ညောင်ရွှေမြို့နယ်နှင့် အမရပူရမြို့နယ်တို့၌ မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားသည့်နေရာများ ဖယ်ရှားရှင်းလင်းပြီးစီးမှုနှင့် ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး
ညောင်ရွှေမြို့နယ်နှင့် အမရပူရမြို့နယ်တို့၌ မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားသည့်နေရာများ ဖယ်ရှားရှင်းလင်းပြီးစီးမှုနှင့် ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / June 04, 2025

နေပြည်တော် ဇွန် ၃
ညောင်ရွှေမြို့နယ် သာလေးကျေးရွာအုပ်စု နမ်းဟူးကျေးရွာရှိ ဖောင်တော်ဦးမြတ်စွာဘုရား ရတနာစံကျောင်း၌ စက်ယန္တရားကြီးများဖြင့် မြေထိန်းနံရံများ ပြုလုပ်ဆောင်ရွက်နေမှုများ၊ ဖောင်တော်ဦးဘုရားကျောင်းဆောင်နှင့် ရင်ပြင်တော် Soil Test တူးဖော်ပြီးစီးမှုနှင့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သာသနိကအဆောက်အအုံများ ပြန်လည်တည်ဆောက်ရေး ဆောင်ရွက်နေမှုများကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်နှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် တိုင်းမှူးသည် ငလျင်ဒဏ်သင့် ဒေသခံပြည်သူများအတွက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က ဆောက်လုပ်လှူဒါန်းသည့် နေအိမ်များ ပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်အမှာစကား ပြောကြား၍ ငလျင်ဒဏ်သင့် ဒေသခံပြည်သူများအတွက် အဆောက်အအုံနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းပြီး ဇရပ်ကြီးကျေးရွာရှိ ဆောက်လုပ်ပြီးစီးသည့် ဒေသခံပြည်သူတစ်ဦး၏ နေအိမ်သို့ သွားရောက်ကြည့်ရှုသည်။
ယင်းနောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ကေလာကျေးရွာအုပ်စု ကေလာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျောင်းသား ကျောင်းသူများအား စာသင်ကြားပို့ချနေမှုများနှင့် ယာယီကျောင်းအဆောက်အအုံ ဆောက်လုပ်သည့်နေရာများကို ကြည့်ရှု၍ ဆရာ ဆရာမများအတွက် ချီးမြှင့်ငွေများ ပေးအပ်ပြီး ဇရပ်ကြီးကျေးရွာ၊ ကေလာကျေးရွာရှိ ဒေသခံနေအိမ်အဆောက်အအုံ များအား ပြန်လည်ပြုပြင်တည်ဆောက်ခြင်းအခြေအနေများကို ကြည့်ရှုကြသည်။
အလှူငွေများ ပေးအပ်
ထို့အတူ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့ အမရပူရမြို့နယ်ရှိ စွယ်တော်မြတ်စေတီတော်၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အပျက်အစီးများအား ဖယ်ရှားရှင်းလင်းခြင်းနှင့် ပြန်လည်ပြုပြင်နိုင်ရေး ဆောင် ရွက်နေမှုများ၊ စေတီတော်၏ ဂန္ဓကုဋိတိုက်အတွင်း ကြံ့ခိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေး၍ အလှူငွေများပေးအပ်ကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း
Posted on Jun 4, 2025အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၉/၂၀၂၅)
Posted on Jun 5, 2025ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၉/၂၀၂၅)