ဆီးဂိမ်း လက်ဝှေ့ (Boxing) ပြိုင်ပွဲတွင် မြန်မာလက်ဝှေ့အဖွဲ့ ကြေးလေးခု ရရှိထား
ဆီးဂိမ်း လက်ဝှေ့ (Boxing) ပြိုင်ပွဲတွင် မြန်မာလက်ဝှေ့အဖွဲ့ ကြေးလေးခု ရရှိထား
Ministry of Information/ Naypyitaw / December 18, 2025
နေပြည်တော် ဒီဇင်ဘာ ၁၇
ဆီးဂိမ်း လက်ဝှေ့(Boxing)ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဒီဇင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ဆက်လက်ကျင်းပရာ မြန်မာကစားသမားလေးဦး ဆီမီးဖိုင်နယ်တွင် အရေးနိမ့်ပြီး ပူးတွဲကြေးတံဆိပ်ဆုများ ဆွတ်ခူးရရှိခဲ့သည်။
မြန်မာလက်ဝှေ့အဖွဲ့အတွက် ကြေးတံဆိပ်ဆုများကို အမျိုးသားပွဲစဉ်တွင် နုတ်မာန်၊ အမျိုးသမီးပွဲစဉ်တွင် ဆုမြတ်နိုး၊ မြမိုးသူနှင့် ကေသွယ်ငြိမ်းတို့က ရယူပေး ခဲ့ခြင်းဖြစ်သည်။ အမျိုးသား ၆၀ ကီလိုတန်းဆီမီးဖိုင်နယ်တွင် မြန်မာကစားသမား နုတ်မာန်က အင်ဒိုနီးရှားကစားသမား အူဒင်ဆာရီကိုလည်းကောင်း၊ အမျိုးသမီး ၆၆ ကီလိုတန်း တွင် မြန်မာကစားသမား ကေသွယ်ငြိမ်းက ထိုင်းကစားသမား ဆူဝါနာဖန်ကိုလည်းကောင်း၊ အမျိုးသမီး ၅၀ ကီလိုတန်းတွင် မြန်မာ ကစားသမား မြမိုးသူက ဖိလစ်ပိုင်ကစားသမား အီရာကိုလည်းကောင်း၊ အမျိုးသမီး ၅၇ ကီလိုတန်းတွင် မြန်မာကစားသမားဆုမြတ်နိုးက ဗီယက်နမ်ကစားသမား ငုယင်ဟူရန်ထရန်ကိုလည်းကောင်း အသီးသီး အရေးနိမ့်ကာ ဗိုလ်လုပွဲနှင့် လွဲချော်ခဲ့ခြင်းဖြစ်သည်။
ဆီးဂိမ်းလက်ဝှေ့ပြိုင်ပွဲ နောက်ဆုံးနေ့ကို ဒီဇင်ဘာ ၁၉ ရက်တွင် ကျင်းပမည်ဖြစ်သည်။
သတင်း-မောင်စံကြီး၊ ဓာတ်ပုံ-PPS
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
