တပေါင်းလပြည့်နေ့၌ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ဘုရား၊ စေတီများ၌ ဘုရားဖူးလာပြည်သူများဖြင့်စည်ကား
တပေါင်းလပြည့်နေ့၌ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ဘုရား၊ စေတီများ၌ ဘုရားဖူးလာပြည်သူများဖြင့်စည်ကား
Ministry of Information/ Naypyitaw / March 03, 2026
ရန်ကုန် မတ် ၂
ယနေ့သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် တပေါင်းလပြည့်နေ ဖြစ်သည့်အားလျော်စွာ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ဘုရား၊ စေတီများ၌ ကုသိုလ်ဒါနပြုကြသူ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသည်။
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ရွှေတိဂုံစေတီတော် မြတ်ကြီး၏ တပေါင်းလပြည့်နေ့ ဆွမ်းတော်ကြီး တင်လှူဆက်ကပ်လှူဒါန်းပွဲနှင့် (၂၆၁၄) နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်အောင်ပွဲ ရေစက်ချအခမ်းအနားကို ယနေ့နံနက်ပိုင်းမှစတင်၍ စေတီတော်ရင်ပြင်သတ်မှတ်နေရာများ၌ ကျင်းပသည်။
ဦးစွာ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ တပေါင်းလပြည့်နေ့ ဆွမ်းတော်ကြီးတင်လှူဆက်ကပ်လှူဒါန်းပွဲကို နံနက် ၅ နာရီတွင် ရွှေတိဂုံစေတီ တော်ရင်ပြင်မြောက်ဘက်မုခ်ရှိ အောင်မြေ၌ ဂေါပက အဖွဲ့ဝင်များ၊ ဘာသာရေးအသင်းအဖွဲ့များနှင့် ဂေါပကရုံးဝန်ထမ်းများက ဆွမ်းတော်ဆက်ကပ် လှူဒါန်းကြသည်။
ထို့နောက်ရွှေတိဂုံစေတီတော် (၂၆၁၄) နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် အောင်ပွဲရေစက်ချ အခမ်းအနားကိုရွှေတိဂုံစေတီတော်ရင်ပြင် ရာဟုထောင့်ရှိ ချမ်းသာကြီးတန်ဆောင်း၌ ဆက်လက်ကျင်းပရာရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် သံဃာတော်များ ကြွရောက်တော်မူကြပြီး ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များနှင့် အလှူရှင်များ တက်ရောက်ကြည်ညိုကြသည်။
ယင်းနောက်ရွှေတိဂုံစေတီတော် ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော် ဘဒ္ဒန္တဇာဂရထံမှ ဧည့်ပရိသတ်များက ကိုးပါးသီလခံယူဆောက်တည်ကြပြီးရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဂေါပကအဖွဲ့ဝင် ဦးအောင်ဇေယျလင်းက ရေစက်ချ အနုမောဒနာစာတမ်းလွှာကို လျှောက်ထားသည်။
ဆက်လက်၍ ဩဝါဒါစရိယဆရာတော်ကြီးများ နှင့် သံဃာတော်များအား ဂေါပကအဖွဲ့ဝင်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ်ကြပြီး ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ ဘဒ္ဒန္တနာရဒါဘိဝံသ(လှရတနာဆရာတော်) ထံမှဧည့်ပရိသတ်များက အနုမောဒနာတရားနာကြား၍ ရေစက်ချအမျှပေးဝေကြကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကြသည်။
ထို့နောက် စေတီတော်ရင်ပြင် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ရွှေတိဂုံစေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် သံဃာတော်များအား ဂေါပကအဖွဲ့ဝင်များက နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။
ယနေ့တပေါင်းလပြည့်နေ့တွင် ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၊ မဟာဝိဇယ စေတီတော်၊ ဆူးလေစေတီတော်၊ သီရိမင်္ဂလာ ကမ္ဘာ အေး စေတီတော်၊ဝရဒါဌာဓာတုစေတိယ စွယ်တော် မြတ်စေတီတော်(ရန်ကုန်)၊ မင်းဓမ္မကုန်းရှိ လောကချမ်းသာ အဘယလာဘမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ရွှေဘုန်းပွင့်စေတီတော်၊ သမိုင်းဝင်ကျိုက္ကစံ ဆံတော် ရှင် စေတီတော်နှင့် ဆုတောင်းပြည့်မယ်လမုစေတီ တော်ကိုးထပ်ကြီးဘုရားတို့တွင်လည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
Myanmar National Human Rights Commission Statement No. ( 2 / 2026)
Posted on Mar 2, 2026The Acting President of the Republic of the Union of Myanmar, in commemoration of the Full Moon Day of Tabaung in the year 1387 ME and Peasants’ Day falling on 2 March 2026,
ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်း
Posted on Mar 2, 2026မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက် ( ၂ /၂၀၂၆ )
Posted on Mar 2, 2026
