ဆီးဂိမ်း အပြည်ပြည်ဆိုင်ရာလှေလှော်ပြိုင်ပွဲတွင် မြန်မာလှေလှော်အဖွဲ့ ကြေးတံဆိပ်တစ်ခု စတင်ရရှိ
ဆီးဂိမ်း အပြည်ပြည်ဆိုင်ရာလှေလှော်ပြိုင်ပွဲတွင် မြန်မာလှေလှော်အဖွဲ့ ကြေးတံဆိပ်တစ်ခု စတင်ရရှိ
Ministry of Information/ Naypyitaw / December 18, 2025
နေပြည်တော် ဒီဇင်ဘာ ၁၇
ဆီးဂိမ်း အပြည်ပြည်ဆိုင်ရာလှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်ပထမနေ့ကို ဒီဇင်ဘာ ၁၇ ရက်က ကျင်းပရာ မြန်မာလှေလှော်အဖွဲ့ ကြေးတံဆိပ်တစ်ခု စတင်ဆွတ်ခူးရရှိသည်။
အမျိုးသမီး Lightweight Women’s Single Sculls ပြိုင်ပွဲတွင် မြန်မာလှေလှော်အားကစားမယ် နီလာဝင်းက ကြေးတံဆိပ်ဆွတ်ခူးရရှိပြီး ဗီယက်နမ်ကစားသမား သီဒွေဟိုက ရွှေတံဆိပ်၊ ဖိလစ်ပိုင်ကစားသမား ဒယ်ဂါကိုက ငွေတံဆိပ်ဆုရရှိသည်။ ကြေးတံဆိပ်ဆုရရှိ သည့် နီလာဝင်းကို မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ် နာယက ဦးကျော်စိန်၊ ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်း (Jewellery Luck Group of Companies)က ဆုကြေးငွေကျပ်သိန်း ၅၀ ချီးမြှင့်သည်။
အပြည်ပြည်ဆိုင်ရာလှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်ဒုတိယနေ့ကို ဒီဇင်ဘာ ၁၈ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်သည်။
သတင်း-ရှိုင်းထက်ဇော်၊ ဓာတ်ပုံ-MRF
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Posted on Mar 24, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Posted on Mar 27, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Posted on Mar 25, 2026မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
