တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)မှ နယ်လှည့်ဆေးကုသရေးအဖွဲ့ ဝါးခယ်မမြို့နယ် မရမ်းချောင်ကျေးရွာ၌အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)မှ နယ်လှည့်ဆေးကုသရေးအဖွဲ့ ဝါးခယ်မမြို့နယ် မရမ်းချောင်ကျေးရွာ၌အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်


Ministry of Information/ Naypyitaw / November 23, 2025
image_latest


နေပြည်တော် နိုဝင်ဘာ၂၂

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့ဖြင့် ရောက်ရှိနေသည့် တပ်မ‌တော်မှပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကု ဆေးအဖွဲ့သည်ယနေ့တွင် ဝါးခယ်မမြို့နယ် ညောင်ငူအုပ်စု မရမ်းချောင်ကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌အခြေပြု၍ အဆိုပါကျေးရွာနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၅၁၂ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂၅၀၊ ခွဲစိတ်ရောဂါ ၂၃ ဦး၊ သားဖွား/မီးယပ်ရောဂါ ၂၈ ဦး၊ ကလေး ရောဂါ ၄၁ ဦး၊ အရိုးရောဂါ ၂၉ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၄၀၊ မျက်စိရောဂါ ၆၃ ဦးနှင့် သွားနှင့် ခံတွင်းရောဂါ ၃၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၎င်းတို့အနက် အထွေထွေခွဲစိတ်လူနာခြောက်ဦး၊ မျက်စိခွဲစိတ်လူနာ နှစ် ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၉ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၄၃ ဦး၊ ECG စက် ဖြင့် နှလုံးစမ်းသပ်လူနာငါးဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၃၉ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုလိုပဲ ကြားသိခဲ့ရပါတယ်-

၁။ လာပြတာကတော့ မျက်စိအရင်လာပြတာပါ။ မျက်စိပြပြီးတော့မှ အရိုး/အကြောကိုပါ ပြဖြစ်လိုက်တယ်။ ကုသရတာအားလုံးလည်း အဆင်ပြေပါတယ်။ အိမ်နဲ့ လည်းနီးတော့ လာပြရတာပို အဆင်ပြေပါတယ်။ မျက်စိဝေဒနာကတော့ နှစ်လလောက်ရှိသွားပြီ။ အကြောရောဂါ ဖြစ်တာကတော့ တစ်လလောက်ပဲ ရှိသေးတယ်။ ခေါင်းအလွန်ကိုက်တယ်။ ဘယ်လိုမှ နေလို့မရဘူး။ တစ်လလောက်ရှိပြီ ခေါင်းကိုက်တာ။ အိပ်ရာထဲမှာ လှဲနေရတာ။ အဲဒါကြောင့် ကြုံတာနဲ့ လာပြတာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။ အခုလိုစီစဉ်ပေးတဲ့ နိုင်ငံတော်အကြီး အကဲနဲ့တာဝန်ရှိသူတွေနဲ့ ဆေးကုသပေးတဲ့သူတွေ အားလုံးကို ကျေးဇူးလည်းတင်ပါတယ်။ ဝမ်းလည်းသာပါတယ်။

၂။ မျက်စိကို ဝါးကိုင်းရိုက်တာ သုံးနှစ်ရှိပြီ။ တပ်မတော်က ဆရာဝန်တွေနဲ့ ဆေးကုသတာ အဆင်ပြေတယ်။ အရင်တစ်ခါ အခုလိုဆေးလာကုတာ မသိလိုက်ဘူး။ ဒီတစ်ခါတော့ သိတာနဲ့ ချက်ချင်း လာကုလိုက်တယ်။ အခုလို ဆေးလာရောက်ကုပေးတဲ့အတွက် ဆရာဝန်တွေ၊ ပါရဂူတွေ၊ ဆရာမတွေ အားလုံးလည်း ကျန်းကျန်းမာမာနဲ့ ချမ်းချမ်းသာသာ နဲ့ရှိကြပါစေ။ မိသားစုစိတ်ဓာတ် ရှိကြတဲ့အတွက် အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ စီစဉ်ပေးတဲ့လူကြီးတွေကိုလည်း ကျေးဇူးတင်ပါတယ်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် ၊ နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့။


Posted on Nov 23, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် ၊ နိုဝင်ဘာ ၂၂ ရက်၊ စနေနေ့။


Posted on Nov 22, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။


Posted on Nov 21, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။


Posted on Nov 20, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Nov 19, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။


Posted on Nov 18, 2025
AnnouncementsExplore more >

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ်...

Posted on Nov 21, 2025

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့်နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း

HOT NEWS
January 4,