ညောင်ရွှေမြို့ရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာများမှ လုံခြုံရေးဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေး မြန်မာ့ရိုးရာသိုင်းသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

ညောင်ရွှေမြို့ရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာများမှ လုံခြုံရေးဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေး မြန်မာ့ရိုးရာသိုင်းသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်


Ministry of Hotel & Tourism/ နေပြည်တော် / November 06, 2025


နေပြည်တော်၊ အောက်တိုဘာလ (၃၀) ရက်

ညောင်ရွှေမြို့ရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာများမှ လုံခြုံရေးဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင် ရေး မြန်မာ့ရိုးရာသိုင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ညောင်ရွှေမြို့ ဟူပင် ဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ရှမ်းပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ညောင်ရွှေမြို့နယ် ခရီးစဉ်ဒေသစီမံခန့်ခွဲရေး အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ရှမ်းတောင်ဇုန်)၊ ဟိုတယ်နှင့်တည်းခိုရိပ်သာများ မှ လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ၌ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များစွာ ရှိသည့်အနက် မြန်မာ့ရိုးရာသိုင်းပညာသည်လည်း အလွန်အရေးပါသည့် အမွေအနှစ်တစ်ရပ်ပင် ဖြစ်ပါကြောင်း၊ မြန်မာ့ရိုးရာသိုင်းပညာရပ်အား လေ့လာသင်ယူခြင်းဖြင့် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင် စေရုံသာမက စည်းကမ်းပြည့်ဝမှု၊ အတွေးအခေါ်နှင့် ယုံကြည်မှု၊ သစ္စာစောင့်သိမှု၊ အပြန်အလှန် လေးစားမှု၊ စိတ်ဓာတ်တည်ကြည်မှုတို့ကို ရရှိစေနိုင်ပါကြောင်း၊ သင်တန်းမှသင်ခန်းစာများကို ကြိုးစားလေ့လာ သင်ယူကြပြီး မိမိတို့၏ လူမှုအသိုက်အဝန်းပတ်ဝန်းကျင်ကို စောင့်ရှောက်နိုင်သော လူတော်လူကောင်းများ ဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းပြောကြားပါသည်။

ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီးက ရှမ်းပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ငန်းစီမံချက်များချမှတ် ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဆောင်ရွက်ချက်များ၊ ခရီးစဉ်ဒေသများ ဖော်ထုတ်ဆောင် ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး သင်တန်းသားများအား သင်ကြားပြသ ပေးနေမှုကို ကြည့်ရှုအားပေးသည်။

ယင်းနောက် ညောင်ရွှေမြို့ရှိ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ သတင်းနှင့်ပြန်ကြား ရေးကောင်တာသို့ သွားရောက်ပြီး ခရီးစဉ်ဒေသဆိုင်ရာအချက်အလက်များ၊ ခရီးသွားလမ်းညွှန် မြေပုံများနှင့်စာအုပ်/စာစောင်များ ခင်းကျင်းပြသထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ညောင်ရွှေမြို့ရှိ ငလျင်ဒဏ်သင့် ဟိုတယ်အဆောက်အဦများ ပြန်လည်ပြုပြင်မွမ်းမံ ဆောင်ရွက် နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

အောက်တိုဘာလ ၂၈ရက်က ဒုတိယဝန်ကြီးသည်တာဝန်ရှိသူများနှင့်အတူ မိုင်းပန်ဒေသသို့ ပြည်တွင်း၊ပြည်ပခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်စေရေးအတွက် မိုင်းပန်မြို့အတွင်း ခရီးစဉ်ဒေသများ၊ ခရီးသွားဆွဲဆောင်ရာနေရာများ ဖော်ထုတ်နိုင်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ဒေသ၏ ခရီးသွားလုပ်ငန်းနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော နိုင်ငံဝန်ထမ်း များအား တွေ့ဆုံအားပေး စကားပြောကြားကာ မေတ္တာလက်ဆောင်များ ပေးအပ်သည်။

ဆက်လက်၍ ဘုရားဖူး ခရီးသွားလုပ်ငန်းဖော်ဆောင်နိုင်ရေး မိုင်းပန်မြို့ ဗုဒ္ဓဂယာ ကုန်းပင်း ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်း များနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။

Source From:KyeMon

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။


Posted on Nov 06, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Nov 05, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်နေ့ ၊ နိုဝင်ဘာ ၄ ရက်၊ အင်္ဂါနေ့။


Posted on Nov 04, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၄ ရက် ၊ နိုဝင်ဘာ ၃ ရက်၊ တနင်္လာနေ့။


Posted on Nov 03, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။


Posted on Nov 02, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။


Posted on Nov 01, 2025
AnnouncementsExplore more >

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

Posted on Nov 6, 2025

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

ကြော်ငြာစာအမှတ် (၂/၂၀၂၅)ပါ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး(၂)/ တတိယအတွင်းဝန် (အမျိုးသား/အမျိုးသမီး) ရာထူး (၃၀) နေရာအတွက် စိတ်အခြေအနေနှင့်...

Posted on Nov 1, 2025

ကြော်ငြာစာအမှတ် (၂/၂၀၂၅)ပါ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး(၂)/ တတိယအတွင်းဝန် (အမျိုးသား/အမျိုးသမီး) ရာထူး (၃၀) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက်‌‌ အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း

ကြော်ငြာစာအမှတ် (၁/၂၀၂၅)ပါ လစ်လပ်ရာထူး (၆၀‌၉) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက်‌‌ အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း

Posted on Nov 1, 2025

ကြော်ငြာစာအမှတ် (၁/၂၀၂၅)ပါ လစ်လပ်ရာထူး (၆၀‌၉) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက်‌‌ အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း

HOT NEWS
January 4,