တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့ပါဝင်သော တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့ ပြန်လည်ရောက်ရှိ၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြို့နယ်(၈)မြို့နယ်မှ ဒေသခံပြည်သူ ၁၂၅၇၈ ဦးကို ဆေးဝါးကုသခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့

တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့ပါဝင်သော တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့ ပြန်လည်ရောက်ရှိ၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြို့နယ်(၈)မြို့နယ်မှ ဒေသခံပြည်သူ ၁၂၅၇၈ ဦးကို ဆေးဝါးကုသခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့


Ministry of Information/ Naypyitaw / December 14, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ်နေကျေးရွာများမှ ဒေသခံပြည်သူများအား တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့ဖြင့် သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြပြီး ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြို့နယ်ပေါင်း(၈)မြို့နယ်မှ ဒေသခံပြည်သူ ၁၂၅၇၈ ဦး အား ဆေးဝါးကုသခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့များ ပါဝင်သည့် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ရန်ကုန်မြို့ရှိ အမှတ်(၄) ရေတပ်ဗောတံတားသို့ ရောက်ရှိကြရာ ဧရာဝတီရေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဇော်ဦးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။

အဆိုပါ တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့သည် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မအူပင်မြို့နယ်၊ ရွှေလောင်းမြို့နယ်၊ ဝါးခယ်မမြို့နယ်၊ မြောင်းမြမြို့နယ်၊ လပွတ္တာမြို့နယ်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ဖျာပုံမြို့နယ်၊ ဘိုကလေးမြို့နယ်များနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူစုစုပေါင်း (၁၂၅၇၈)ဦးကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ(၄၇၉၉)ဦး၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ (၆၀၃)ဦး၊ သားဖွားမီးယပ်ရောဂါ(၇၈၀)ဦး၊ ကလေးရောဂါ(၇၉၉) ဦး၊ အရိုးရောဂါ(၁၉၄၀)ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ(၉၀၁)ဦး၊ မျက်စိရောဂါ(၁၈၅၅)ဦးနှင့် သွားနှင့်ခံတွင်းရောဂါ(၉၀၁)ဦး စုစုပေါင်းဒေသခံ ပြည်သူ(၁၂၅၇၈)ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက် အထွေထွေခွဲစိတ်လူနာ(၁၀၄)ဦး၊ မျက်စိခွဲစိတ်လူနာ(၅၇)ဦးတို့ကို ဆေးရုံရေယာဉ်ပေါ်တွင် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ထို့ပြင် ဓာတ်မှန်ရိုက်လူနာ(၄၂၁)ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ(၈၉၇)ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ(၃၂၆)ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ(၁၀၆၅)ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆေးရုံရေယာဉ်ပေါ်ရှိသားဖွားခန်း၌ ကိုယ်ဝန်ဆောင် မိခင်(၁)ဦးအား အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့သည်။

တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့များပါဝင်သော တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့ဖြင့် ၂၀၁၃ ခုနှစ် မှစတင်၍ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် မြစ်ကြောင်းများတစ်လျှောက် ဆေးကုသရန်ခက်ခဲသော ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ယခုခရီးစဉ်သည် (၂၀)ကြိမ်မြောက်ဖြစ်ပြီး ဒေသခံပြည်သူစုစုပေါင်း(၁၉၈၁၄၆)ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့သည့် ခရီးစဉ်များအတွင်း ကိုယ်ဝန်ဆောင်မိခင်(၃၂)ဦးတို့အား တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)ရှိ သားဖွားခန်း၌ အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။