ဆရာ ဆရာမများ၊ ဝန်ထမ်းများအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ မိုးလေဝသ သတင်းများကို အလေးထားပြင်ဆင်ရန်နှင့် သန်းခေါင်စာရင်းလုပ်ငန်းစဉ်များတွင် ပူးပေါင်းကူညီရန်လို

ဆရာ ဆရာမများ၊ ဝန်ထမ်းများအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ မိုးလေဝသ သတင်းများကို အလေးထားပြင်ဆင်ရန်နှင့် သန်းခေါင်စာရင်းလုပ်ငန်းစဉ်များတွင် ပူးပေါင်းကူညီရန်လို


Ministry of Information/ Naypyitaw / September 19, 2024
image_latest


နေပြည်တော် စက်တင်ဘာ ၁၈

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် တက္ကသိုလ်ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများနှင့် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တက္ကသိုလ်ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများနှင့် ဖိတ်ကြားထားသူများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ဆရာ ဆရာမများ၊ ဝန်ထမ်းများအနေဖြင့် မိုးလေဝသ သတင်းများနှင့် ရေကြီး၊ မိုးသည်း၊ မုန်တိုင်းစသည့် သဘာဝဘေး အန္တရာယ်ဆိုင်ရာသတင်းများကို အလေးထား၍သတိပြုကာ ကြိုတင်ပြင်ဆင်ထားကြရန် လိုပါကြောင်း၊ ယခုတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် ရေဘေးအန္တရာယ်များနှင့် ကြုံတွေ့ခဲ့ရပါကြောင်း၊ ပညာရေးဝန်ကြီးဌာနတွင် ရေဘေးသင့်ကျောင်း ၁၄၆၉ ကျောင်းနှင့် ဆရာ ဆရာမ ဝန်ထမ်း ၉၅၁၈ ဦး ရေဘေးသင့်ခဲ့ကြပါကြောင်း၊ ရေဘေးသင့် ဆရာ ဆရာမများကို ရေဘေးကင်းလွတ်သည့် ဒေသများရှိပညာ ရေးဝန်ထမ်းမိသားစုများ၏ ဆန္ဒအလျောက်ကူညီမှုဖြင့် ထောက်ပံ့ကူညီသွားမည် ဖြစ်ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ရေဘေးကြောင့် ထိခိုက်၊ ပျက်စီး၊ ဆုံးရှုံးမှုဆိုင်ရာ စာရင်းများကို မှန်မှန်ကန်ကန်နှင့် စနစ်တကျပြုစုပေး ပို့ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ရေဘေးကျရောက်သော ဒေသများတွင် မိမိတို့ကျောင်းအလိုက် လက်ရှိအနေအထားမှ တိုးတက်အောင်ဆောင်ရွက်ပြီးစီးမှု မှတ်တမ်းများကို နှစ်ပတ်တစ်ကြိမ် ပေးပို့ကြရန်ဖြစ်ပါကြောင်း၊ ကျောင်းများအမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အားလုံးညီညီညွတ်ညွတ် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ အောက်တိုဘာ ၁ ရက်တွင် နိုင်ငံတစ်ဝန်း သန်းခေါင်စာရင်း ကောက်ယူမည်ဖြစ်ရာ ဆရာ ဆရာမများ၊ ဝန်ထမ်းများအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များ၏ လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းဖြည့်ဆည်းပေးရန် အထူးမှာကြားလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က လာမည့်စက်တင်ဘာ၂၁ ရက်မှ ၂၅ ရက်အတွင်း မိမိတို့နေရာဒေသအလိုက် မိုးလေဝသအခြေအနေများကို အမြဲမပြတ်လေ့လာပြင်ဆင်ထားနိုင်ရေးအတွက် အသိပညာဖြန့်ဝေပေးထားကြရန်၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးကြီးကြပ် ဆောင်ရွက်ရန်ပြောကြားသည်။ ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်းက တောင်ပေါ်၊ မြစ်ချောင်း၊ ဆည်တမံအနီးတွင် နေထိုင်ကြသူများအနေဖြင့် မိုးလေဝသသတင်းကို အထူးဂရုစိုက်နေထိုင်ကြရန် ပြောကြားသည်။

ဆက်လက်၍ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်တို့က တက္ကသိုလ်များ၊ အခြေခံပညာ ကျောင်းများတွင် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်း၍ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ စက်တင်ဘာ ၂၇ ရက်၊ သောကြာနေ့။


Posted on Sep 27, 2024

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ စက်တင်ဘာ ၂၆ ရက်၊ ကြာသပတေးနေ့။


Posted on Sep 26, 2024

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Sep 25, 2024

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်၊ စက်တင်ဘာ ၂၄ ရက်၊ အင်္ဂါနေ့။


Posted on Sep 24, 2024

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက်၊ စက်တင်ဘာ ၂၃ ရက်၊ တနင်္လာနေ့။


Posted on Sep 23, 2024

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်၊ စက်တင်ဘာ ၂၂ ရက်၊ တနင်္ဂနွေနေ့။


Posted on Sep 22, 2024
AnnouncementsExplore more >

ရေကြောင်းသတိပေးချက်

Posted on Sep 26, 2024

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော PTTEP International Limited သည် ကမ်းလွန်လုပ်ကွက်အမှတ်၊ M-9 ရှိ ဇောတိကစီမံကိန်းနှင့် ကမ်းလွန်လုပ်ကွက်အမှတ်၊

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

Posted on Sep 25, 2024

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း