ဆေးဝါးတက္ကသိုလ်(ရန်ကုန်) ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

ဆေးဝါးတက္ကသိုလ်(ရန်ကုန်) ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ


Ministry of Information/ Naypyitaw / March 12, 2025
image_latest


ရန်ကုန် မတ် ၁၁

ဆေးဝါးတက္ကသိုလ်(ရန်ကုန်)၏ (၂၃)ကြိမ်မြောက်၊ (၂၄)ကြိမ်မြောက်နှင့် (၂၅) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ယနေ့ကျင်းပသည့် ဆေးဝါးတက္ကသိုလ်(ရန်ကုန်)၏ ဘွဲ့နှင်းသဘင်အခမ်းအနားမှ ဆေးဝါးသိပ္ပံဘွဲ့ရ ၁၅၂ ဦး၊ ဆေးဝါးမဟာသိပ္ပံဘွဲ့ရ ၂၁ ဦးနှင့် ဆေးဝါးသိပ္ပံပါရဂူဘွဲ့ရငါးဦးတို့ကို သက်ဆိုင်ရာဘွဲ့များ ချီးမြှင့်အပ်နှင်းနိုင်ခဲ့ကြောင်း သိရသည်။

စင်မြင့်ပေါ်တွင် နေရာယူ

ဦးစွာ ဆေးဝါးတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်ပါမောက္ခ ဒေါက်တာလတ်လတ်ဝင်းနှင့် ပညာရေးအဖွဲ့ဝင်များ၊ စီမံခန့်ခွဲရေးအဖွဲ့ဝင်များက သက်ဆိုင်ရာ ဝတ်ရုံများဝတ်ဆင်လျက် ဘွဲ့နှင်းသဘင် စင်မြင့်ပေါ်တွင် နေရာယူကြသည်။

ထို့နောက် ဘွဲ့ရကျောင်းသား/ကျောင်းသူများက အဓိဋ္ဌာန်ပြုကတိသစ္စာရွတ်ဆိုကြပြီး ဆေးဝါးတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်က ဆေးဝါးသိပ္ပံပါရဂူဘွဲ့၊ ဆေးဝါးမဟာသိပ္ပံဘွဲ့နှင့် ဆေးဝါး သိပ္ပံဘွဲ့ ရရှိကြသူ ကျောင်းသား ကျောင်းသူများအားသက်ဆိုင်ရာ ဘွဲ့လက်မှတ်များ အပ်နှင်းပေးကာ ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ဆေးဝါးတက္ကသိုလ်(ရန်ကုန်)မှ ဆေးဝါးသိပ္ပံဘွဲ့ရ ၂၇၆၅ ဦး၊ ဆေးဝါး မဟာသိပ္ပံဘွဲ့ရ ၁၄၁ ဦးနှင့် ဆေးဝါးသိပ္ပံပါရဂူဘွဲ့ရ ၁၈ ဦး ကို သင်ကြားမွေးထုတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၄ ရက်၊ မတ် ၁၂ ရက် ၊ဗုဒ္ဓဟူးနေ့။


Posted on Mar 12, 2025

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၃ ရက်၊ မတ် ၁၁ ရက် ၊အင်္ဂါနေ့။


Posted on Mar 11, 2025

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၂ ရက်၊ မတ် ၁၀ ရက် ၊တနင်္လာနေ့။


Posted on Mar 10, 2025

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၁ ရက်၊ မတ် ၉ ရက် ၊တနင်္ဂနွေနေ့။


Posted on Mar 09, 2025

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၁၀ ရက်၊ မတ် ၈ ရက် ၊စနေနေ့။


Posted on Mar 08, 2025

၁၃၈၆ ခုနှစ်၊ တ‌ပေါင်းလဆန်း ၉ ရက်၊ မတ် ၇ ရက် ၊သောကြာနေ့။


Posted on Mar 07, 2025
AnnouncementsExplore more >

မြန်မာ့စာတိုက်လုပ်ငန်းမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ ပေးပို့သည့် ချောထုပ်များနှင့် ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ပေးပါရန် အသိပေးအကြောင်းကြားခြင်း

Posted on Mar 11, 2025

မြန်မာ့စာတိုက်လုပ်ငန်းမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ ပေးပို့သည့် ချောထုပ်များနှင့် ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ပေးပါရန် အသိပေးအကြောင်းကြားခြင်း

မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များအသင်းချုပ်မှ ဂုဏ်ယူဝမ်းမြောက်ကြောင်း ကြေညာချက်

Posted on Mar 11, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတကြီး H.E. Mr. Vladimir Vladimirovich Putin နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတကြီး H.E. Mr. Alexander Gregoryevich Lukashenko တို့၏ ဖိတ်ကြားခဲ့မှုအရ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်များအတွင်း နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုးစီးပွားကို အောင်မြင်မှုများစွာရရှိအောင် ဖော်ဆောင်နိုင်ခဲ့ခြင်းအတွက် မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များအသင်းချုပ်က အထူးပင်ဂုဏ်ယူဝမ်းမြောက် မိပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။

မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ချက်

Posted on Mar 11, 2025

ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတကြီးနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတကြီးတို့၏ ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်များကို သွားရောက်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ ချစ်ကြည်ရေးခရီးစဉ်များအတွင်း နယ်ပယ်ကဏ္ဍမျိုးစုံ၌ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာများ တိုးမြင့်ဆောင်ရွက်နိုင်ခဲ့မှု၊ နှစ်နိုင်ငံခေါင်းဆောင်များ၏ တွေ့ဆုံဆွေးနွေးမှုများမှရရှိခဲ့သည့် အောင်မြင်မှုရလဒ်များအတွက် မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအသင်းက လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ထုတ်ပြန်အပ်ပါသည်။

HOT NEWS
January 4,