ဆရာအတတ်ပညာတက္ကသိုလ် သင်ရိုးညွှန်းတမ်းရေးဆွဲရေးဆွေးနွေးပွဲနှင့် ဒစ်ဂျစ်တယ်စာကြည့်တိုက် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဆရာအတတ်ပညာတက္ကသိုလ် သင်ရိုးညွှန်းတမ်းရေးဆွဲရေးဆွေးနွေးပွဲနှင့် ဒစ်ဂျစ်တယ်စာကြည့်တိုက် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ


Ministry of Information/ Naypyitaw / February 23, 2026
image_latest


ရန်ကုန် ဖေဖော်ဝါရီ ၂၂

၂၀၂၆-၂၀၂၇ ခုနှစ် ဆရာအတတ်ပညာတက္ကသိုလ် သင်ရိုးညွှန်းတမ်းရေးဆွဲရေး ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းပညာရေးဒီဂရီကောလိပ်မြတ်ပညာခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ တာဝန်ရှိသူများ၊ အငြိမ်းစားပညာရှင်ဆရာကြီး ဆရာမကြီးများ၊ ပညာရေးဒီဂရီကောလိပ်ခြောက်ခုမှ ကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပညာရေးဒီဂရီကောလိပ်များမှ ဆရာအတတ်ပညာတက္ကသိုလ်များအဖြစ် မန္တလေး၊ ပြည်၊ တောင်ကြီး၊ ပုသိမ်နှင့် သထုံတို့ကို တိုးမြှင့်ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ဆရာအတတ်ပညာတက္ကသိုလ်များအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ရာတွင် သင်ကြားမည့် M.A.(Education), M.Sc.(Education) ဘွဲ့အတန်းများနှင့် လိုက်လျောညီထွေဖြစ်မည့် အခြေခံပညာအထက်တန်းအဆင့်သင်ရိုးနှင့် ပညာရေးဘာသာရပ်များပါဝင်သည့် သင်ရိုးညွှန်းတမ်းများကို ရေးဆွဲရန်လိုအပ်လာကြောင်း၊  သင်ရိုးညွှန်းတမ်းရေးဆွဲရာတွင် ပြင်ပပညာရှင်များပါဝင်သည့် ဘာသာရပ်သင်ရိုးညွှန်းတမ်းကော်မတီ (Subject Wise Curriculum Committee-SWCC)၊ ပညာရေးတက္ကသိုလ်များ၊ ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်များ၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပညာရေးဒီဂရီကောလိပ်များမှ ဆရာ ဆရာမများပါဝင်သည့် သင်ရိုးညွှန်းတမ်းရေးဆွဲရေးအဖွဲ့ (Curriculum Development Team-CDT)တို့ ကို ဖွဲ့စည်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ပညာရေးဒီဂရီကောလိပ်များကို ဆရာအတတ်ပညာတက္ကသိုလ်များအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်သင်ကြားနိုင်ရေး ဆရာကြီး ဆရာမကြီးများအနေဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ရန်ကင်းပညာရေးဒီဂရီကောလိပ်၊ သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်၊ လှည်းကူးပညာရေးဒီဂရီကောလိပ်၊ ဟားခါးပညာရေးဒီဂရီကောလိပ်၊ ကသာပညာရေးဒီဂရီကောလိပ်နှင့် လားရှိုးပညာရေးဒီဂရီကောလိပ်တို့မှ ကျောင်းသား ကျောင်းသူများအတွက် ထောက်ပံ့ငွေများကို ကျောင်းအုပ်ကြီးများထံ ပေးအပ်သည်။

ယင်းနောက် ပညာရေးစိတ်ပညာ၊ ပညာရေးသဘောတရား၊ သင်ရိုးညွှန်းတမ်းနှင့် သင်ပြနည်း ဘာသာရပ်ဆိုင်ရာများအလိုက် သင်ရိုးညွှန်းတမ်းရေးဆွဲရေး ဆွေးနွေးနေမှုများကို ကြည့်ရှုပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၌ Telecom International Myanmar (Mytel) နှင့် Mytel Wallet International Myanmar Co.,Ltd. က ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်နှင့် ရန်ကုန်ပညာရေးတက္ကသိုလ်တို့ကို ဒစ်ဂျစ်တယ်စာကြည့်တိုက် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားသည်။

ထို့နောက် Mytel and Shareholder of MytelPay မှ Chairman, Board Of Director က Digital Library နှင့် Learning Management System လွှဲပြောင်းပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ် ပါမောက္ခချုပ်တို့က ကျေးဇူးတင်စကားပြောကြားကာ Telecom International Myanmar Co.,Ltd. တာဝန်ရှိသူက ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့အား အမှတ်တရလက်ဆောင်ပေးအပ်သည်။

ယင်းနောက် Digital Library ကို ဖွင့်လှစ်ပေးပြီး Digital Library အတွင်း လှည့်လည်ကြည့်ရှုကြသည်။

Telecom International Myanmar (Mytel) Mytel Wallet International Myanmar Co.,Ltd. အနေဖြင့် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်သို့ Projector တစ်လုံး၊ Computer Desktop ၁၉ စုံ၊ Printer တစ်လုံး၊ WiFi 50 Mbps(1 year) အစရှိသည့် (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်းတစ်ထောင်) နှင့် ရန်ကုန်ပညာရေးတက္ကသိုလ်သို့ Projector တစ်လုံး၊ Computer Desktop ၁၆ စုံ၊ Printer တစ်လုံး၊ WiFi 50 Mbps(1 year) (ငွေကျပ်သိန်း တစ်ထောင့်ခြောက်ရာတန်ဖိုးရှိ) ပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စ​နေနေ့။


Posted on Apr 04, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း