တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့၊ မြို့မဈေးကြီးတွင် မီးဘေးအန္တရာယ်ဖြစ်ပွားမှု မရှိစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြလေ့ကျင့် ဆောင်ရွက်မှု
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့၊ မြို့မဈေးကြီးတွင် မီးဘေးအန္တရာယ်ဖြစ်ပွားမှု မရှိစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြလေ့ကျင့် ဆောင်ရွက်မှု
Ministry of Home Affairs/ နေပြည်တော် / February 17, 2025
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၉ နာရီ ၃၀ မိနစ်ခန့်က တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့၊ မြို့မဈေးကြီးတွင် မီးဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြလေ့ကျင့်မှု ပြုလုပ်ခဲ့ပါသည်။
အဆိုပါမီးဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရေး လက်တွေ့သရုပ်ပြလေ့ကျင့်ရာတွင် အရေးပေါ် မီးလောင်မှုဖြစ်ပွားလာပါက မီးသတ်ကားများဖြင့် မီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဗူးအသုံးပြု၍ မီးငြှိမ်းသတ်နည်း၊ ဆီ မီးလောင်မှုဖြစ်ပွားပါက အောက်ဆီဂျင်ဖြတ်တောက်မီးငြှိမ်းသတ်နည်း အမျိုးမျိုးကို လက်တွေ့စနစ်တကျ သရုပ်ပြသခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဈေးအတွင်းရှိမီးပလပ်ခုံများ၊ မီးကြိုးများ ကြံ့ခိုင်မှု ရှိ/ မရှိ လိုက်လံစစ်ဆေးခြင်းများကို ဘုတ်ပြင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်နှစ်စီးဖြင့် မီးသတ်တပ်ဖွဲဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဈေးသူ/ ဈေးသားများနှင့်အတူ လက်တွေ့သရုပ်ပြလေ့ကျင့်မှုဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
နိုင်ငံရေးပါတီ (၂၉)ပါတီက ပူးတွဲသဘောထားထုတ်ပြန်ကြေညာ
Posted on Mar 13, 2025နိုင်ငံရေးပါတီ (၂၉)ပါတီက ပူးတွဲသဘောထားထုတ်ပြန်ကြေညာ
မြန်မာ့စာတိုက်လုပ်ငန်းမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ ပေးပို့သည့် ချောထုပ်များနှင့် ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ပေးပါရန် အသိပေးအကြောင်းကြားခြင်း
Posted on Mar 11, 2025မြန်မာ့စာတိုက်လုပ်ငန်းမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ ပေးပို့သည့် ချောထုပ်များနှင့် ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ပေးပါရန် အသိပေးအကြောင်းကြားခြင်း
မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များအသင်းချုပ်မှ ဂုဏ်ယူဝမ်းမြောက်ကြောင်း ကြေညာချက်
Posted on Mar 11, 2025နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတကြီး H.E. Mr. Vladimir Vladimirovich Putin နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတကြီး H.E. Mr. Alexander Gregoryevich Lukashenko တို့၏ ဖိတ်ကြားခဲ့မှုအရ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်များအတွင်း နိုင်ငံတော်နှင့် ပြည်သူလူထု၏ အကျိုးစီးပွားကို အောင်မြင်မှုများစွာရရှိအောင် ဖော်ဆောင်နိုင်ခဲ့ခြင်းအတွက် မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များအသင်းချုပ်က အထူးပင်ဂုဏ်ယူဝမ်းမြောက် မိပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။