ဌာနစုမှူး(၂)/ တတိယအတွင်းဝန်ရာထူးဝင်ခွင့်စာမေးပွဲအထောက်အကူပြုသင်တန်း ဖွင့်ပွဲကျင်းပ
ဌာနစုမှူး(၂)/ တတိယအတွင်းဝန်ရာထူးဝင်ခွင့်စာမေးပွဲအထောက်အကူပြုသင်တန်း ဖွင့်ပွဲကျင်းပ
Ministry of Foreign Affairs/ Nay Pyi Taw / August 14, 2025
(၁၁-၈-၂၀၂၅ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် ဌာနစုမှူး(၂)/ တတိယအတွင်းဝန် ရာထူးဝင်ခွင့်စာမေးပွဲ အထောက်အကူပြုသင်တန်း ဖွင့်ပွဲကို ၁၁-၈-၂၀၂၅ ရက် (တနင်္လာနေ့)၊ နေ့လယ် (၁:၀၀)နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်ရှိ လောကနတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ပြည်ထောင်စုရာထူးဝန်အဖွဲ့က ခေါ်ယူသော ဌာနစုမှူး-၂/တတိယအတွင်းဝန် ရာထူးဝင်ခွင့် စာမေးပွဲဖြေဆိုကြမည့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမှုထမ်းများ ကြိုတင်ပြင်ဆင်လေ့လာရာ၌ အထောက်အကူပြုနိုင်ရန် ရည်ရွယ်ဖွင့်လှစ်သည့် အဆိုပါသင်တန်းသို့ နိုင်ငံခြားရေးဝန်ကြီးဌာန (နေပြည်တော်နှင့် ရန်ကုန်)၊ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများမှ အမှုထမ်း စုစုပေါင်း (၁၆၃) ဦး တက်ရောက်ခဲ့ကြသည်။ ဝန်ကြီးဌာနတွင်း ရက်သတ္တ (၂) ပတ်ကြာ အချိန်ပိုင်း ဖွင့်လှစ် သည့် အဆိုပါ ရာထူးဝင်ခွင့်စာမေးပွဲ အထောက်အကူပြုသင်တန်းတွင် မြန်မာစာ၊ အင်္ဂလိပ်စာနှင့် အထွေထွေဗဟုသုတဘာသာရပ်များ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၂ ရက် ၊ သြဂုတ် ၁၀ ရက်၊ တနင်္ဂနွေနေ့။
Posted on Aug 10, 2025
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများနှင့် တုံ့ပြန်ဆောင်ရွက်နေမှု အခြေအနေများအား ပြည်သူသို့ အသိပေးသတင်းထုတ်ပြန်ခြင်း
Posted on Aug 14, 2025၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က အင်အား ၇ ဒသမ ၇ အဆင့်ရှိ မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် ၁၀ ခုတွင် သေဆုံးခြင်း၊ ပျောက်ဆုံးခြင်း၊ ဒဏ်ရာရရှိခြင်းများအပါအဝင် အခြေခံအဆောက်အအုံများ သောင်းနှင့်ချီ၍ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရသည်။
မြန်မာနိုင်ငံပြန်တမ်း
Posted on Aug 13, 2025အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းထွေးကို သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ ပြောင်းရွှေ့ခန့်ထားလိုက်သည်။
နေပြည်တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု) မှအသိပေးကြေညာခြင်း
Posted on Aug 12, 2025နေပြည်တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု) မှအသိပေးကြေညာခြင်း