တပ်မတော်နှင့် ပြည်သူအတူလက်တွဲ သောင်းကျန်းသူများအားတိုက်ဖျက်

တပ်မတော်နှင့် ပြည်သူအတူလက်တွဲ သောင်းကျန်းသူများအားတိုက်ဖျက်


Ministry of Information/ Naypyitaw / July 30, 2025
image_latest


ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် ကျောက်ကြီးမြို့ အနောက်ဘက်ရှိ လပတ်ကျေးရွာမှ အပြစ်မဲ့ပြည်သူများအား KNLA နှင့် PDF အမည်ခံ အကြမ်းဖက် သောင်းကျန်းသူများက လက်နက်ငယ်များ၊ တုတ်၊ ဓားများဖြင့် အကြောင်းမဲ့ပစ်ခတ် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ရာ လူမမည်ကလေးငယ်များနှင့် သက်ကြီးဘိုးဘွားများအပါအဝင် အပြစ်မဲ့ကျေးရွာသူ ကျေးရွာသား ၁၃ ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း စိတ်မကောင်းဖွယ်သတင်းကို ကြားသိခဲ့ရသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၂၅ ရက်နေ့ နံနက် ၁ နာရီခန့်က KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများသည် ကျေးရွာ၏ အနောက်မြောက်ဘက်နှင့် အရှေ့ဘက်တို့မှ ဝင်ရောက်လာပြီး ကျေးရွာအတွင်းရှိ အပြစ်မဲ့ပြည်သူအသက် ၁၀ လသားအရွယ်မှ အသက် ၃ နှစ်၊ အသက် ၄ နှစ်၊ အသက် ၆ နှစ်၊ အသက် ၇ နှစ်နှင့် အသက် ၁၀ နှစ်အရွယ် လူမမည်ကလေးငယ်များအပါအဝင် အမျိုးသားရှစ်ဦး၊ အမျိုးသမီး ငါးဦး စုစုပေါင်း ၁၃ ဦးကို လက်နက်ငယ်၊ တုတ်၊ ဓားများဖြင့် အကြောင်းမဲ့ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပြီး ကလေးငယ်နှစ်ဦးအပါအဝင် အမျိုးသားသုံးဦး၊ အမျိုးသမီး ၁၂ ဦး စုစုပေါင်း ၁၅ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

ဖြစ်စဉ်ဖြစ်ပွားမှုကို သိလျှင်သိချင်း တပ်မတော်စစ်ကြောင်းများက လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်ပြီး အဆိုပါကျေးရွာသို့ သွားရောက်စစ်ဆေးကာ သေဆုံးခဲ့သည့် ကျေးရွာပြည်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက ကျေးရွာ၏ ထုံးတမ်းစဉ်လာနှင့်အညီ ကောင်းမွန်စွာသင်္ဂြိုဟ်ပေးခဲ့သည်။ ဒဏ်ရာရရှိခဲ့သည့် ကျေးရွာပြည်သူများအား နယ်မြေခံတပ်ဆေးခန်းသို့ပို့ဆောင်၍ ဆေးကုသမှုခံယူစေပြီးနောက် နယ်မြေခံတပ်မှ တာဝန်ရှိသူများက ဆေးရုံတက်လူနာများအား အားပေးပြောကြားပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်ကာ နယ်မြေလုံခြုံရေးကို ဆောင်ရွက်ပေးလျက်ရှိသည်။

KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများသည် စစ်ရေးနှင့် ပတ်သက်ခြင်းမရှိသော အပြစ်မဲ့ရွာသူရွာသားများကို ဆင်ခြင်တုံတရားကင်းမဲ့စွာဖြင့် အကြောင်းမဲ့သက်သက် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ခြင်းသည် ဂျီနီဗာကွန်ဗင်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)ကို ကျူးလွန်ခြင်းဖြစ်ပြီး အကြမ်းဖက်သောင်းကျန်းသူများ၏ ဆင်ခြင်တုံတရားကင်းမဲ့စွာ ဥပဒေမဲ့လုပ်ဆောင်ခဲ့မှုအပေါ် ပြည်သူများက စက်ဆုပ်ရွံရှာ ဆန့်ကျင်ရှုတ်ချလျက်ရှိပြီး တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်သောင်းကျန်းသူများကို ဖမ်းဆီးဖော်ထုတ်အရေးယူနိုင်ရေး လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဒေသခံ ပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

