တစ်မျိုးသားလုံး စည်းလုံးညီညွတ်စွာ နိုင်ငံကို ကာကွယ်တည်ဆောက်

တစ်မျိုးသားလုံး စည်းလုံးညီညွတ်စွာ နိုင်ငံကို ကာကွယ်တည်ဆောက်


Ministry of Information/ Naypyitaw / February 10, 2026
image_latest


ရခိုင်ပြည်နယ်မြောက်ပိုင်းပြဿနာနှင့် ပတ်သက်လျှင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားတို့၏အမြင်နှင့် မြန်မာနိုင်ငံသားမဟုတ်သူတို့၏ အမြင်မှာ လုံးဝကွဲပြားခြားနားသည်။ ကမ္ဘာ့နိုင်ငံအများအပြားကို လွှမ်းခြုံထားနိုင်သည့် အနောက်တိုင်းမီဒီယာများက ပုံဖော်ရေးသားဖော်ပြထုတ်လွှင့်သည့်အတိုင်းသာလျှင် သိရှိခွင့်ရကြခြင်းဖြစ်သည့်အလျောက် မြန်မာနှင့်ပတ်သက်သမျှ ကမ္ဘာကသိကြရသည့် သတင်းများ အားလုံးနီးပါးတို့မှာ မကောင်းသတင်းများ၊ သတင်းဆိုးများ သာလျှင်ဖြစ်သည်။ ရခိုင်မြောက်ပိုင်းပြဿနာတွင်လည်း ကုလသမဂ္ဂအပါအဝင် နိုင်ငံအများအပြားတို့က မြန်မာနိုင်ငံကို ပြဿနာဖန်တီးဖြစ်ပေါ်စေသည့်နိုင်ငံ၊ လူ့အခွင့်အရေးကို ဆိုးဆိုးရွားရွား ချိုးဖောက်သည့် နိုင်ငံအဖြစ် ရှုမြင်ကြသော်လည်း မြန်မာနိုင်ငံသား တစ်ရပ်လုံးကမူ အမှန်တရားကို ချောင်ထိုးခံထားရပြီး မိမိတို့၏ ပိုင်နက်နယ်မြေကို မတရားနည်းလမ်းဖြင့် ယူငင်ရန် အုပ်စုဖွဲ့လုပ်ကြံကြိုးပမ်းမှုအဖြစ် ရှုမြင်ကြသည်။

လွတ်လပ်ရေးမရသေးမီ ကာလကပင်လျှင် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောနယ်မြေတို့ကို တစ်ဖက်နိုင်ငံနယ်မြေသို့ ပေါင်းထည့်ပေးရန် ဘင်္ဂါလီတို့က တောင်းဆိုကြိုးပမ်းခဲ့ကြခြင်းဖြစ်ပြီး လွတ်လပ်ရေးရပြီးစ အချိန်ကပင်စကာ ပြည်တွင်း၌ နိုင်ငံရေး၊ အုပ်ချုပ်ရေးအကျပ်အတည်း၊ အပြောင်းအလဲ ဖြစ်သည့်အချိန်တိုင်းတွင် ရခိုင်မြောက်ပိုင်း၌ ဝင်ရောက်နေထိုင်ကြသည့် ဘင်္ဂါလီတို့၏ ဆူပူအုံကြွမှုများ၊ ဒေသခံတိုင်းရင်းသားရခိုင်လူမျိုးများနှင့် အခြားလူနည်းစု တိုင်းရင်းသားလူမျိုးများကို သတ်ဖြတ်မှုများ၊ ကျေးရွာများကို ဝင်ရောက်လုယက်တိုက်ခိုက်၍ မီးရှို့ဖျက်ဆီးကာ တိုင်းရင်းသားများကို မောင်းထုတ်ပြီး လယ်ယာမြေများကို သိမ်းယူမှုများ စသည်တို့ကို ပြုလုပ်ခဲ့ကြသည်။ ရခိုင်တိုင်းရင်းသားများ၏ ကျေးရွာရာပေါင်းများစွာ ပျက်စီးပျောက်ကွယ်သွားကြရသကဲ့သို့ တိုင်းရင်းသားများ ထောင်ပေါင်းများစွာ သတ်ဖြတ်ခံခဲ့ကြရခြင်းမှာ အမှန်တကယ်လူမျိုးသုဉ်းသုတ်သင်ခံခဲ့ကြရခြင်းဖြစ်သည်။ သို့သော် အတိတ်က ဤအဖြစ်အပျက်တို့ကို ကမ္ဘာကြီးက မေ့ပစ်လိုက်ကြပြီဖြစ်သလို မျက်မှောက်ကာလ ရခိုင်မြောက်ပိုင်းပြဿနာတွင် လူ့အခွင့်အရေးအကြောင်းပြကာ လာရောက်ပါဝင်နေကြသည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကလည်း လျစ်လျူရှုလိုက်ကြသည်။ ပို၍ဆိုးသည်မှာ ၂၀၁၆၊ ၂၀၁၇ ဖြစ်ရပ်များမှာပင်လျှင် ဘင်္ဂါလီအကြမ်းဖက်တို့၏ လုပ်ရပ်များကို ဖုံးကွယ်ခြင်း၊ လျှော့ပေါ့ခြင်း၊ မသိသယောင်ဟန်ဆောင်ခြင်း၊ ၎င်းတို့၏ အထောက်အထားမဲ့ပြောစကားများ၊ မမှန်မကန်ပြောဆိုချက်များနှင့် ချဲ့ကား၍ ပြောကြားချက်များကိုသာ တစ်ဖက်သတ် မှတ်တမ်းတင်ခဲ့ကြသည်။ နိုင်ငံတကာမီဒီယာများကလည်း “မကောင်းသည့် သတင်းသည်သာ သတင်းကောင်း” ဖြစ်သည့်အလျောက် ဇာတ်နာစေလောက်သည့် အရေးအသား၊ သတင်းပုံများ၊ ရုပ်ရှင်မှတ်တမ်းများနှင့် သတင်းများ ထုတ်လွှင့်ဖော်ပြခဲ့ကြသည်။ ထွက်ပေါ်လာသည့်ရလဒ်မှာ မြန်မာနိုင်ငံသည် လူ့အခွင့်အရေးမှတ်တမ်း ဆိုးရွားသည့်နိုင်ငံဖြစ်သည်ဆိုသည့် ပုံရိပ်ဆိုးပင်ဖြစ်သည်။

