ဈေးများတွင် စွန့်ပစ်ပစ္စည်းများ စနစ်တကျခွဲခြားစွန့်ပစ်တတ်စေရန် ပညာပေးသရုပ်ပြ

ဈေးများတွင် စွန့်ပစ်ပစ္စည်းများ စနစ်တကျခွဲခြားစွန့်ပစ်တတ်စေရန် ပညာပေးသရုပ်ပြ


Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / June 18, 2025
ဈေးများတွင် စွန့်ပစ်ပစ္စည်းများ စနစ်တကျခွဲခြားစွန့်ပစ်တတ်စေရန် ပညာပေးသရုပ်ပြ


ဘားအံ - ဇွန် (၁၈)

ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုကာကွယ်ပြီး သယံဇာတအရင်းအမြစ်များကိုထိထိရောက်ရောက်အသုံးချနိုင်ရေး၊ အန္တရာယ်ကင်းသည့်စွန့်ပစ်မှုများဖြစ်စေရေးအတွက် ကရင်ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ စွန့်ပစ်အမှိုက်များခွဲခြားစွန့်ပစ်မှုပညာပေးသရုပ်ပြပွဲကို ဇွန်လ ၁၈ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့ပေါ်ဈေးများတွင်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများတက်ရောက် ကြည့်ရှုအားပေးခဲ့ကြသည်။

ကရင်ပြည်နယ်အတွင်းရှိ မြို့/ရွာများ၊ ဈေးများ၊ ကျောင်းများ၊ ခရီးစဉ်ဒေသများနှင့် အများပြည်သူဆိုင်ရာ နေရာများ သန့်ရှင်းသာယာလှပရေးအတွက် အမှိုက်များကိုစနစ်တကျခွဲခြားစွန့်ပစ်ခြင်းနှင့် သိမ်းဆည်းခြင်းဆိုင်ရာ အလေ့အကျင့်ကောင်းများရရှိစေရန် ယခုကဲ့သို့သရုပ်ပြသခြင်းဖြစ်ပြီး ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ မြို့မဈေးကြီး နှင့် အမှတ်(၁)အဆင့်မြင့်စံပြဈေး၊ အမှတ်(၅)ရပ်ကွက်ရှိ မာန်အောင်ဈေး၊ အမှတ်(၆)ရပ်ကွက်ရှိ သီရိဈေးတို့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့်စည်ပင်သာယာရေးအဖွဲ့တို့မှ ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများက ဈေးသူ/ဈေးသားများနှင့်ဒေသခံပြည်သူများအား အမှိုက်ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်း စာစောင် များဖြန့်ဝေပေး၍ အမှိုက်ခွဲခြားစွန့်ပစ်ခြင်း၏ ရည်ရွယ်ချက်နှင့်အကျိုးကျေးဇူးများ၊ စနစ်တကျခွဲခြားစွန့်ပစ်ခြင်းသည် သိမ်းဆည်းမှုကိုလွယ်ကူစေသည့်အပြင် အကျိုးရှိအောင်ပြန်လည်အသုံးပြုနိုင်ပုံများနှင့် အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်အမှိုက်၊ ဘေးအန္တရာယ်ရှိအမှိုက်ဟူ၍ အမျိုးအစားအလိုက်ခွဲခြားစွန့်ပစ်တတ်စေရန် ပညာပေးဆွေးနွေး ဟောပြောခဲ့ကြပြီး ဝန်ထမ်းများ၊ ဈေးသူ/ဈေးသားများနှင့်ဒေသခံပြည်သူများအား စွန့်ပစ်အမှိုက်ခွဲခြားစွန့်ပစ်မှုကို သရုပ်ပြသစွန့်ပစ်စေခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အဆိုပါဈေးများအတွင်း ဈေးသူ/ဈေးသားများနှင့် ဒေသခံပြည်သူများ၏ အသား၊ငါး၊ဟင်းသီးဟင်းရွက်၊ဥအမျိုးမျိုး၊အဝတ်အထည် အစရှိသော လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ပါသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက် ၊ ဇူလိုင် ၃၁ ရက်၊ ကြာသပတေးနေ့။


Posted on Jul 31, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၆ ရက် ၊ ဇူလိုင် ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 30, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၅ ရက် ၊ ဇူလိုင် ၂၉ ရက်၊ အင်္ဂါနေ့။


Posted on Jul 29, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၄ ရက် ၊ ဇူလိုင် ၂၈ ရက်၊ တနင်္လာနေ့။


Posted on Jul 27, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၃ ရက် ၊ ဇူလိုင် ၂၇ ရက်၊ တနင်္ဂနွေနေ့။


Posted on Jul 26, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက် ၊ ဇူလိုင် ၂၆ ရက်၊ စနေနေ့။


Posted on Jul 26, 2025
AnnouncementsExplore more >

ပြည်ထောင်စုအစိုးရအဖွဲ့ ဖြည့်စွက်ဖွဲ့စည်းခြင်း

Posted on Jul 31, 2025

ပြည်ထောင်စုအစိုးရအဖွဲ့ ဖြည့်စွက်ဖွဲ့စည်းခြင်း

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက် (၄) ရပ်

Posted on Jul 31, 2025

၁။ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို အလေးထား၍ စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်မည့် နိုင်ငံရေးအင်အားစုများ၊ ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်ပေါ်လာစေရန် အစဉ်တစိုက်ဆောင်ရွက်ရေး။

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဖွဲ့စည်းခြင်း

Posted on Jul 31, 2025

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဖွဲ့စည်းခြင်း