တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ကျောင်းသား ကျောင်းသူများ၏ ကျောင်းတက်ရာခိုင်နှုန်း မြင့်မားစေရေးအတွက် သင်ယူမှုဝန်းကျင်ကောင်းဖြစ်ပေါ်လာစေရေး စီစဉ်ဆောင်ရွက်

တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ကျောင်းသား ကျောင်းသူများ၏ ကျောင်းတက်ရာခိုင်နှုန်း မြင့်မားစေရေးအတွက် သင်ယူမှုဝန်းကျင်ကောင်းဖြစ်ပေါ်လာစေရေး စီစဉ်ဆောင်ရွက်


Ministry of Information/ Naypyitaw / December 23, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၂၂

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာနရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် တွေ့ဆုံဆွေးနွေးရာတွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ကျောင်းသား ကျောင်းသူများ၏ ကျောင်းတက်ရာခိုင်နှုန်း မြင့်မားစေရေးအတွက် သင်ယူမှုဝန်းကျင်ကောင်း ဖြစ်ပေါ်လာစေရေး စီစဉ်ဆောင်ရွက်ထားကြရန်လိုပါကြောင်း မှာကြားသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယပါမောက္ခချုပ်များနှင့် ပါမောက္ခ(ဌာနမှူး)များက Online စနစ်ဖြင့် တက်ရောက်ကြသည်။

ထို့အတူ ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များမှ ကျောင်းသား ကျောင်းသူများ၏ ကျောင်းပျက်ရာခိုင်နှုန်း လျှော့ချနိုင်ရေးအတွက် ဆရာ ဆရာမများအနေဖြင့် ကြီးကြပ်ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများ ကျောင်းတက်မှန်ကန်ရေး၊ သင်ယူမှုဝန်းကျင်ကောင်းဖြစ်လာ စေရေး ပူးပေါင်းဆောင်ရွက်ပေး ကြရန် လိုအပ်ပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူများ၏ ပရောဂျက်များကို သေချာစွာစိစစ်၍ စနစ်တကျဆောင်ရွက်ကြစေလိုပါကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် တက္ကသိုလ်တက်ရောက်ရခြင်း၏ အနှစ်သာရကို ခံစားနိုင်စေရေး ကျောင်းတွင်း အားကစားပွဲများတွင် ပါဝင်ဆောင်ရွက်ကြရန်နှင့် ရန်ကုန်တက္ကသိုလ်တွင် သိပ္ပံပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြစေလိုပါကြောင်း၊ သိပ္ပံပွဲတော်၌ ပြသမည့် ပြခန်းများတွင် ကျောင်းသား ကျောင်းသူများ လက်တွေ့ဆောင်ရွက်နိုင်ပြီး စိတ်ပါဝင်စားမည့် အကြောင်းအရာများကို ခင်းကျင်းပြသကြရန် တိုက်တွန်းလိုပါကြောင်း။

မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့၏ (၂၅)နှစ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံသုတေသနညီလာခံ စာတမ်းဖတ်ပွဲကို စည်ကားအောင်မြင်စွာကျင်းပနိုင်ရေး လိုအပ်သည်များ စီစဉ်ဆောင်ရွက် ထားကြစေလိုပါကြောင်း၊ သိပ္ပံပွဲတော်တွင် တိုင်းရင်းသားရိုးရာ အစားအသောက်ပွဲတော်နှင့် သတ်မှတ်ထားသော တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏အစား အသောက်ပြိုင်ပွဲကိုပါ ပူးတွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ထားကြစေလိုပါကြောင်း၊ အလုပ်အကိုင်ရရှိရေးနှင့် အထောက်အကူ ပြုအတတ်ပညာကျွမ်းကျင်မှု(Job Ready Skills) သင်တန်းများဖွင့်လှစ်နိုင်ရေး စနစ်တကျစီစဉ် ဆောင်ရွက်ထားကြရန် လိုပါကြောင်း၊ မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် ဝန်ထမ်းများ၊ မိသားစုများအနေဖြင့် အဆင်ပြေစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ဆန္ဒမဲပေးရာတွင်လည်း ဒို့တာဝန် အရေးသုံးပါးကို လေးစားလိုက်နာ စောင့်ထိန်းနိုင်သူ၊ ဒေသနှင့် နိုင်ငံ့အကျိုးကို အမှန်တကယ် ဆောင်ရွက်နိုင်သူများကို စနစ်တကျ ရွေးချယ်ဆောင်ရွက်သွားနိုင်ရန်လိုပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးများက တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များတွင် Project-based Lear-ning ကို အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ နောက်ဆုံးနှစ် ကျောင်းသားများ ပရောဂျက် ဆောင်ရွက်ရာတွင် စာကြည့်တိုက်များ၊ Internet နှင့် Online Libraryများ မဖြစ်မနေအသုံးပြု စေရေး ဆောင်ရွက်ကြရန်၊ ကျောင်းများတွင် အားကစားကွင်းများ၊ အားကစားရုံများကို ကျောင်းသား ကျောင်းသူများ အသုံးပြုစေရေးစီစဉ်ထားရှိရန်၊ တက္ကသိုလ်ပရဝဏ် သန့်ရှင်းသာယာရေး၊ အမှိုက်ကင်းစင်ရေး၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး၊ မီးဘေးအန္တရာယ်ကာကွယ်တားဆီးရေးတို့နှင့် ပတ်သက်၍ စနစ်တကျစီစဉ်ထားရှိကြရန် ဆွေးနွေးပြောကြားကာ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။