ဆိပ်သာဆိုလာစနစ်ရေတင်စီမံကိန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး

ဆိပ်သာဆိုလာစနစ်ရေတင်စီမံကိန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး


Ministry of Information/ Naypyitaw / July 25, 2025
image_latest


နေပြည်တော် ဇူလိုင် ၂၄

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်ရှိ ဆည်ရိုး မြေအောက်တမံနှင့် စလေချောင်း မြေအောက်တမံတည်ဆောက် ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးကြသည်။

ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက မြေအောက်ရေမြင့်တက် လာမှုအခြေအနေကို စောင့်ကြည့်တိုင်းတာပြီး မှတ်တမ်းထားရှိရန်၊ သောက်သုံးရေအတွက်သာမက စိုက်ပျိုးရေအတွက်ပါ အထောက်အကူပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စက်ရေတွင်းများ တူးဖော်နိုင်ရေးကို တောင်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးအတွက် နမူနာပြ တူးဖော်ဆောင်ရွက်ကြရန်နှင့် စိုက်ပျိုးသည့် သီးနှံများအတွက် မျိုးကောင်းမျိုးသန့်ရရှိရေး၊ ပိုးမွှားအန္တရာယ်ကာကွယ်ရေး စသည့် လယ်ယာကဏ္ဍဆိုင်ရာများ ဖြည့်စွက်ဆွေးနွေးမှာကြားသည်။

ယင်းနောက် စိုက်ပျိုးမြေဧက ၂၀၀ ကို နွေ၊ မိုး၊ ဆောင်းရာသီအလိုက် သီးနှံများ၏ ရေလိုအပ်ချက်နှင့်အညီ ပြည့်ဝစွာရေပေးဝေ၍ တစ်နှစ်လျှင် သုံးသီးရေတင် စိုက်ပျိုးနိုင်ရေး၊ သီးနှံအထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခဲ့သော မကွေးခရိုင် မကွေးမြို့နယ် မိကျောင်းရဲကျေးရွာအုပ်စု ဆိပ်သာကျေးရွာအနီးရှိ ဆိပ်သာဆိုလာစနစ် မြစ်ရေတင်စီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များမှာကြားသည်။

ဆိပ်သာ ဆိုလာရေတင်စီမံကိန်းသည် အလျင်အမြန် အကျိုးရလဒ် (Quick Win) ရရှိနိုင်မည့် ဆိုလာစနစ်ရေတင်စီမံကိန်း လေးခုအနက်တစ်ခုအပါအဝင်ဖြစ်ပြီး စီမံကိန်း၏တည်ဆောက်ရေးလုပ်ငန်းများအား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်ဆောင်ရွက်ခဲ့ရာ ဇူလိုင် ၂၁ ရက် အထိအချိန်ကာလ ငါးလခန့်သာ ကြာမြင့်ခဲ့ကာ သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ အချိန်တိုအတွင်း ပြီးမြောက်အောင် အကောင်အထည်ဖော်ဆောင်ရွက်၍ မိုးသီးနှံ စပါး၊ ဝါ၊ နှမ်း ဧက ၂၀၀ ကို စိုက်ပျိုးရေပေးဝေနေသော ဆိုလာရေတင် စီမံကိန်းတစ်ခုဖြစ်သည်။

အဆိုပါ ဆိပ်သာဆိုလာ ရေတင်စီမံကိန်း ဆောင်ရွက်ခြင်းကြောင့် မူလမိုးရေကိုသာ အားထားစိုက်ပျိုးရသည့်အခြေအနေ၊ မူလနှစ်သီးသာရှိနေသည့် အခြေအနေမှ ရာသီမရွေး စိုက်ပျိုးရေရရှိပြီး တစ်နှစ်လျှင် သုံးသီးအထိ စိုက်ပျိုးနိုင်သည့်အပြင်ဒေသအတွက် သောက်သုံးရေ ဖူလုံစွာရရှိစေနိုင်ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၉ ရက် ၊ သြဂုတ် ၂ ရက်၊ စနေနေ့။


Posted on Aug 02, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၈ ရက် ၊ သြဂုတ် ၁ ရက်၊ သောကြာနေ့။


Posted on Aug 01, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက် ၊ ဇူလိုင် ၃၁ ရက်၊ ကြာသပတေးနေ့။


Posted on Jul 31, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၆ ရက် ၊ ဇူလိုင် ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 30, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၅ ရက် ၊ ဇူလိုင် ၂၉ ရက်၊ အင်္ဂါနေ့။


Posted on Jul 29, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၄ ရက် ၊ ဇူလိုင် ၂၈ ရက်၊ တနင်္လာနေ့။


Posted on Jul 27, 2025
AnnouncementsExplore more >

တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း

Posted on Aug 2, 2025

နေပြည်တော် (တပ်ကုန်း) တွင် RCC (၈) ခန်းတွဲ (၃)ထပ် အမှုထမ်းအိမ်ရာ (၁)လုံး တည်ဆောက်ခြင်းအတွက် (၂၉ - ၇ - ၂၀၂၅) ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ ဈေးနှုန်းစိစစ်ခဲ့ရာ ဖော်ပြပါကုမ္ပဏီမှ ယှဉ်တွဲပါဈေးနှုန်းဖြင့် တင်ဒါအောင်မြင်ကြောင်း ကြေညာအပ်ပါသည် -

တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း

Posted on Aug 2, 2025

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ စက်ပစ္စည်းများဝယ်ယူရေးအတွက် (၂၉ - ၇ - ၂၀၂၅) ရက်နေ့တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း/ ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ ဈေးနှုန်းစိစစ်ခဲ့ရာ ဖော်ပြပါကုမ္ပဏီမှ ယှဉ်တွဲပါဈေးနှုန်းဖြင့် တင်ဒါအောင်မြင်ကြောင်း ကြေညာအပ်ပါသည် -