ရခိုင်မြောက်ပိုင်း ပြဿနာအပေါ် မြန်မာနိုင်ငံနှင့် လွန်စွာအလှမ်းဝေးသည့် ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် တရားစွဲဆိုခဲ့ရာ နောက်ဆုံးအပြန်အလှန်နှုတ်ဖြင့် ကြားနာလျှောက်လဲချက် ကြားနာစစ်ဆေးမှုကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်မှ ၂၉ ရက်အထိ နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် ပြုလုပ်ခဲ့ခြင်းကြောင့် မြန်မာကိုယ်စားလှယ်အဖွဲ့က သွားရောက်ဖြေရှင်းခဲ့ရသည်။ မြန်မာနိုင်ငံ၊ မြန်မာပြည်သူလူထုနှင့် အစိုးရတို့အပါအဝင် တစ်နိုင်ငံလုံးကို တရားစွဲဆို ခြင်းသည် မိမိတို့နိုင်ငံအဖို့ လွန်စွာကြီးမားသည့် စိန်ခေါ်မှုဖြစ်သော်လည်း အခြားတစ်ဖက်တွင် အကျိုးအမြတ်တို့လည်းရရှိခဲ့သည်။ “ယင်းအကျိုးအမြတ်များအနက် အရေးအကြီးဆုံးအချက်တစ်ရပ်မှာ ‘အရေးကြီးပြီ သွေးစည်းကြစို့’ဟူသည့်အတိုင်း မြန်မာနိုင်ငံအပေါ် မတရားစွပ်စွဲခံရသည့် ယခုအမှုအပေါ် မြန်မာပြည်သူလူထု တစ်ရပ်လုံးက နိုင်ငံတော်အစိုးရနှင့်အတူ စည်းစည်းလုံးလုံးလက်တွဲပြီး နိုင်ငံချစ်စိတ်နှင့် ကိုယ့်နိုင်ငံဘက်က အပြည့်အဝထောက်ခံရပ်တည်ခဲ့ကြသည့်အတွက် အမျိုးသားစည်းလုံးညီညွတ်မှု၏ သာဓကတစ်ရပ်ရရှိခဲ့သည်ဟု ဆိုရမည်ဖြစ်ကြောင်း” နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ICJ ၌ တရားရင်ဆိုင်ကြားနာရာတွင် သွားရောက်ဖြေရှင်းခဲ့သည့် မြန်မာကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုညစာစားပွဲ တည်ခင်းဧည့်ခံရာတွင် ဂုဏ်ပြုအမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

မျက်မှောက်ကာလ နိုင်ငံတကာ အခင်းအကျင်းတွင် အမျိုးသားစည်းလုံးညီညွတ်မှုသည် အမြဲတစေအချိန်နှင့်အမျှ နိုးနိုးကြားကြားတည်ရှိနေအပ်သည့်အရာဖြစ်သည်။ ထာဝစဉ်နိုးကြားထက်သန်သည့် တစ်မျိုးသားလုံးစည်းလုံးညီညွတ်မှုဖြင့် နိုင်ငံကို ကာကွယ်တည်ဆောက်သွားကြရပါမည့်အကြောင်း။ ။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


Posted on Feb 28, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


Posted on Feb 27, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


Posted on Feb 26, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Feb 25, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


Posted on Feb 24, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


Posted on Feb 23, 2026
AnnouncementsExplore more >

ကြော်ငြာစာအမှတ်(၁/၂၀၂၆)ပါ ရာထူးတွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များ

Posted on Feb 27, 2026

ကြော်ငြာစာအမှတ်(၁/၂၀၂၆)ပါ ရာထူးတွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များ

ကြော်ငြာစာအမှတ်(၁/၂၀၂၆)ဖြင့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း( ၂၄ )ခုမှ လစ်လပ်လျက်ရှိသော ရာထူးနေရာများအတွက် ကြော်ငြာခေါ်ယူခြင်း

Posted on Feb 27, 2026

ကြော်ငြာစာအမှတ်(၁/၂၀၂၆)ဖြင့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း( ၂၄ )ခုမှ လစ်လပ်လျက်ရှိသော ရာထူးနေရာများအတွက် ကြော်ငြာခေါ်ယူခြင်း

အခွန်အယူခံခုံအဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေ

Posted on Feb 26, 2026

အခွန်အယူခံခုံအဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေ