တစ်မျိုးသားလုံး နိုင်ငံချစ်စိတ်များဖြင့် အမျိုးသားအကျိုးစီးပွားအစွမ်းကုန်ကြိုးစား

တစ်မျိုးသားလုံး နိုင်ငံချစ်စိတ်များဖြင့် အမျိုးသားအကျိုးစီးပွားအစွမ်းကုန်ကြိုးစား


Ministry of Information/ Naypyitaw / November 01, 2025
image_latest


၂၀၂၅ ခုနှစ်သည် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဖြင့် တစ်မျိုးသားလုံး၏အကျိုးစီးပွားကိုအရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်ကြရမည့်အချိန်အခါဖြစ်သည်။ အထူးသဖြင့်အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ဦးတည်ချက်ချမှတ်ထားသော “နိုင်ငံတော်၏အမျိုးသားအကျိုးစီးပွားကိုအလေးထား၍ စစ်မှန်စည်းကမ်းပြည့်ဝသောပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်မည့်    နိုင်ငံရေးအင်အားစုများ၊ ပြည်သူ့ကိုယ်စားလှယ်များဖြစ်ပေါ်လာစေရန် အစဉ်တစိုက်ဆောင်ရွက်ရေး” အချိန်ကာလဖြစ်သည်။

ယခုအခါ ၂၀၂၅ ခုနှစ်ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်စတင်ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များအောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကိုအောင်မြင်စွာလျှောက်လှမ်းနိုင်ရေး ပြည်သူလူထု၏ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော အချိန်အခါဖြစ်သည်။ ရွေးကောက်ပွဲအောင်မြင်ရေးအတွက် တရားဝင်အသိအမှတ်ပြုထားသော နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများက နယ်မြေဒေသအသီးသီးသို့ ကွင်းဆင်းသွားရောက်ပြီး ရွေးကောက်ပွဲ ဥပဒေနှင့်အညီ မဲဆွယ်စည်းရုံးရေး ဆောင်ရွက်နေပြီဖြစ်သည်။

၂၀၂၅ ခုနှစ်တွင် တစ်မျိုးသားလုံး၏အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေး၊ ကိုယ်ပိုင်ယဉ်ကျေးမှုအမွေအနှစ်များမပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် တစ်နိုင်ငံလုံးလွှမ်းခြုံသည့် (၂၆)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ပြည်သူလူထုတစ်ရပ်လုံးအားပေးချီးမြှောက်မှုဖြင့် ခမ်းနားထည်ဝါ  အောင်မြင်စွာကျင်းပနိုင်ခဲ့သည်။ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးမှတစ်ဆင့်  မြန်မာတို့၏ နိုင်ငံချစ်စိတ်၊  မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားစေသော စိတ်ဓာတ်ခွန်အားများကို ရှင်သန်နိုးကြားလာအောင် ဆောင်ကြဉ်းပေးနိုင်ခဲ့သည်။

၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) (၁၀)နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားကို ခမ်းနားထည်ဝါအောင်မြင်စွာကျင်းပနိုင်ခဲ့သည်။ အခမ်းအနားအပြီးတွင် နိုင်ငံတော် အစိုးရ၊ တပ်မတော်၊ လက်မှတ်ရေးထိုးထားသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ တိုင်းရင်းသားများ၊ နိုင်ငံရေးပါတီများ၊ ပါဝင်သင့်ပါဝင်ထိုက်သည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၊ လူငယ်များအားလုံးစိတ်တူညီမျှ အတူတကွပေါင်းစည်းညှိနှိုင်းဆွေးနွေးကြပြီး  ငြိမ်းချမ်းရေးပန်းတိုင်ဆီသို့ အောင်မြင်စွာတက်လှမ်းနိုင်ရန် အမျိုးသားရေးအားမာန်များဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။

