တက္ကသိုလ်/ ကောလိပ် ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၂၅) သင်တန်းဆင်းပွဲကျင်းပ

တက္ကသိုလ်/ ကောလိပ် ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၂၅) သင်တန်းဆင်းပွဲကျင်းပ


Ministry of Information/ Naypyitaw / March 21, 2026
image_latest


နေပြည်တော် မတ် ၂၀

တက္ကသိုလ်/ကောလိပ် ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၂၅) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ရတနာခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းဦး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဦးဆန်းမြင့်၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဆွေ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ် သင်ကြား/ စီမံဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် အဓိကလိုအပ်ချက်သည် နိုင်ငံသားအားလုံး အသိဉာဏ်ပညာပြည့်ဝရေးနှင့် အတွေးအခေါ်မှန်ကန်ရေးဖြစ်ကြောင်း၊ ယခုသင်တန်းကို တက္ကသိုလ်/ကောလိပ်အသီးသီးရှိ သင်ကြားရေး ဆရာဆရာမများ၏ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်စေပြီး အဆင့်မြင့် ပညာရေးနှင့်စပ်လျဉ်းသော ဗဟုသုတများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် သက်ဆိုင်သောအသိပညာများ တိုးပွားလာစေရန်၊ အစုအဖွဲ့ဖြင့် လုပ်ကိုင်ဆောင်ရွက်ရာတွင် ညှိနှိုင်းပေါင်းစပ်လုပ်ကိုင်နိုင်ပြီး ယုံကြည်ချက်၊ ခံယူချက်၊ စိတ်နေစိတ်ထားများ ပိုမိုကောင်းမွန်လာစေရန်နှင့် အခြေခံကာကွယ်ရေးပညာကို နားလည်သဘောပေါက်စေရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ဦးတည်ချက်(၄)ရပ် ချမှတ်ကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူတို့၏ လူမှုစီးပွားဘဝမြှင့်တင်ရေးနှင့် အမျိုးသား ပညာရေး၊ ကျန်းမာရေးကဏ္ဍများမြင့်မားရေးတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာတွင် ဆရာ ဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်းများက ကျရာအခန်းကဏ္ဍမှ ကျွမ်းကျင်မှုနှင့်အတူ စိတ်စေတနာကောင်းဖြင့် ပေါင်းစပ်ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း၊ ပညာသည် လူတစ်ဦးချင်းစီ၏ ကိုယ်ရည်ကိုယ်သွေး၊ ပင်ကိုစိတ်ဓာတ်နှင့် ခံယူချက်များကို မြင့်မား တိုးတက်စေသည့်အတွက် နိုင်ငံအတွက် အရေးပါပြီး တန်ဖိုးကြီးမားသည့် အခြေခံအရည်အချင်းဖြစ်ပါကြောင်း၊ ပညာသင်ယူမှုမှတစ်ဆင့်ရရှိလာသည့် စဉ်းစားဆင်ခြင်သုံးသပ်နိုင်စွမ်းနှင့် ပြဿနာဖြေရှင်း နိုင်စွမ်းသည် နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေး၊ အုပ်ချုပ်ရေး ကဏ္ဍအသီးသီးအတွက်များစွာ အထောက်အကူပြုမည်ဖြစ်ကြောင်း။

နိုင်ငံသားတိုင်းလိုက်နာရမည့် စည်းကမ်းများ၊ တည်ဆဲဥပဒေများကို စောင့်ထိန်းလိုက်နာကြရန်၊ ပါတီနိုင်ငံရေးကင်းရှင်းပြီး နိုင်ငံ့ဝန်ထမ်းသစ္စာ အဓိဋ္ဌာန် ၆ ချက်နှင့် ကျင့်ဝတ်အပါး ၃၀ ကို အလေးထားလိုက်နာကြရန်၊ သင်တန်းကရရှိခဲ့သည့် အတွေ့အကြုံဗဟုသုတများကို လက်တွေ့လုပ်ငန်းခွင်နှင့်ပေါင်းစပ်ပြီး မိမိတို့၏ တက္ကသိုလ်/ ကောလိပ် နှင့် မိမိတို့ဒေသ၏ ပညာရေးကဏ္ဍမြင့်မားတိုးတက်လာအောင် ကြိုးပမ်းကြရန်၊ ပညာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျောင်းသားလူငယ်၊ မိဘပြည်သူနှင့် ရပ်ရွာလူထုအားလုံး လက်တွဲပူးပေါင်းဆောင်ရွက်ကြရန်နှင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်မည့်ပညာရပ်များကို ဆည်းပူးလေ့လာပြီး နိုင်ငံတော်အတွက် အားထားရသည့် မျိုးဆက်သစ်များ၏ ပညာရေးအခွင့်အလမ်းအသစ်များ ပေါ်ထွန်းစေရေး ကြိုးပမ်းကြရန် တိုက်တွန်းမှာကြားသည်။

အဆိုပါသင်တန်းသို့ ဝန်ကြီးဌာနရှစ်ခုမှ သင်တန်းသား ၆၈ ဦး၊ သင်တန်းသူ ၃၀၅ ဦး စုစုပေါင်း ၃၇၃ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တငါးပတ်ကြာမြင့်ခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌသည် တက္ကသိုလ်တာဝန်ရှိသူများနှင့်အတူ တက္ကသိုလ်ရှိ ပတ္တမြားခန်းမ၌ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံ၍ အမှာစကား ပြောကြားကာ တက္ကသိုလ်စာကြည့်တိုက်၊ မဟောသဓခန်းမနှင့် စစ်တောင်းဆောင်ပြင်ဆင်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း၊ တက္ကသိုလ်တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားရှိသည့် စိုက်ခင်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စံပယ်ဆောင်တွင် အရာထမ်းငယ်သင်တန်း အမှတ်စဉ် (၁၀၅) သင်တန်းသူများနှင့်အတူ နေ့လယ်စာ သုံးဆောင်ခဲ့ကြောင်း သိရသည်။

 သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Apr 05, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စ​နေနေ့။


Posted on Apr 04, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း