KNU/KNLA လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများသည် NCA လက်မှတ်ရေးထိုးထားသော်လည်း သောင်းကျန်းသူနယ်မြေသို့ ပြည်တွင်းမှ နိုင်ငံရေး အရောင်ဆိုးခံရခြင်းအပါအဝင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိခဲ့ကြသည့် လူငယ်များအား အကြမ်းဖက်သင်တန်းများပေးခြင်း၊ လက်နက်တပ်ဆင်ပေးခြင်း၊ အခွင့်အရေးမက်လုံးများပေးခြင်း၊ စစ်သွေးကြွစေခြင်းများပြုလုပ်ပြီး ၎င်းတို့အဖွဲ့များ အင်အားတိုးပွားအောင် ပြုလုပ်ခြင်း၊ မြို့ရွာများကို တိုက်ခိုက်ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူများအား သူလျှိုဒလန်စွပ်စွဲပြီး ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များပြုလုပ်ကြသည့် သောင်းကျန်းသူများကို တပ်မတော်သားများက မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် ခုခံစစ်မှ တန်ပြန်တိုက်စစ်ဖြင့် ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နှိမ်နင်းလျက်ရှိရာ သောင်းကျန်းသူများ အထိအခိုက်အကျအဆုံး များစွာဖြင့် ဖရိုဖရဲ ဆုတ်ခွာထွက်ပြေးနေကြရသည်။

အကြမ်းဖက်သောင်းကျန်းသူများ ဆုတ်ခွာထွက်ပြေးတိမ်းရှောင်ကြစဉ် ၎င်းတို့ လုပ်ဆောင်နေကျ အဖျက်အမှောင့်လုပ်ငန်းအမျိုးမျိုးကို ပြုလုပ်ခဲ့ကြသည်။ ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများ၊ ကုန်စည်ပို့ဆောင်သည့် မော်တော်ယာဉ်များအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်စေရန် လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ ၎င်းတို့ အလိုကျ မလိုက်နာမဆောင်ရွက်သော၊ ၎င်းတို့ကိုဆန့်ကျင်သော ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူများအား ဖမ်းဆီးနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိရာ ပြည်သူများက စက်ဆုတ်ရွံရှာ ကန့်ကွက်နေကြသည်။

သို့ဖြစ်ရာ အပြစ်မဲ့ပြည်သူများနှင့် မြို့ရွာဒေသများကို အစဉ်နှောင့်ယှက် ဖျက်ဆီးနေသည့် အကြမ်းဖက်သောင်းကျန်းသူများ၏ အဖျက်လုပ်ရပ်များ၊ လူမဆန် သောလုပ်ရပ်များကို ပြည်သူလူထုတစ်ရပ်လုံးက ဆန့်ကျင်ရှုတ်ချကြပြီး အကြမ်းဖက် သောင်းကျန်းသူများ ချုပ်ငြိမ်းစေရေးအတွက် တပ်မတော်နှင့်ပြည်သူ အတူလက်တွဲ ပြီး တိုက်ဖျက်ချေမှုန်းကြရမည်ဖြစ်ပါကြောင်း။       ။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၆ ရက် ၊ ဇူလိုင် ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jul 30, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၅ ရက် ၊ ဇူလိုင် ၂၉ ရက်၊ အင်္ဂါနေ့။


Posted on Jul 29, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၄ ရက် ၊ ဇူလိုင် ၂၈ ရက်၊ တနင်္လာနေ့။


Posted on Jul 27, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၃ ရက် ၊ ဇူလိုင် ၂၇ ရက်၊ တနင်္ဂနွေနေ့။


Posted on Jul 26, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက် ၊ ဇူလိုင် ၂၆ ရက်၊ စနေနေ့။


Posted on Jul 26, 2025

၁၃၈၇ ခုနှစ်၊ ဝါခေါင်းလဆန်း ၁ ရက် ၊ ဇူလိုင် ၂၅ ရက်၊ သောကြာနေ့။


Posted on Jul 25, 2025
AnnouncementsExplore more >

ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card- OWIC) ပေါ်တွင် လုံခြုံရေး Sticker အသုံးပြုသွားမည့်ကိစ္စနှင့်စပ်လျဉ်း၍ အသိပေးကြေညာချက်

Posted on Jul 29, 2025

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် နိုင်ငံကူးလက်မှတ် (Passport for Job-PJ) ကိုင်ဆောင်ထားပြီး ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများ ပြည်ပနိုင်ငံများသို့ ရောက်ရှိသည့်အချိန် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေပါ ခံစားခွင့်များ ရရှိနိုင်စေရန်နှင့် အလုပ်သမားရေးရာကိစ္စရပ်များ ဖြစ်ပေါ်လာသည့်အချိန် လွယ်ကူလျင်မြန်စွာ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (Overseas Worker Identification Card-OWIC) ထုတ်ပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်များ ထိန်းသိမ်းကာကွယ်ခြင်းဥပဒေ

Posted on Jul 28, 2025

စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်များ ထိန်းသိမ်းကာကွယ်ခြင်းဥပဒေ

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ

Posted on Jul 28, 2025

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