တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)မှ တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့ ငရုတ်ကောင်းမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၄၄၈ ဦးအား ဆေးဝါးကုသမှုများဆောင်ရွက်

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)မှ တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့ ငရုတ်ကောင်းမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၄၄၈ ဦးအား ဆေးဝါးကုသမှုများဆောင်ရွက်


Ministry of Information/ Naypyitaw / December 02, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၁

တပ်မတော် ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်)ဖြင့် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့သို့ရောက်ရှိနေသည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ငပုတောမြို့နယ် ငရုတ်ကောင်းမြို့ တိုက်နယ်ဆေးရုံ၌အခြေပြု၍ ငရုတ်ကောင်းမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၄၄၈ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၉၈ ဦး၊ ခွဲစိတ်ရောဂါ ၄၈ ဦး၊ သားဖွားမီးယပ်ရောဂါ ၁၂ ဦး၊ ကလေး ရောဂါ ၃၁ ဦး၊ အရိုးရောဂါ ၇၅ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၃၀၊ မျက်စိရောဂါ ၉၇ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၅၇ ဦး၊ စုစုပေါင်း ၄၄၈ ဦးတို့ကိုလိုအပ်သည့် ဆေးဝါးကုသမှုများဆောင်ရွက်ပေးသည်။ ၎င်းတို့အနက် အထွေထွေခွဲစိတ်လူနာ ငါးဦး၊ မျက်စိခွဲစိတ်လူနာ ကိုးဦး၊ သွားနုတ်/သွားဖာ ၄၈ ဦး၊ ဓာတ်မှန်ရိုက်လူနာ သုံးဦး၊ အာထရာဆောင်း စက်ဖြင့် စမ်းသပ်စစ်ဆေးလူနာ ၆၁ ဦး၊ ECG စက်ဖြင့် နှလုံး စမ်းသပ်လူနာ ၄၉ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၂၉ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများသည် ယနေ့နံနက်ပိုင်းတွင် ငရုတ်ကောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ “နှလုံးနှင့် သွေးကြောဆိုင်ရာကျန်းမာရေး”၊ “ကျန်းမာဖွံ့ဖြိုးဉာဏ်ရည်တိုး” ခေါင်းစဉ်များဖြင့် ကျောင်းကျန်းမာရေး ပညာပေးဟောပြောခြင်းနှင့် ကျောင်းသား ကျောင်းသူများအား ကျန်းမာရေး စစ်ဆေးခြင်းများဆောင်ရွက်ပေးပြီး ကျောင်းသား ကျောင်းသူများအတွက် သန်ချဆေးနှင့် အားဆေးများကိုပေးအပ်ခဲ့သည်။

ယင်းအပြင် တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူများသည် နိုဝင်ဘာ ၃၀ ရက် ည ၇ နာရီ ၃၃ မိနစ်တွင် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ပေါ်၌ ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ပန်းမော်ရွာနေ ဦးမင်းခန့်ကြူ၏ ဇနီးဒေါ်ပိုးနှင်းငြိမ်း၏ ပထမဆုံးကိုယ်ဝန်အဖြစ် သမီးမိန်းကလေး ၆ ပေါင် ၁၃ အောင်စအား အောင်မြင်စွာ ခွဲစိတ်မွေးဖွားပေးခဲ့ပြီး မိခင်နှင့်ကလေးနှစ်ဦးလုံး ကျန်းမာရေးကောင်းမွန်လျက်ရှိ ကြောင်းနှင့် ၎င်းကလေးငယ်အား တာဝန်ရှိသူများက ချီးမြှင့်ငွေနှင့် ကလေး အသုံးအဆောင်ပစ္စည်း များ ပေးအပ်ခဲ့ကြသည်။ အဆိုပါ ကလေးငယ်သည် ယခုခရီးစဉ်တွင် ငါးဦးမြောက် မွေးဖွားသည့် ကလေးငယ်ဖြစ်ကြောင်း သိရှိရ သည်။

အဆိုပါ တပ်မတော်နယ်လှည့် အထူးကုဆေးကုအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်း မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်)ဖြင့် ရောက်ရှိနေခြင်းဖြစ်သည်။

ထိုသို့ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-

၁။ မြို့နယ်အုပ်ချုပ်ရေးမှူးတွေက ကျွန်တော့်အစ်ကိုတွေကိုပြောတာ ဒီသင်္ဘောလာဖို့ ရှိတယ်မွေးမလားပေါ့။ သွားပြီး စစ်ဆေးကြည့်လည်းရတယ်ပေါ့၊ အဲဒါနဲ့လာဖြစ်သွားတာ။ ခံစားရတာတော့ ရင်တွေလည်းတအားတုန်တယ်၊ ခုလိုလာပြီးတော့ ကလေးရော၊ မိခင်ရော၊ ကျန်းမာတဲ့အတွက် အဆင်ပြေအောင်လုပ်ပေးတဲ့အတွက် အကုန်လုံး ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ သွားရေးလာရေး စားဖို့သောက်ဖို့အကုန်လုံး အိပ်ဖို့ကအစ အကုန်လုံးလုပ်ပေးတယ်။ ဆေးရုံကနေပြီးတော့ ကမ်းနားလှေမကူးခင် ကားနဲ့ခေါ်ပေးတယ်။ အဲကနေစက်လှေနဲ့ ဒီသင်္ဘောဆီကို အဆင်ပြေအောင်လို့ ခေါ်ပေးတယ်ပေါ့။ ဆရာဝန်နဲ့တွေ့တော့ ဆရာဝန်က မိခင်ကိုတော့စစ်တာပေါ့၊ သူ့အခြေအနေကြည့်ပြီးတော့ အာထရာဆောင်းသွားရိုက်ခိုင်းတယ်။ သွေးစစ်ဘာညာလုပ်ပြီးတော့ ခွဲမှာလားမေးတယ်။ ခွဲမယ်ဆိုတော့ ဒီကိုတစ်ခါတည်း ဆက်လာတာ။ မိခင်ရော၊ ကလေးရော ကလေးလည်း အပြင်ရောက် လာပြီဆိုတော့ ဆရာဝန်ကြီးတွေရော အကုန်လုံးကို ကျေးဇူးတင်ပါတယ်။ ကိုယ့်ကလေးမြင်ရတော့လည်း ပျော်လည်းပျော်တယ်၊ ပီတိလည်းဖြစ်တာပေါ့။

၂။ ဒီနေ့ဟောပြောပွဲက ကျွန်တော်တို့အတွက် အကျိုးကျေးဇူးအများကြီးရပါတယ်။ ကျောင်းသားတစ်ဦးတော်ဖို့ဆိုရင် ကျွန်တော်တို့ကျန်းမာဖို့အရေးကြီးတယ်။ ပြီးတော့ အာဟာရပြည့်အောင်စားရမယ်။ ကိုယ်လက်လှုပ်ရှားလုပ်ရမယ်၊ အများကြီးရပါတယ်။ အခုလိုမျိုး ကျွန်တော်တို့ ဒီငရုတ်ကောင်းဒေသကိုလာပြီးတော့ အခမဲ့ဆေးကုသပေးတာ ကျွန်တော်တို့တွေအများကြီး ကျေးဇူးတင်ပါတယ်။ နောက်နောင်ကိုလည်း လာပေးစေချင်ပါတယ်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။