တနင်္သာရီသဘာဝကြိုးဝိုင်းအတွင်း နို့တိုက်သတ္တဝါ ၆၇ မျိုးနှင့် ငှက်မျိုးစိတ် ၂၄၄ မျိုး ရှင်သန်ကျက်စားနေမှု မှတ်တမ်းတင်တွေ့ရှိ

တနင်္သာရီသဘာဝကြိုးဝိုင်းအတွင်း နို့တိုက်သတ္တဝါ ၆၇ မျိုးနှင့် ငှက်မျိုးစိတ် ၂၄၄ မျိုး ရှင်သန်ကျက်စားနေမှု မှတ်တမ်းတင်တွေ့ရှိ


Ministry of Information/ Naypyitaw / June 10, 2025
image_latest


ရန်ကုန် ဇွန် ၉

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နှင့် ရေဖြူမြို့နယ်အတွင်းတည်ရှိသော တနင်္သာရီသဘာဝကြိုးဝိုင်းအတွင်း နို့တိုက်သတ္တဝါ ၆၇ မျိုးနှင့် ငှက်မျိုးစိတ် ၂၄၄ မျိုး ရှင်သန်ကျက်စားနေမှုကို မှတ်တမ်းတင်တွေ့ရှိ ရကြောင်း တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ သိရသည်။

တိုင်းဒေသကြီး သစ်တောဦးစီးဌာနသည် တနင်္သာရီသဘာဝကြိုးဝိုင်းအတွင်း ကင်မရာထောင်ချောက်များတပ်ဆင်၍ ဇီဝမျိုးစုံမျိုးကွဲများနှင့် တောရိုင်းတိရစ္ဆာန်များ ကျက်စားနေထိုင်မှုကို သိရှိမှတ်တမ်းတင်နိုင်ရန်နှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ရေရှည်ရှင်သန်ဖွံ့ဖြိုးရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

အဆိုပါ သဘာဝကြိုးဝိုင်းအတွင်း မျိုးသုဉ်းရန်အန္တရာယ်ရှိနေသော အာရှဆင်၊ တောခွေးနှင့် မျိုးသုဉ်းလုနီး ရင်ဆိုင်နေရသည့် သင်းခွေချပ်အပြင် အင်းကျား၊ ကြံ့သူတော်၊ ကျားသစ်နက်၊ ကြောင်မြင်း၊ မလေးဝက်ဝံနှင့် အင်ဒိုချိုင်းနားကျား စသည့်မျိုးစိတ်များလည်း ရှင်သန်ကျက်စားလျက်ရှိကြောင်း သိရသည်။

ထို့ပြင် မျိုးသုဉ်းရန် အန္တရာယ်ကျရောက်နိုင်သော ငှက်မျိုးစိတ်သုံးမျိုးနှင့် မျိုးသုဉ်းရန် အန္တရာယ်ကျရောက်လုနီးပါး ရင်ဆိုင်နေရသည့် ငှက်မျိုးစိတ် ၁၀ မျိုးအပါအဝင် ငှက်မျိုးစိတ် များစွာ တည်ရှိနေသည်။

တနင်္သာရီသဘာဝကြိုးဝိုင်းကို တိုင်းဒေသကြီးမြောက်ပိုင်းနှင့် အရှေ့ပိုင်းရှိ အပူပိုင်းမုတ်သုံသစ်တောဂေဟစနစ်များနှင့် ဇီဝမျိုးစုံ မျိုးကွဲများ ထိန်းသိမ်းရန်အတွက် ၂၀၀၅ ခုနှစ် မတ် ၃၀ ရက်တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ အမှတ် ၁၈/၀၅ ထုတ်ပြန်၍ သတ်မှတ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

သစ်တာဦးစီးဌာနသည် သဘာဝကြိုးဝိုင်းအတွင်း အမာခံထိန်းသိမ်းရေးနယ်မြေ ၃၃၆၉၁၂ ဧက၊ ကြားခံထိန်းသိမ်းရေးနယ်မြေ ၇၉၉၅၂ ဧကနှင့် ဓာတ်ငွေ့ပိုက်လိုင်း ထိန်းသိမ်း ရေးနယ်မြေ ၃၂၁၃ ဧကဟူ၍ ဇုန်နယ်မြေများ သတ်မှတ်ကာ စီမံအုပ်ချုပ်လျက်ရှိကြောင်း သိရသည်။

တနင်္သာရီသဘာဝကြိုးဝိုင်းသည် သဘာဝအခြေခံခရီးသွားလုပ်ငန်းနှင့် ဒေသခံအခြေပြု ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုတွင် အလားအလာရှိသော သဘာဝထိန်းသိမ်းရေး နယ်မြေတစ်ခုဖြစ်ပြီး ရေချိုအရင်းအမြစ်များစွာ တည်ရှိနေသည့်အတွက် တောတွင်းခရီးသွားလာခြင်း၊ လေ့လာရေးနှင့် သုတေသနပြုလုပ်ငန်းများကိုလည်း အကျိုးပြုလျက်ရှိသည်။

သစ္စာ(MNA)

ဓာတ်ပုံ - တနင်္သာရီသဘာဝကြိုးဝိုင်း

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်၊ ဇွန် ၁၂ ရက်၊ ကြာသပတေးနေ့။


Posted on Jun 11, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်၊ ဇွန် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jun 11, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ ဇွန် ၁၀ ရက်၊ အင်္ဂါနေ့။


Posted on Jun 10, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက်၊ ဇွန် ၉ ရက်၊ တနင်္လာနေ့။


Posted on Jun 08, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက်၊ ဇွန် ၈ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 08, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက်၊ ဇွန် ၇ ရက်၊ စနေနေ့။


Posted on Jun 07, 2025
AnnouncementsExplore more >

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၂၀/၂၀၂၅)

Posted on Jun 12, 2025

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၂၀/၂၀၂၅)

ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း(၁၇)ခုမှရွေးချယ်ခံရသူများ သတင်းပို့ရမည့်လိပ်စာနှင့် ဖုန်းနံပါတ်ကြေညာခြင်း

Posted on Jun 12, 2025

ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း(၁၇)ခုမှရွေးချယ်ခံရသူများ သတင်းပို့ရမည့်လိပ်စာနှင့် ဖုန်းနံပါတ်ကြေညာခြင်း

အရာထမ်းလောင်း(အထူး)သင်တန်းအမှတ်စဉ်(၁၅)သင်တန်းဝင်ညွှန်ကြားလွှာ

Posted on Jun 12, 2025

အရာထမ်းလောင်း(အထူး)သင်တန်းအမှတ်စဉ်(၁၅)သင်တန်းဝင်ညွှန်ကြားလွှာ

HOT NEWS
January 4,