၂၀၂၅ ခုနှစ်တွင် ပြည်သူတစ်ရပ်လုံးဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့် ငြိမ်းချမ်းရေးခရီးဆက်နိုင်ရေးတို့ကို အားလုံးတပေါင်းတစည်းတည်းလက်တွဲလျက်  ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ဆက်လက်၍ အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်ကြရမည့် လုပ်ငန်းစဉ်များလည်း များစွာရှိနေသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၌ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံမှဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် အားကစားဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ မြန်မာ့လက်ရွေးစင်အားကစားသမားများ  ပွဲမဝင်မီပြင်ဆင်ထားရာ   ပြည်သူများကလည်း အားပေးကြမည်ဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံတော်ကို တိုင်ထိပ်တွင်လွှင့်ထူနိုင်ခြင်းဖြင့် နိုင်ငံအတွက်ဂုဏ်ယူဖွယ်ရာအခင်းအကျင်းဖြစ်ပေါ်လာရေးအတွက် ကဏ္ဍအလိုက် အစွမ်းကုန်ကြိုးပမ်းအားထုတ်သွားကြရမည်ဖြစ်သည်။ တစ်ဆက်တည်းတွင် ဒီဇင်ဘာလလူထုလှုပ်ရှားမှုအထိမ်းအမှတ်လမ်းလျှောက်ပွဲကျင်းပနိုင်ရေးနှင့် နိုင်ငံတော်ကချမှတ်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ အားကစားဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် မျိုးဆက်သစ်အားကစားသမားများရရှိစေရေးအတွက် ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက်  လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးကဲ့သို့ လူထုလှုပ်ရှားမှုအားကစားအမျိုးမျိုးမှတစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများပေါ်ထွက်လာရေး၊ ပြည်သူလူထုတစ်ရပ်လုံး မြန်မာ့အားကစားကို ဂုဏ်ယူသောစိတ်ဓာတ်မှတစ်ဆင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ရှင်သန်နိုးကြားလာအောင် ကြိုးစားကြရမည်ဖြစ်သည်။

၂၀၂၅ ခုနှစ်သည် နိုင်ငံတော်၏အမျိုးသားအကျိုးစီးပွားကိုအလေးထား၍ စစ်မှန်စည်းကမ်းပြည့်ဝသည့်ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်မည့်နိုင်ငံရေးအင်အားစုများ၊ ပြည်သူ့ကိုယ်စားလှယ်များဖြစ်ပေါ်လာစေရေး၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အချိန်အခါဖြစ်ရာ ထိုသို့သောနိုင်ငံအတွက် အရေးကြီးသည့်အချိန်အခါတွင် တိုင်းရင်းသားပြည်သူများနှင့် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နှင့် အမျိုးသားရေးအားမာန်များရှင်သန်ထက်မြက်ခိုင်မာစေမည့် လူထုလှုပ်ရှားဆောင်ရွက်မှုအမျိုးမျိုးတွင်နိုးကြားတက်ကြွစွာဖြင့် ပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။      ။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။


Posted on Nov 01, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။


Posted on Oct 31, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။


Posted on Oct 30, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Oct 29, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။


Posted on Oct 28, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။


Posted on Oct 27, 2025
AnnouncementsExplore more >

ကြော်ငြာစာအမှတ် (၂/၂၀၂၅)ပါ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး(၂)/ တတိယအတွင်းဝန် (အမျိုးသား/အမျိုးသမီး) ရာထူး (၃၀) နေရာအတွက် စိတ်အခြေအနေနှင့်...

Posted on Nov 1, 2025

ကြော်ငြာစာအမှတ် (၂/၂၀၂၅)ပါ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး(၂)/ တတိယအတွင်းဝန် (အမျိုးသား/အမျိုးသမီး) ရာထူး (၃၀) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက်‌‌ အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း

ကြော်ငြာစာအမှတ် (၁/၂၀၂၅)ပါ လစ်လပ်ရာထူး (၆၀‌၉) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက်‌‌ အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း

Posted on Nov 1, 2025

ကြော်ငြာစာအမှတ် (၁/၂၀၂၅)ပါ လစ်လပ်ရာထူး (၆၀‌၉) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက်‌‌ အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း

ကြော်ငြာစာအမှတ် (၂/၂၀၂၅)အတွက်စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးမှုခံယူမည့်သူများအမည်စာရင်းကြေညာခြင်း

Posted on Nov 1, 2025

ကြော်ငြာစာအမှတ် (၂/၂၀၂၅)အတွက်စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးမှုခံယူမည့်သူများအမည်စာရင်းကြေညာခြင်း

HOT NEWS
January 4,