တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)မှ နယ်လှည့်ဆေးကုသရေးအဖွဲ့ လပွတ္တာမြို့နယ် ဘီတွတ်ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)မှ နယ်လှည့်ဆေးကုသရေးအဖွဲ့ လပွတ္တာမြို့နယ် ဘီတွတ်ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်


Ministry of Information/ Naypyitaw / December 02, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၁

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)၊ မြစ်ရေယာဉ်(စကု)တို့နှင့်အတူလိုက်ပါလာသည့် တပ်မ‌တော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် ဘီတွတ်ကျေးရွာသို့ရောက်ရှိရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် တပ်မတော် နယ်လှည့်အထူးကုဆေးအဖွဲ့များသည် လပွတ္တာမြို့နယ် ဘီတွတ်ကျေးရွာရှိ သာသနာ့ဇေယျုံ ကျောင်းတိုက်၌အခြေပြု၍ ၎င်းကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၅၁၄ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာ ဆေးကုသမှုဆိုင်ရာရောဂါ ၁၈၈ ဦး၊ ခွဲစိတ်ရောဂါ ၃၉ ဦး၊ သားဖွား/မီးယပ်ရောဂါ ၃၁ ဦး၊ ကလေးရောဂါ ၃၈ ဦး၊ အရိုးရောဂါ ၉၈ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၃၄ ဦး၊ မျက်စိရောဂါ ၅၄ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၃၂ ဦး စုစုပေါင်းဒေသခံပြည်သူ ၅၁၄ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ၎င်းတို့အနက် အထွေထွေခွဲစိတ်လူနာ ငါးဦး၊ သွားနုတ်/သွားဖာ ၁၄ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၈ ဦး၊ အာထရာဆောင်းစက်ဖြင့် စမ်းသပ်စစ်ဆေးလူနာ ၃၅ ဦး၊ ECG စက် ဖြင့် နှလုံးစမ်းသပ်လူနာ ၁၃ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၄၉ ဦး တို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခုကဲ့သို့ ကြားသိရပါသည်-

၁။ အရိုးအကြော မကောင်းလို့လာပြတာပါ။ ကြာပြီနှစ်(၂၀)ကျော်ပြီ။ အဲဒီလိုပဲ ကောင်းလိုက်မကောင်းလိုက်နဲ့ပေါ့၊ အခုမျက်စိလည်းပြဖို့လာတာ။ မျက်စိတော့မပြရသေးဘူး။ အရိုးအကြောတော့ပြပြီးသွားပြီ။ အရိုးတွေကကိုက်တာပေါ့။ ထလို့ထိုင်လို့မကောင်းဘူး။ မကောင်းတဲ့ကြားထဲက အဲလို ကိုယ့်အိမ်မှာကိုယ်အလုပ်လုပ်နေတာပဲပေါ့။ ဆေး သောက်လိုက်၊ ဆေးထိုးလိုက် အဲလိုပဲနေရတာပဲ။ အခုလိုပဲ လူတွေအများကြီး လာလာပြကြပါတယ်။ ရွှေပုဇွန်သင်္ဘောကြီးလာပြီဆို အစောကြီးတည်းက သတင်းကြည့်ထားတာ။ ဘယ်တော့လာမလဲဆိုတာ သိကြတာပေါ့နော်။ အခြားတစ်ပါးမသွားနိုင်တဲ့ သူတွေဒီမှာကုရတာလေ၊ တချို့တွေဆို လပွတ္တာတောင် သွားမကုနိုင်တဲ့သူတွေအများကြီး ရှိသေး တယ်။ ဝမ်းသာတာပေါ့။ ကိုယ့်ရွာမှာ ဒီလိုလာပြီးတော့ ဆေးကုသပေးတာ အခမဲ့လာကုသပေးတော့ ဝမ်းသာတာပေါ့။

၂။ ဒူးနာလို့ လာပြတာပါ။ ဒူးနာတာတော့ လေးငါးခြောက်လလောက်ရှိပါပြီ ဒီဒူးနာတဲ့ ဝေဒနာကထော့နဲ့ထော့နဲ့ သွားနေရတာ ဘယ်လိုမှ အဆင်မပြေဘူးလေ။ အခုလိုမျိုး ဆေးထိုးပေးတယ်ဆို ကောင်းသွားတယ်ဆိုရင် ကျွန်မတို့လောက်ပျော်တဲ့သူ ရှိတောင်မရှိဘူး။ ကိုယ့်ရွာကိုယ့်နယ်ကလူတွေ ဒီလိုမျိုးကုသနိုင်ဖို့ဆိုတာ မလွယ်ဘူးလေ။ အကုန်လုံး အတွက်လည်း ကျေးဇူးတင်ပါတယ်။ ဝမ်းလည်းဝမ်းသာပါတယ်။ ဒီအဖွဲ့ကိုလည်း ကြိုဆိုပါတယ်။ ပျော်လည်း ပျော်ပါတယ်။ ကျေးဇူးလည်းအများကြီးတင်ပါတယ်။ ဘယ်တော့မှလည်း မမေ့ပါဘူး။ စိတ်ထဲမှာလဲ အမြဲတမ်းမှတ်ထားပါတယ်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။