ဆီးဂိမ်း မွေပြိုင်ပွဲတွင် မြန်မာကစားသမားများ ကြေးတံဆိပ်ကိုးခု ဆွတ်ခူးရရှိ
ဆီးဂိမ်း မွေပြိုင်ပွဲတွင် မြန်မာကစားသမားများ ကြေးတံဆိပ်ကိုးခု ဆွတ်ခူးရရှိ
Ministry of Information/ Naypyitaw / December 18, 2025
ရန်ကုန် ဒီဇင်ဘာ ၁၇
ဆီးဂိမ်းမွေပြိုင်ပွဲ နောက်ဆုံးနေ့ကို ဒီဇင်ဘာ ၁၇ ရက်က ဆက်လက်ကျင်းပရာ မြန်မာကစားသမားများ ကြေးတံဆိပ်ကိုးခု ဆွတ်ခူးရရှိခဲ့သည်။
ယခုပြိုင်ပွဲတွင် မြန်မာကစားသမားအများစု ဝင်ရောက်ယှဉ်ပြိုင်ရာ ကစားသမားကိုးဦးက ဆုတံဆိပ်ကိုးခု ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာမွေအဖွဲ့အတွက် ကြေးတံဆိပ်ကိုးခုကို အမျိုးသား ဘင်တန်ဝိတ်တန်းတွင် စောခိုင်ရဲလင်း၊ ဖယ်သာဝိတ်တန်းတွင် သွေးလင်းထက် (ခ) စောအဲထိ၊ ဖလိုင်းဝိတ်တန်းတွင် ထန်ခွီးရှိန်၊ ပင်းဝိတ်တန်းတွင် စောမြတ်မိုး၊ လိုက်မစ်ဒယ်ဝိတ်တန်းတွင် ထွန်းမင်းအောင်၊ လိုက်ဝယ်လ်တာဝိတ်တန်းတွင် ရေချမ်း(ခ)စူပါရေချမ်း၊ အမျိုးသမီး ဘင်တန်ဝိတ်တန်းတွင် မာလာဝင်း၊ ဖယ်သာဝိတ်တန်းတွင် နော်ဥမ္မာစိုး၊ လိုက်ဝိတ်တန်း အဲလိဇဘတ်တို့က ရယူပေးနိုင်ခဲ့ခြင်းဖြစ်သည်။
မြန်မာမွေအားကစားသမားများသည် ဗိုလ်လုပွဲသို့ တစ်ဦးမျှ တက်ရောက်နိုင်ခြင်းမရှိသော်လည်း ကြေးဆုများ ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
သတင်း-ချစ်ကိုကို၊ ဓာတ်ပုံ-PPS
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
