌာန)