ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုဆိုင်ရာ ဆွေးနွေးပွဲကျင်းပ
ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုဆိုင်ရာ ဆွေးနွေးပွဲကျင်းပ
Ministry of Information/ Naypyitaw / July 14, 2025

နေပြည်တော် ဇူလိုင် ၁၃
ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုဆိုင်ရာဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြန်မာနိုင်ငံတော်ဗဟိုဘဏ် အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ လင်းအောင်၊ ဗဟိုဘဏ်ဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်းများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များနှင့် နိုင်ငံခြားဘဏ်များမှ ဒါရိုက်တာအဖွဲ့ဝင်များနှင့် အဆင့်မြင့်စီမံခန့်ခွဲသူများ တက်ရောက်ကြသည်။
ပြန်လည်သုံးသပ်
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက ဘဏ်များအားလုံးသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည့်ဘဏ်များ၏ ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစဉ်များအပေါ် ညွှန်ကြားချက်များ၊ နိုင်ငံတကာစံသတ်မှတ်ချက်များနှင့်အညီ တိကျစွာလိုက်နာသွား ရန်လိုအပ်ကြောင်း၊ ဘဏ်၏ ဒါရိုက်တာအဖွဲ့ဝင်များနှင့် အဆင့်မြင့်စီမံခန့်ခွဲသူများအနေဖြင့် ချေးငွေဆုံးရှုံးနိုင်ခြေ (Credit Risk) နှင့် လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေ (Operational Risk) များကို ကောင်းစွာသိရှိပြီး တာဝန်ရှိမှု၊ တာဝန်ခံမှုရှိရမည်ဖြစ်ကြောင်း၊ ထိရောက်စွာ စီမံခန့်ခွဲရန်လိုအပ်ကြောင်းနှင့် ၂၀၂၅ ခုနှစ် Basel ကော်မတီမှ ထပ်မံဖြည့်စွက်ချက်များကို ပြင်ဆင်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း၊ ဆွေးနွေးပွဲမှရရှိသည့် ဆွေးနွေးချက်ရလဒ်များအပေါ် မူတည်၍ မိမိဘဏ်နှင့် ကိုက်ညီသည့် ဆုံးရှုံးနိုင်ခြေမူဝါဒနှင့် လုပ်ထုံးလုပ်နည်းများကို ပြန်လည်သုံးသပ်ပြီး ပြင်ဆင်ဆောင်ရွက်သွားကြရန် မှာကြားသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် ဘဏ်လုပ်ငန်းစည်းမျဉ်းနှင့် ကြီးကြပ်စစ်ဆေး ရေးဌာနကြီးမှ ညွှန်ကြားရေးမှူးများက ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေမူဘောင်များ၊ ဘဏ်များ၏ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစဉ်များအပေါ် ညွှန်ကြားချက်ပါ Credit Risk နှင့် Operational Risk Management ဆိုင်ရာ စံသတ်မှတ်ချက်များ၊ ၂၀၂၅ ခုနှစ်တွင် Basel ကော်မတီမှ Credit Risk Management နှင့် ပတ်သက်၍ ပြင်ဆင်ပြောင်းလဲ ထုတ်ပြန်ရသည့် အကြောင်းရင်းများနှင့် ပြင်ဆင်ဖြည့်စွက်ထားသည့် အချက်များ၊ ဗဟိုဘဏ်မှထုတ်ပြန်ထားသည့် Risk Management Guideline တွင် Credit Risk အား Basel ကော်မတီသတ်မှတ်ချက်နှင့်အညီ ပြင်ဆင်ဖြည့်စွက်သွားမည့်အချက်များ၊ ဗဟိုဘဏ်မှ Onsite ကြီးကြပ်စစ်ဆေးရာတွင် တွေ့ရှိချက်များ၊ Risk Management လုပ်ငန်းစဉ်များနှင့် Offsite ကြီးကြပ်စစ်ဆေးရာတွင် တွေ့ရှိချက်များ၊ ဘဏ်များက ဖြည့်စွက်ပြင်ဆင်ပြောင်းလဲရန် လိုအပ်သည့်အချက်များ၊ Fraud Risk, AML, Compliance နှင့် စပ်လျဉ်း၍ Case Study များဖြင့် ရှင်းလင်းတင်ပြဆွေးနွေးသည်။
အသေးစိတ်ပြန်လည်ဖြေကြား
ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက သိရှိလိုသည်များနှင့် မရှင်းလင်းသည့်အချက်များ မေးမြန်းကြပြီး တာဝန်ရှိသူများက အသေးစိတ်ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်မှုမှ ကြိုတင်ကာကွယ်ရေးသတိပေးနှိုးဆော်ချက်
Posted on Jul 13, 2025နိုင်ငံတော်စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်ပတင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိရေးအတွက် နိုင်ငံအနှံ့အပြားတွင် ငါးမွေးမြူရေးကန်များဖြင့် မွေးမြူဆောင်ရွက်လျက်ရှိရာ မိုးအလွန်အကျွံရွာသွန်းခြင်းနှင့် မြစ်ရေကြီး ခြင်းများကြောင့် ငါးမွေးမြူရေးကန်များ ရေကြီးနစ်မြုပ်ခြင်းမှ ကြိုတင်ကာကွယ်ရန်နှင့် ဆုံးရှုံးမှုလျော့နည်းစေရေးအတွက် အောက်ဖော်ပြပါအချက်များကို ငါးပုစွန်မွေးမြူရေးကန်များ၌ လိုက်နာဆောင်ရွက်ကြပါရန်သတိပေးနှိုးဆော်အပ်ပါသည် -
အသိပေးကြေညာခြင်း
Posted on Jul 11, 2025ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီ
Posted on Jul 10, 2025ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ၊ ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ရုံးသုံး/လုပ်ငန်းသုံး စက်ကိရိယာပစ္စည်းများဝယ်ယူရန် ပြည်တွင်း/ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ (၁၀-၇-၂၀၂၅)ရက်နေ့၊ မွန်းလွဲ(၁၃:၀၀)နာရီ အချိန်တွင် စိစစ်ခဲ့သည့်ဈေးနှုန်းများအနက် အနည်းဆုံးပေးသွင်းသည့် အောက်ပါကုမ္ပဏီများမှ ယှဉ်တွဲပါ ဈေးနှုန်း၊ အရေအတွက်တို့ဖြင့် တင်ဒါအောင်မြင်ကြောင်းကို ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဉ် (၉/၂၀၂၅)၏ အတည်ပြုချက်အရ ကြေညာအပ်ပါသည် -