တစ်ပြိုင်တည်း ဝါကောက်သိမ်းနိုင်ရန် အပင်အရွယ်အစားထိန်းချုပ်ခြင်းနည်းလမ်းများ အသုံးပြုစိုက်ပျိုးခြင်း ကွင်းသရုပ်ပြ
တစ်ပြိုင်တည်း ဝါကောက်သိမ်းနိုင်ရန် အပင်အရွယ်အစားထိန်းချုပ်ခြင်းနည်းလမ်းများ အသုံးပြုစိုက်ပျိုးခြင်း ကွင်းသရုပ်ပြ
Ministry of Information/ Naypyitaw / May 01, 2026
နေပြည်တော် ဧပြီ ၃၀
တစ်ပြိုင်တည်း ဝါကောက်သိမ်းနိုင်ရန် အပင်အရွယ်အစားထိန်းချုပ်ခြင်းနည်းလမ်းများ အသုံးပြုစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (ပျဉ်းမနား) ရှိ မျိုးစေ့စမ်းသပ်စိုက်ပျိုးကွင်း၌ ကျင်းပသည်။
ကွင်းသရုပ်ပြပွဲ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲတင့်ထွန်းက ပြည်တွင်းချည်မျှင် အသုံးပြုမှုနှင့် အထည်အလိပ်လုပ်ငန်းများ၏ ဝါဂွမ်းလိုအပ်ချက်ကို ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုဖြင့် ထိရောက်စွာ ဖြည့်ဆည်းပေးနိုင်ရေးအတွက် အရည်အသွေး ကောင်းဝါမျိုးများနှင့် ဝါဂွမ်းစိုက်ပျိုးထုတ်လုပ်မှုနည်းပညာများ ပြောင်းလဲကျင့်သုံးလျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လုပ်သားအင်အားနှင့် အချိန်လိုအပ်ချက်များသော အကြိမ်ကြိမ်ဝါကောက် သိမ်းခြင်းအစား တစ်ပြိုင်တည်း ဝါကောက်သိမ်းနိုင်ရန် အပင်အရွယ်အစားထိန်းချုပ်ခြင်းနည်း လမ်းများ အသုံးပြုစိုက်ပျိုးခြင်းဖြင့် အမျိုးအစားတူ ဝါဂွမ်းများကို ဈေးကွက်သို့ တစ်လုံးတစ်ခဲတည်း ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ ယခုနည်းလမ်းကို တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြု လာပါက ဝါကို စက်ဖြင့် တစ်ကွင်းတစ်ဆက်တည်းရိတ်သိမ်းခြင်းလုပ်ငန်းအထိ မျှော်မှန်းဆောင်ရွက်ခြင်းဖြစ်ကြောင်း။
ယနေ့ ကွင်းသရုပ်ပြပွဲတွင် ဝါပင်သက်တမ်းအလိုက် အပင်အရွယ်အစားထိန်းချုပ်ခြင်းနည်းလမ်းများကို အသေးစိတ်ရှင်းလင်းပြသပေးသွားမည်ဖြစ်၍ တောင်သူများ သိရှိလိုသည်များ မေးမြန်း ဆွေးနွေးနိုင်ကြကြောင်း၊ မိမိတို့နှင့် သင့်တော်အဆင်ပြေမည့်နည်းလမ်းကို အသုံးပြုနိုင်ကြောင်း၊ လိုအပ်သည့် နည်းပညာဆေးဝါးများ အသုံးပြုနိုင်ရေးကူညီပေးသွားမည်ဖြစ်၍ ဒေသအသီးသီး မိမိတို့စိုက်ကွင်းများတွင် စမ်းသပ်လုပ်ကိုင်စေလိုကြောင်း၊ သို့မှသာ တောင်သူတစ်ဦး၏ အောင်မြင် ဖြစ်ထွန်းမှုကို အနီးဝန်းကျင်မှ တောင်သူများက နမူနာယူလိုက်ပါလုပ်ဆောင်လာကြစေခြင်းဖြင့် ဝါစိုက်ပျိုးမှုတွင် တစ်ပြိုင်တည်း ဝါကောက်သိမ်းနိုင်ရန် အပင်အရွယ်အစားထိန်းချုပ်ခြင်းနည်းလမ်းများ ကျယ်ကျယ်ပြန့်ပြန့် လွှမ်းခြုံလာမည်ဖြစ်၍ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ဝါနှင့် လျှော်မျှင်ထွက်သီးနှံဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက တစ်ပြိုင်တည်း ဝါကောက်သိမ်းနိုင်ရန် အပင်အရွယ်အစားထိန်းချုပ်ခြင်းနည်းလမ်းများ အသုံးပြုစိုက်ပျိုးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး ရွှေတောင်- ၁၀ နှင့် RAKA 666 ဝါမျိုး စမ်းသပ်ကွက်အတွင်း လက်တွေ့ရှင်းလင်းပြသသည်။
အဆိုပါ ကွင်းသရုပ်ပြပွဲသို့ ရမည်းသင်း၊ တပ်ကုန်း၊ လယ်ဝေး၊ ဇေယျာသီရိနှင့် ဥတ္တရသီရိမြို့နယ်များမှ ဝါတောင်သူ ၅၂ ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး တောင်သူများ၏ မေးမြန်းချက်များအပေါ် တာဝန်ရှိသူများက အသေးစိတ်ဖြေကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၆)
Posted on May 1, 2026၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်စေ ရန်အတွက်လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှု၍လည်းကောင်း၊ နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် (၅၀/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်အမိန့်ဖြင့် အကျဉ်းသား/ သူတို့ ကျခံရန် ကျန်ရှိသောပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပြီး အမိန့်အမှတ် (၅၁/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် အကျဉ်းသား/သူ ၁၅၀၈ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည့်အပြင် အမိန့်အမှတ် (၅၂/ ၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် နိုင်ငံခြားသား အကျဉ်းသား/သူ ၁၁ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးခဲ့ပါသည်။
Myanmar National Human Rights Commission Statement No. (5/2026)
Posted on Apr 30, 2026မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် ( ၅ /၂၀၂၆)
Posted on Apr 30, 2026
